Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၁၈-၈-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ထီးချိုင့်မြို့နယ်၊ ပြင်တဲကြိုးဝိုင်း(၆၉)အတွင်း တရားမဝင် ကျွန်းသစ်/ လုံးပတ်၃ပေအောက် ကျွန်းသစ် (၂၆)လုံး (၅)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၇-၈-၂၀၂၀ ရက်နေ့တွင် တိုက်ရေယာဉ်(၁၁၄)မှ ဗိုလ်ကြီးဇင်ဘိုဘိုထွန်း ဦးစီးသော တပ်မတော်သားအဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကတန်ကျွန်းအနောက်တောင်ဘက်ကမ်းခြေနေရာ၌ စက်လှေ(၂)စီးပေါ်မှ တရားမဝင်ကဒွတ်/တောင်လန်းဖဲခွဲသား (၁၇၄)ချောင်း (၁၅)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကျွန်းစုမြို့နယ်၊ သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံလာ၍ တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၇-၈-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင် သော သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပုသိမ် မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဦးမောင်ဟန် သစ်စက်ဝန်းအတွင်းမှ တရားမဝင် ဘောင်ဆန့်ခွဲသား (၄၇၁)ချောင်း (၇)တန်၊ သစ်စက်အင်ဂျင် (၂)လုံး၊ လွှဝိုင်း(၂)ဝိုင်းနှင့်ဆက်စပ်ပစ္စည်းများနှင့်အတူ တရားခံ (၁)ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာ ရဲစခန်း တွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၁၇-၈-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တမူးမြို့နယ်၊ ကန်နန်ရွာအရှေ့ဘက်(၁)မိုင်ခန့်အကွာ ကျေးရွာချင်းဆက်လမ်းပေါ်တွင် မော်တော်ယာဉ်အမှတ်မပါ ထော်လာဂျီ(၆)ဘီး(အပြာရောင်)ယာဉ်ပေါ်မှ တရားမဝင်ကညင်ခွဲသား (၂၃)ချောင်း (၄)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၆-၈-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောတရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေး အဖွဲ့သည် ကလေးဝမြို့နယ်၊ ကျွဲခြံရွာအနောက်တောင်ဘက်နေရာ၌ တရားမဝင်အင်ခွဲသား (၁၄၁)ချောင်း (၉)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၂၈.၂၃၂၂)တန်၊ သစ်မာ (၈၄.၇၇၅၂)တန်၊ အခြား (၁၅၁.၁၉၃၂)တန်၊ စုစုပေါင်း(၃၆၄.၂၀၀၃)တန်၊ တရားခံ(၃၈)ဦး၊ယာဉ်/ယန္တရား(၂၇)စီး ဖမ်းဆီး ရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၄-၈-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအကွက်(၅၄၊ ၆၀၊ ၆၁၊ ၆၄၊ ၉၂)၊ ဖြူးကွန်း ကြိုးဝိုင်းအကွက်(၄၈) အတွင်းတို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး သစ်လုံး/ခွဲခြမ်း/ခွဲသား (၂၈၂)လုံး/ခြမ်း/ချောင်း (၃၄.၈၀၅၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

၁၇-၈-၂၀၂၀ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံ ရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစီအစဉ်အရ ဦးစိန်မိုး(လက်ထောက်ညွှန်ကြားရေးမှူး)၊ တိုးချဲ့ပညာပေးရေးဌာနက အင်ဒိုနီးရှားနိုင်ငံတွင် POA for ASEAN Cooperation in Forestry and ASFCC Knowledge Sharing and Closing Event တက်ရောက်ခဲ့သည့် ဗဟုသုတများကို ရှင်းလင်းဆွေး နွေးခြင်း၊ ဒေါက်တာအောင်မြတ်စံ (လက်ထောက်ညွှန်ကြားရေးမှူး)၊ စီမံကိန်းနှင့် စာရင်းအင်းဌာနက ဂျာမနီနိင်ငံတွင် ပါရဂူဘွဲ့ သင်တန်းတက်ရောက်ခဲ့သည့် ဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်း နှင့် ဒေါ်စုမွန်မြင့် (တောအုပ်ကြီး) ၊ သဘာဝဝန်းကျင်နှင့် သားငှက် တိရစ္ဆာန်ထိန်းသိမ်းရေးဌာနက ဂျာမနီနိုင်ငံတွင် မဟာသိပ္ပံဘွဲ့သင်တန်း တက်ရောက်ခဲ့သည့် အတွေ့အကြုံ ဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းနှင့်တို့ကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူ များမှအပြန် အလှန် ဆွေးနွေး ခဲ့ကြပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၀-၈-၂၀၂၀)ရက်နေ့မှ (၁၆-၈-၂၀၂၀) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၄၉.၇၅၂၀)တန်ဖမ်းဆီးရမိခဲ့ပါသည်။

Pages