၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

မြန်မာနိုင်ငံအစိုးရနှင့် နော်ဝေနိုင်ငံအစိုးရတို့ အကြား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် သက်တမ်းတိုးလက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာ (MOU) တွင် ဆောင်ရွက်မည့် နော်ဝေ-မြန်မာနှစ်နိုင်ငံ ပတ်ဝန်းကျင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အစီ အစဉ်အရ “ရေသယံဇာတအရင်းအမြစ်များ ဘက်စုံစီမံအုပ်ချုပ်ခြင်း- စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် သင်တန်းပေးခြင်းစီမံကိန်း အပိုင်း(၂)” (NIVA-IWRM Phase –II) အား (၁၄-၁၂-၂၀၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်သော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၃၀/၂၀၁၉) မှ သဘောတူခွင့်ပြုချက်ဖြင့် သစ်တောဦးစီးဌာနနှင့် နော်ဝေနိုင်ငံ၊ ရေသုတေသနဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်မှာကြားချက်နှင့်အညီ အင်းလေးကန် ထိန်း သိမ်းရေးအတွက် "သဘာဝသယံဇာတများ ရေရှည်တည်တံ့စေရန် စီမံအုပ်ချုပ်နိုင်ရေး အတွက် စွမ်းဆောင်ရည် မြှင့်တင်ခြင်းစီမံကိန်း" ကို သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီတို့အကြား ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် နှစ်ဦးနှစ်ဖက် သဘောတူလက်မှတ်ရေးထိုး၍ စတင် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆွေးနွေး ညှိနှိုင်းလျက် ရှိပါသည်။၎င်းစီမံကိန်းကို အင်းလေးကန်ဒေသအတွင်း သဘာဝသယံဇာတများ ရေရှည်တည်တံ့ စေရန် စီမံအုပ်ချုပ်ရာတွင် တာဝန်ရှိသည့် အဖွဲ့အစည်းများဖြစ်သည့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့များ၊ သက်ဆိုင်ရာ အစိုးရဌာနများနှင့် ဒေသခံလူမှုအသင်းအဖွဲ့များ၏ စွမ်းဆောင် ရည်များ မြင့်မားစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

ဒိန်းမတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ် (Denmark-Myanmar Country Programme Document 2016-2020) အား နှစ်နိုင်ငံအကြား သဘောတူလက်မှတ်ရေးထိုးခြင်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးတို့မှ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့ရက်စွဲဖြင့် ဆောင်ရွက်ခဲ့ပြီး ၎င်းသဘောတူညီချက်၏လုပ်ငန်းစဉ်များအနက် ဒိန်းမတ်သံရုံး နှင့် သစ်တောဦးစီးဌာနတို့အကြား ဒီရေတောစီမံကိန်းတစ်ရပ် အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆက်လက်ဆွေးနွေးညှိနှိုင်း၍ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက် နေ့ရက်စွဲဖြင့် ဖွံ့ဖြိုးတိုးတက်မှု အကူအညီပေးရေး သဘောတူညီချက်တစ်ရပ်ကို (Development Engagement Document) လက်မှတ်ရေးထိုးခဲ့ပါသည်။

၁၁-၄-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးေဆာင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ခလရ(၈၂)မှ ဒုအရာခံဗိုလ်အပါဝင် တပ်မတော်သား (၃)ဦးတို့ပူးပေါင်းပါဝင်သောအဖွဲ့သည် နေပြည်တော်ဘက်မှ မောင်းနှင်လာသော ယာဉ်အမှတ် 6N/3719 ၊ KIA Bongo အမျိုးအစား ကားအား မသင်္ကာသဖြင့် နောက်ယောင်ခံလိုက်ရာ အမြန်လမ်း မိုင်တိုင်အမှတ် (၂/၁)တွင် လမ်းလယ်ကျွန်းမှ တစ်ဘက်ယာဉ်ကြောအတိုင်း နောက်ပြန်ရန်ဆောင်ရွက်စဉ် လမ်းလယ်ကျွန်း မြေကျွံ၍ ဆက်လက်မောင်းနှင်၍မရသဖြင့် ယာဉ်မောင်းမှ ထွက်ပြေးသွားခဲ့ပါသည်။ အဆိုပါ မော်တော်ယာဉ်အား အမြန်လမ်းရဲတပ်ဖွဲ့နှင့်အတူစစ်ဆေးရာ ကား၏ ကြမ်းခင်းနှင့် အံ့ဝှက်၊ ခေါင်းမိုးအံဝှက်များထဲမှ တရားမဝင် ပျဉ်းကတိုးလျှာထိုး (၁၉၃၅)ချောင်း (၂.၅၉)တန်အား ဖမ်းဆီးရမိခဲ့ပြီး ယာဉ်ပိုင်ရှင်နှင့် တရားမဝင်သစ်ပိုင်ရှင်တို့အား စုံစမ်းဖော်ထုတ်ပေးနိုင်ရန် အမြန်လမ်းရဲတပ်ဖွဲ့သို့ အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

၁၀-၄-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် ၊သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် သင်္ကြန်ကာလ တရားမဝင်သစ်နှင့်သစ်ေတာထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်ဖြင့် ဗန်းမော်မြို့နယ်၊ စာဝတီးကျေးရွာဆိပ်ကမ်းနေရာတွင်သဲများဖြင့်ဖုံးအုပ်ထားသောတရားမဝင်ကျွန်းခွဲသား(၆၀) ချောင်း(၂.၁၂၁၆) တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သောတရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၀-၄-၂၀၂၀ ရက် (၁၀:၁၅)နာရီ သစ်တောဦးစီးဌာန၊ မင်းဘူးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်၍ စေတုတ္တရာမြို့နယ်၊ ဦးစီးအရာရှိပါ (၈)ဦး၊ ထီးချောင်း(၂)ဘိနယ်အတွင်း တရားမဝင်သစ်ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းလုပ်ငန်းများဆောက်ရွက် တရားမဝင်ကျွန်းခွဲသား(၄၈)ချောင်း (၄.၀၅၀၄)တန်နှင့် တရားမဝင်ပိတောက်ခွဲသား(၅၈)ချောင်း(၃.၉၉၅၈)တန်၊ စုစုပေါင်း (၁၀၆)ချောင်း (၈.၀၄၆၂)တန် အား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၀-၄-၂၀၂၀ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့်အတူ တောဆင်ရိုင်းများအား သတ်ဖြတ်ခံရမှုမရှိစေရေး ကင်းလှည့်စစ်ဆေးစဉ် ပေါင်းလင်းကြိုးဝိုင်းအကွက်အမှတ်(၇၃)သရက်ခေါက်ပင်စခန်းအနီးတွင် အခြားခွဲသား(သပြေ ၊တောင်သင်္ဘော)(၈၀)ချောင်း(၃.၁၅၂၂)တန်အား ရှာဖွေဖောထုတ်ဖမ်းဆီးရမိခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ်အောက်ရှိခလရ(၈၂) မှ ဗိုလ်ကြီး ကောင်းမြတ်ဟိန်းနှင့်အတူ တရားမဝင်သစ်ဖမ်းဆီးခြင်း ဆက်လက်ဆောင်ရွက်ရာ ပေါင်းလင်းကြိုးဝိုင်းအကွက်အမှတ် (၇၈)တွင် အဆုံလေးစခန်းအနီးတွင် တရားမဝင် ပျဉ်းကတိုးခွဲသား(၁၀)ချောင်း(၀.၃၂၉၂ )တန်အားလည်းကောင်း၊ ပေါင်းလင်းကြိုးဝိုင်းအကွက်အမှတ် (၇၈)ပုတ်သင်ညို လမ်းခွဲအနီးတွင် အခြားခွဲသား ဆိုဒ်စုံအချောင်း(၁၀၀)ကျော် ခန့်မှန်းတန်(၆)တန်ခန့်အားလည်းကောင်း၊ ဖောင်ကြီးအရှေ့ ပန်းတောကုန်းကျေးရွာ အရှေ့ဘက် လယ်ကွင်းအစပ်မှ အခြားခွဲသား(၈၀)ချောင်း(၄)တန်ခန့် ဖမ်းဆီးရမိခဲ့ပါသည်။

၁၀-၄-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနနှင့် ရမည်းသင်းမြို့နယ်၊ သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရမည်း သင်းမြို့နယ်၊ ထီးလှိုင်ကျေးရွာအနီးပတ်ဝန်းကျင်နေရာများမှ တရားမဝင် စံကားဝါ/သစ်အယ်သစ်/ခွဲခြမ်း (၁၁)လုံး/ခြမ်း(၃.၇၅၆၀))တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages