၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၁၃-၄-၂၀၂၀)ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာသင်္ကြန်ကာလတရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရမည်းသင်းမြို့နယ်၊ ကင်းကျေးရွာ၏အနောက်မြောက်ဘက်နေရာ၌တရာမဝင်သစ်ယားသစ်(၅)လုံး (၁.၁၁၄)တန် သစ်ယားခွဲခြမ်း(၇)ခြမ်း(၁.၅၅၀)တန်သစ်ယားခွဲသား (၁၀၈)ချောင်း(၁.၉၃၄၀)တန် စုစုပေါင်း(၁၂၀) လုံး/ခြမ်း/ချောင်း(၄.၅၉၈၀)တန်ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်၍ (၁၁:၀၀) နာရီတွင်ကင်းကျေးရွာ၏အနောက်မြောက်ဘက်နေရာ၌တရားမဝင်သစ်ယားသစ် (၁၅)လုံး (၆.၀၆၄)တန် သစ်ယားခွဲခြမ်း(၇)ခြမ်း(၃.၈၈၆)တန် စုစုပေါင်း (၂၂)လုံး/ခြမ်း(၉.၉၅၀)တန်ဖမ်းဆီးရမိခဲ့ပြီးဆက်စပ်ပတ်သက်သောတရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

(၁၃-၄-၂၀၂၀) ရက်နေ့ (၁၁:၀၅)နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည်
မဟာသင်္ကြန်ကာလတရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တန့်ဆည်မြို့နယ်၊
ပေါင်ကတောင်ကြိုးဝိုင်းအကွက်အမှတ်(၂၉)အတွင်း တရားမဝင်သစ်စက်( ၁)လုံးနှင့်အတူ အင်သစ်ခွဲသား (၄၄)ချောင်း (၀.၂၈၀၀)တန်၊ သစ်စက်ဆက်စပ်ပစ္စည်းများ၊ဆက်လက်၍ (၁၄:၃၀)နာရီအချိန်တွင် ဆက်စပ်ဧရိယာအနီးဝန်းကျင်နေရာများအား ရှင်းလင်းဆောင်ရွက်ရာသစ်စက်(၁ )လုံးနှင့်အတူ အင်သစ်ခွဲသား(၅၄)ချောင်း (၀.၃၅၈၈)တန်၊သစ်စက် ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မတွေ့ရှိရဘဲ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိပစ္စည်းများအား နဘက်ကြီးဘိနယ်စခန်းသို့သယ်ယူသိမ်းဆည်းခဲ့ပြီး ဆက်စပ်ပတ်သက်သောတရားခံများအားစုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

(၁၂-၄-၂၀၂၀)ရက်နေ့ (၁၃:၃၀) နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ သစ်တောဦးဌာနမှ သစ်တောဝန်ထမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာသင်္ကြန်ကာလတရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လွှစာမှုန့်အိပ်နှင့် ပြောင်းဖူးစေ့အိပ်တို့ဖြင့် ဖုံးအုပ်သယ်ဆောင်လာသော ရွှေရည်ဝင်း (သံခွံ)စက်တပ်ရေယာဥ်အား စဥ့်ကူးမြို့နယ်၊ သစ်တောဦးစီးဌာနရုံးဆိပ်ကမ်းတွင် စစ်ဆေးရာ တရားမဝင်ကျွန်းခွဲသား (၅၃၄)ချောင်း (၀.၉၀၃၆)တန်နှင့် အင်ခွဲသား ( ၅၂)ချောင်း (၂.၇၆၂၂)တန် စုစုပေါင်း ကျွန်း/အင်ခွဲသား (၅၈၆)ချောင်း (၃.၆၆၅၈)တန် တို့အား တရားခံ (၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည် စက်လှေပိုင်ရှင်နှင့် တရားမဝင်သစ်ပိုင်ရှင် ဖြစ်သည့် တရားခံအား သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ပြီး၊ ဖမ်းဆီးပစ္စည်းများအား မြို့မပျိုးဥယျာဥ်တွင် သယ်ယူသိမ်းဆည်းထားပြီးဖြစ်ပါသည်။

(၁၂-၄- ၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာသင်္ကြန်ကာလတရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကလေးဝမြို့နယ်၊ မထုကြိုးဝိုင်းအတွင်း တရားမဝင်ကျွန်းခွဲသား (၅၄)ချောင်း (၁.၁၁၄၈)တန်၊ တရုတ်နိုင်ငံထုတ် CRAFTOPအမျိုးအစား အပြာရောင်ချိန်းဆောတစ်လုံးနှင့် STIHL -070 အမျိုးအစား လိမ္မော်ရောင်ချိန်းဆောတစ်လုံးတို့အား ဖမ်းဆီးရမိခဲ့ပြီး တရားမဝင်ကျွန်းခွဲသားများအား ပလူဇဝကျေးရွာတာဝန်ခံထံတွင်အပ်နှံသိမ်းဆည်းပြီးဖြစ်ပါကြောင်းနှင့် ချိန်းဆော ၂ လုံးအား ကလေးဝမြို့နယ်သစ်တောရုံးသို့ သယ်ယူသိမ်းဆည်းပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့် အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၂-၄-၂၀၂၀ ရက်နေ့တွင် ကသာခရိုင်လက်ထောာက် ညွန်ကြားရေးမှူးဦးဆောင်သော ခရိုင်နှင့် မြို့နယ်မှ သစ်တောဝန်ထမ်းများ၊ သစ်တောရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ အင်းတော်မြို့အတွင်း တရားမဝင်သစ် ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း လုပ်ငန်းများဆောင်ရွက်စဉ် ဂဟဲကြိုးဝိုင်းအကွက်အမှတ် (၃၇)အတွင်းမှကျွန်းသစ်/၃ပေ အောက် ကျွန်းသစ်/ကျွန်းခွဲသား(၂၆၄)လုံး/ချောင်း (၁၂.၉၀၂၈) တန်၊ သစ်စက်အင်ဂျင်(၁)လုံးနှင့်ဆက်စပ်ပစ္စည်းများအားဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

၁၁-၄-၂၀၂၀ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာသင်္ကြန်ကာလတရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ လယ်ဝေးမြို့နယ်၊ အောင်မင်းရွာမြောက်ဘက်နေရာ၌ တရားမဝင်သံသေခွဲသား (၁၃၄၁)ချောင်း (၁၀.၉၅၄၆)တန်အားဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သောတရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၁-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေး ဌာနမှ သစ်တောဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာသင်္ကြန်ကာလတရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ လက်ပံတန်းမြို့နယ်၊ မြောက်ဇာမရီကြိုးဝိုင်းအကွက်အမှတ်(၇၅)အတွင်း တရားမဝင်ကျွန်းသစ်(၁၉)လုံး (၅.၈၃၀၀)တန်အားဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သောတရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၁-၄-၂၀၂၀ ရက်နေ့ မင်းဘူးခရိုင် လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်မှုဖြင့် သစ်တောဝန်ထမ်း ၄ ဦး၊ သစ်တောရဲ ၃ဦး၊ ရပ်မိရပ်ဖ ၂ဦး ပါဝင်သော ပူးပေါင်းအဖွဲ့သည် အနောက်စလင်းကြိုးဝိုင်း၊ အကွက်အမှတ် ၂၇ ဒေသ အခေါ် ရှောက်ချောင်းချောင် အနီးတွင် တရားမဝင် အခြားခွဲသား (၃၁၉) ချောင်းနှင့် သုံးပေအောက် အခြားသစ်လုံး (၄၀) လုံး စုစုပေါင်း (၄.၂၆၈၆)တန်နှင့်အတူ တရုတ်အင်ဂျင် 25 hp (၂) လုံးအား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားပါမည်။

Pages