၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၁၂-၅-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ လက်ပံတန်းမြို့နယ်၊ သစ်တောဦးစီး ဌာနမှ ဦးစီးအရာရှီနှင့် သစ်တောဝန်ထမ်းများ၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်း ရေးဌာနမှ သစ်တောဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းဆောင်ရွက်လျက်ရှိရာ လက်ပံတန်းမြို့နယ်၊ ကဒင်ဘီးလင်းကြိုးဝိုင်းအကွက် အမှတ်(၆၉၊ ၇၁၊ ၇၆)အတွင်း တရားမဝင်ကျွန်းသစ် (၄၇)လုံး (၁၂.၂၆၈၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီး ရမိတရားမဝင်သစ်များအား ဘန့်ဘွေးကုန်းစခန်းသို့ သယ်ယူသိမ်းဆည်းပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၁၁-၅-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်မြို့နယ်၊ ဓားသွေးကျောက်ကျေးရွာအနီးတွင် မော်တော်ယာဉ်အမှတ်မပါ မှန်ထောင်အမျိုးအစား(၆)ဘီးယာဉ်ပေါ်မှ တရားမဝင်တောင်သရက်ခွဲသား (၄၀)ချောင်း (၈.၉၆၆၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး တရားမဝင်သစ်နှင့် ယာဉ်အား ရွာဟောင်းကြီးဘိနယ်သစ်တောစခန်းတွင် သိမ်းဆည်းထား ရှိပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ၂၀၂၀ ပြည့်နှစ်၊ မဟာသင်္ကြန်ကာလ ရုံးပိတ်ရက်(၁၀-၄-၂၀၂၀ ရက်နေ့မှ ၁၉-၄-၂၀၂၀ ရက်နေ့အတွင်း ) ဖမ်းဆီးရမိခဲ့သည့် ကျွန်း (၃၄၅.၅၈၇၅)တန်၊ သစ်မာ (၂၁၇.၁၀၀၆)တန်၊ အခြား (၇၂၄.၅၀၇၈)တန်၊ စုစုပေါင်း(၁၂၈၇.၁၉၅၉)တန်၊ တရားခံ(၉၆)ဦး၊ယာဉ်/ယန္တရား(၇၃)စီး ချိန်းဆော(၁၁)လက်ဖမ်းဆီးရမိခဲ့ပါသည်-

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း (၄၆.၆၆၆၁)တန်၊ သစ်မာ (၉၃.၁၂၂၉)တန်၊ အခြား (၂၅၉.၉၆၁၀)တန်၊ စုစုပေါင်း(၃၉၉.၇၅၀၀)တန်၊ တရားခံ(၄၅)ဦး၊ယာဉ်/ယန္တရား(၄၃)စီး ဖမ်းဆီး ရမိခဲ့ပါသည်-
ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၇-၅-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ဘောမိဘိနယ်၊ အိုးလှုပ်ချောင်းဘေးနေရာမှ တရားမဝင် တောင်သရက်ခွဲသား (၁၅၈)ချောင်း(၃၃.၁၆၀၈)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

တနင်္သာရီတိုင်းဒေသကြီး မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ အပူပိုင်းမုတ်သုန် သစ်တောဂေဟစနစ် များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရန်အတွက် တနင်္သာရီသဘာဝကြိုးဝိုင်းကို ၂၀၀၅ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (ယခင်သစ်တော ရေးရာဝန်ကြီးဌာန)က အမိန့်ကြော်ငြာစာအမှတ် ၁၈/၀၅ ထုတ်ပြန်၍ သတ်မှတ်ဖွဲ့စည်းခဲ့ပါသည်။ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းသည် မုတ္တမဓါတ်ငွေ့ ပို့ဆောင်ရေးကုမ္ပဏီ (Mottama Gas Transportation Company- MGTC)၊ တနင်္သာရီပိုက်လိုင်း ကုမ္ပဏီ (Taninthayi Pipeline Company-TPC)နှင့် အက်ဒမန်ပို့ဆောင်ရေးလီမိတက် (Andaman Transportation Limited-ATL)တို့မှ တစ်နှစ် လျှင် အမေရိကန်ဒေါ်လာ ၄၅၀,၀၀၀ (လေးသိန်းခွဲ)နှင့် စီမံကိန်းကာလတစ်ခု (၄နှစ်)အတွက် အမေ ရိကန်ဒေါ်လာ (၁.၈ သန်း)နှင့် နိုင်ငံတော်မှထည့်ဝင်ငွေ(In Kind) ကျပ် (၁၅၄)သန်းဖြင့် သစ်တောဦးစီး ဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နှစ်ရှည် စီမံကိန်း တစ်ခုဖြစ်ပါသည်။

သစ်တောဦးစီးဌာနနှင့် နော်ဝေပတ်ဝန်းကျင်ရေးရာအေဂျင်စီ (Norwegian Environmental Agency- NEA) တို့ ပူးပေါင်းဆောင်ရွက်သည့် “ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်းနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်မှု အဆင့်မြှင့်တင်ခြင်း စီမံကိန်း” မှ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် (၂၀၁၉-၂၀၂၀ မှ ၂၀၂၄-၂၀၂၅ ထိ) ကို ရေးဆွဲခဲ့ပြီး၊ အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်အား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါအုပ်ချုပ်လုပ်ကိုင်မှုစီမံချက်ပါ လုပ်ငန်းစဉ်တစ်ခု ဖြစ်သော “ရေဝပ်ဒေသများအား အကျိုးရှိစွာအသုံးချခြင်း သရုပ်ပြလုပ်ငန်း (Demonstration of Wise-Use Activities)” များကို စီမံကိန်း၏ ရံပုံငွေ အထောက်အပံ့ဖြင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ မှ စတင် ၍ ဆောင်ရွက်ခဲ့ပါသည်။

၇-၅-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အမှတ်(၃)လမ်းဆုံ၊ အမြန်လမ်းရဲစခန်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လှည်းကူးမြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင် (၁၉/၀)အနီး၊ ယာဉ်အမှတ် YGN 2D/5892 ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၃၁)ချောင်း (၁.၅၄၉၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၆-၅-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောငူခရိုင်၊ တောင်ငူမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ်၊ ချောင်းမငယ် ချောင်းဘေး၊ ဥသျှစ်ခုံအနီးတွင် တရားမဝင် ပျဉ်းကတိုး ခွဲသား (၂၉၈၉)ချောင်း (၇.၆၅၂၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages