၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၁၉-၄-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းလှိုင် ဦးဆောင်သည့် သစ်တောဝန်ထမ်းများအဖွဲ့သည် ကျွန်းလှမြို့နယ်၊ နောင်ကောက် ကျေးရွာ၏အနောက်မြောက်ဘက် (၂)မိုင်ခန့်အကွာနေရာမှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ သစ်ယာခွဲသား (၆၅၉)ချောင်း (၁၀.၁၆၄၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၉-၄-၂၀၂၀ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ စရဖ (ရေ)မှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း ကျွန်းစုမြို့နယ်၊ တောကာကျေးရွာ၊ ရေချောင်းနေရာမှ တရားမဝင် ကဒွတ်/တောဒူးရင်း ခွဲသား (၁၆၂)ချောင်း (၃.၆၉၉၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၁၈-၄-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း အင်းတော် မြို့နယ်၊ မံမော်ကြိုးဝိုင်း(၈၉)နေရာမှ တရားမဝင် ကျွန်းသစ် (၂၆)လုံး (၉.၉၀၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၈-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း လက်ပံတန်း မြို့နယ်၊ ကဒင်ဘီးလင်းကြိုးဝိုင်းအကွက်အမှတ်(၆၈)နေရာမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/နဘဲ/ချဉ်ယုတ်/ ရုံး/လုံးပတ်၃ပေအောက်ကျွန်းသစ် (၃၀)လုံး (၅.၆၀၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

(၁၈.၄.၂၀၂၀)ရက်နေ့တွင် နယ်မြေလုံခြုံရေးတပ်စု(၁)မှ ခွဲတကက သိန်းမင်းဇော် ဦးစီး(၁)စိတ်အဖွဲ့မှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ် ခေါတောကျေးရွာ၏ အရှေ့ဘက်(၄)မိုင်ခန့် အကွာ နေရာတွင် ယာဉ်အမှတ်မပါ အယ်ဇူး (အစိမ်းရောင်)ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား (၅၈၃)တုံး၊(၆.၆၇၆၈)တန်နှင့် ယာဉ်အမှတ်မပါ ၊ယမ်းဖောင်(အစိမ်းရောင်) ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၅၆)တုံး၊ (၁.၀၁၉၂)တန် စုစုပေါင်း ကျွန်းခွဲသား (၆၃၉)တုံး၊(၇.၆၉၆)တန်၊ တရားခံ(၃)ဦး၊ ယာဉ်(၂)စီးတို့ ဖမ်းဆီးရမိခဲ့ပြီး (၁၉.၄.၂၀၂၀)ရက်နေ့ (၁၅း၁၅)နာရီတွင် မဘိမ်းမြို့နယ်၊ သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံလာပါသဖြင့် တရားခံ(၃)ဦးနှင့် ယာဉ်(၂)စီးအား သက်ဆိုင်ရာရဲစခန်းတွင် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး အမှုဖွင့်လှစ် ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၈-၄-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကင်းမြို့နယ်၊ ဘင်ကျေးရွာ၏အရှေ့ဘက်(၁)မိုင်ခန့်အကွာ၊ ဘင်ကျွန်းချင်းတွင်းမြစ်အတွင်း တရားမဝင် ကျွန်း/အင်/ကညင်/သစ်(၅၀)လုံး (၄၀.၉၁၀၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

(၁၈-၄-၂၀၂၀) ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည်မဟာသင်္ကြန်ကာလအတွင်းတရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရေးမြို့နယ်၊ ချောင်းတောင်ကလော့ကျေးရွာလမ်းဘေးတွင် တရားမဝင်သစ်တိုခွဲသား (၂၅)ချောင်း (၀.၉၉၇၂)တန်၊ မရမ်းခွဲသား (၁၄) ချောင်း (၀.၁၁၀၂) တန်၊ သစ်တိုသစ်လုံး (၂) လုံး (၀.၉၆၀၀) တန်၊ စုစုပေါင်း (၂.၀၆၇၄) တန်၊ လက်ကိုင်စက်လွှ (၃)လက် တို့အား တရားခံ (၄) ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။ တရားခံများအား သစ်တောဥပဒေအရ ထိရောက်စွာအရေးယူသွားမည်ဖြစ်ပါသည်။

၁၈-၄-၂၀၂၀ ရက်နေ့ (၁၁:၃၀) နာရီခန့်တွင်ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်သစ်တောဥဦးစီးဌာနမှသစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စရဖ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မဟာသင်္ကြန်ကာလအတွင်းတရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက် အ ကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ဒီမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအရှေ့တောင်ဖက် (၂) မိုင်ခန့်အကွာနေရာတွင် တရားမဝင်ကျွန်းသစ် (၂၄) လုံး(၂.၈၀၈) တန် (၃)ပေအောက်ကျွန်းသစ် (၂၅) လုံး (၁.၈၀၆) တန်၊ ပျဥ်းကတိုးသစ် (၂)လုံး(၀.၂၁၄) တန်(၃)ပေ အောက်ပျဥ်းကတိုးသစ် (၅) လုံး(၀.၃၀၈)တန် အင်သစ်(၃) လုံး(၀.၆၁၆)တန် (၃)ပေအောက်အင်သစ် (၁၄) လုံး(၁.၅၂၈)တန် စုစုပေါင်း (၇.၂၈၀)တန်အားဖမ်းဆီး ဖမ်းဆီးရမိခဲ့ပြီးဖမ်းဆီးရမိသစ်များအားဒီမော့ဆိုမြို့နယ်သစ်တောဦးစီးဌာနမှူးရုံးသို့သယ်ယူပြီးဖြစ်ပါကြောင်းနှင့်သစ်ပိုင်ရှင်အားစုံစမ်းဖော်ထုတ်အရေးယူသွားမည်ဖြစ်ပါသည်။

Pages