Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၁၀-၈-၂၀၂၀ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံ ရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစီအစဉ်အရ ဒေါ်ဖြိုးသူဇာဝင်း (တောအုပ်ကြီး)၊ သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနက ကမ္ဘောဒီးယားနိုင်ငံတွင် 3rd Indo-Burma Ramsar Regional Initiative Steering Committee Meeting and IBRRI Annual Meeting တက်ရောက်ခဲ့သည့် ဗဟုသုတများကို ရှင်းလင်းဆွေး နွေးခြင်း၊ ဦးဇင်ဝင်းထွန်း (တောအုပ်ကြီး)၊ သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနက ဖိလစ်ပိုင်နိင်ငံတွင် ESABII Training Course on CITES သင်တန်းတက်ရောက်ခဲ့သည့် ဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်း နှင့် ဒေါ်ကြည်ဖြူအောင် (တောအုပ်ကြီး) ၊ တိုးချဲ့ပညာပေးရေးဌာနတို့က နီပေါနိုင်ငံတွင် Seminar on Community Forestry in Nepal တက်ရောက်ခဲ့သည့် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းနှင့်တို့ကိုဆောင်ရွက်ခဲ့ရာတက်ရောက်လာသူ များမှအပြန်အလှန် ဆွေးနွေး ခဲ့ကြပါသည်။

၆-၈-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောင်လံ မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာမြောက်ဘက်ဂိတ်တွင် မော်တော်ယာဉ်အမှတ် (BGO-9Q/2592) HINO DUTRO LIGHT TRUCK အစိမ်းရောင်(၆)ဘီး ယာဉ်ပေါ်မှ တရားမဝင်မီးသွေး (၂၀၅)အိတ် အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၅-၈-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၈၅/၁)၊ လမ်းညာဘက်(၂)ဖာလုံခန့်အကွာ၊ ကာလူးကုန်းရွာ၏ မြောက်ဘက်နေရာ၌ မော်တော်ယာဉ်အမှတ်(YGN 4G/4641) TOYOTA HIACE (ရွှေအိုရောင်)ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား (၈)ချောင်း (၁)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၆-၈-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ သိန္နီမြို့နယ်ခွဲ ၊ Oriental Highway Tollgate အနီးနေရာ၌ မော်တော်ယာဉ်အမှတ် (MDY 5P/9610) Hyundai Starex (အဖြူရောင်) ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ဓါးရွေ (၁၅)တုံး (၁)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၄-၈-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့သည် လက်ပံတန်း မြို့နယ်၊ မြောက်ဇာမရီကြိုးဝိုင်းအကွက်အမှတ်(၆၄၊ ၆၅၊ ၆၇)အတွင်း တရားမဝင်ကျွန်း/ပျဉ်းကတိုးခွဲသား (၁၂၄)ချောင်း (၈)တန်ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၄-၈-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ္တရာမြို့နယ်၊ မန္တလေး-မိုးကုတ်ကားလမ်း၊ မိုင်တိုင်အမှတ်(၂၆/၆)နှင့်(၂၆/၇)ကြား နေရာ၌ မော်တော်ယာဉ်အမှတ်(၉ဌ/၂၄၀၅၀) အစိမ်းရောင်(၆)ဘီး ကန့်လန့်ထော်လာဂျီ(၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား (၁၅၆)ချောင်း (၃)တန် ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၃-၈-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် မင်းကင်းမြို့နယ်၊ ရွာဘရွာအနောက်ဘက်(၂)ဖာလုံခန့်အကွာ ချင်းတွင်းမြစ်အတွင်း တရားမဝင်ကညင်သစ်(၂၀)လုံး (၁၀)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှ တွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၃-၈-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ရွှေကျင်ကျေးရွာ၏ အနောက်မြောက်ဘက်(၆)ဖာလုံခန့်အကွာ ချင်းတွင်းမြစ်အတွင်း တရားမဝင်ကျွန်းသစ်(၂၀)လုံး (၁၅)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှ တွေ့ရှိခြင်း မရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages