Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်း တရားမဝင်သစ်ခိုးထုတ်မှုအား အချိန်မီ တာဆီးကာကွယ်နိုင်ရန် နှင့် ဖမ်းဆီးအရေးယူနိုင်ရန်အတွက် (Global Conservation) အဖွဲ့မှ ပေးအပ်ထားသည့် ခေတ်မီနည်းပညာများ အသုံးပြုထားသော ဆယ်လူလာဖုန်းစနစ်ဖြင့် စောင့်ကြည့်ကင်မရာမှတ်တမ်း (Cellular Trailcam) (၇) လုံးအား (၁၉-၅-၂၀၁၉) ရက်နေ့မှစတင် တပ်ဆင်၍စောင့်ကြည့်အရေးယူခြင်းကိုဆောင်ရွက်လျက် ရှိပါသည်။အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်း တပ်ဆင်ထားသော ဆယ်လူလာ ဖုန်းစနစ်ဖြင့်စောင့်ကြည့်ကင်မရာမှတ်တမ်း (Cellular Trailcam) မှ ၂၈-၈-၂၀၁၉ ရက်နေ့ (၁၇ : ၅၃) နာရီအချိန်တွင် ကျွဲရှဉ်းများဖြင့် သစ်ခိုးထုတ်ယူ သယ်ဆောင်နေသည့် ဓါတ်ပုံမှတ်တမ်း ပေးပို့ လာပါသည်။ ထို ဓါတ်ပုံသတင်းလက်ခံရရှိပြီး နောက် တုန်းခေါင်းကင်းစခန်း တာဝန်ကျအဖွဲ့မှ တောအုပ်ဦးဝင်းအောင် ဦးဆောင်သော ထိန်းသိမ်းရေး ဝန်ထမ်းများအား စစ်ဆေးဆောင် ရွက်စေခဲ့ရာ (၂၈-၈-၂၀၁၉) ရက်နေ့ ( ၁၈ : ၃၂ ) နာရီအချိန်တွင် တုံးခေါင်းကင်းစခန်း၏ တောင်ဘက် (၂) မိုင်ခန့်အကွာ နေရာမှ ပိတောက်ခွဲသားများအား တရားမဝင်သယ်ဆောင်လာသူ ဦးသံဒိုင်(၅၇)နှစ် (ဘ) ဦးရသောင်၊ မောင်မိုးထက်အောင် (၁၇) နှစ် (ဘ) ဦးဝင်းဇော်ဦး တရားခံ (၂) ဦးနှင့်အတူ ပိတောက်ခွဲသား (၂) ချောင်း ( ၀.၂၀၇၄) တန်၊ ကျွဲအထီး (၄) ကောင်၊ ထမ်းပိုးတုံး (၂) တုံးနှင့် မနီလာကြိုး (၂) ချောင်း တို့အား ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိသည့် ကျွဲအထီး (၄) ကောင်၊ ထမ်းပိုးတုံး (၂) တုံးနှင့် မနီလာကြိုး (၂) ချောင်း တို့အား ကနီမြို့မရဲစခန်းသို့ အပ်နှံပြီး၊ ပိတောက်ခွဲသား (၂) ချောင်း အား ကနီမြို့နယ်၊ သစ်တော ဦးစီးဌာန၊ သင်္ကန်ဘိနယ် သစ်တောစခန်းတွင် အပ်နှံထားရှိပြီး၊ တရားခံ (၂) ဦးအား ဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ - ၄၀(ဂ) ဖြင့် ကနီမြို့မရဲစခန်း၌ အမှုဖွင့် တိုင်ကြားထားပြီး ရဲစခန်းမှ အမှုအမှတ် (ပ)၂၅၄/၂၀၁၉ ဖြင့် အမှုလက်ခံ ဆောင်ရွက်လျက် ရှိပါသည်။ယခုဖြစ်စဉ်အပါအဝင် စုစုပေါင်းအမှု (၄) မှု အရေးယူနိုင်ခဲ့ပြီးဖြစ်ကာ တရားခံ(၁၄) ဦးနှင့်အတူ နွား (၃၆)ကောင်၊ ကျွဲ(၄) ကောင်၊ ပိတောက်ခွဲသား (၂၄) ချောင်း (၂.၄၆၄၄) တန်၊ ထမ်းပိုး တုံး (၁၉) တုံး နှင့် မနီလာသစ်ဆွဲကြိုး (၁၄) ချောင်း တို့အားလည်း ဖမ်းဆီးအရေးယူနိုင်ခဲ့ပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃-၉-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ အုတ်တွင်း-ပေါက်ခေါင်းလမ်း မိုင်တိုင်(၇၆/၅)၊(၆၃/၂)အနီး ခပေါင်းကြိုးဝိုင်းအကွက်အမှတ်(၉၄)နှင့် (၅၈)တို့မှ တရားမဝင် ကျွန်း/ သစ်ကဇော်(၆၃)ခွဲခြမ်း/ချောင်း (၆.၂၅၅၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂-၉-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိုင်မြို့နယ်၊ ရွာသစ်ကြီးကျေးရွာအနီး ရိုးကြီးတောတိုက်ဝန်းကျင်တဝိုက်တွင် တရားမဝင် ပျဉ်းကတိုး/ သစ်ယာခွဲသားခန့်မှန်း(၅)တန်ခန့်ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၇၁.၂၇၇၂)တန်၊ သစ်မာ(၃၂.၈၄၇၀)တန်၊ အခြား (၆၆.၈၈၀၇)တန်၊ စုစုပေါင်း(၁၇၁.၀၀၄၉)တန်၊ တရားခံ(၅၅)ဦး၊ ယာဉ်/ယန္တရား(၃၆)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၂၉-၈-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ နတ်လာပို့ဘိနယ်၊ ကျွန်းကလေးကျေးရွာအနီး ချင်းတွင်းမြစ်အတွင်းမှ တရားမဝင် အင်သစ်/အင်ခွဲခြမ်း (၁၄)လုံး/ခြမ်း (၁၁.၁၈၄၁)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသို့ အသစ်ဝင်ရောက်လာသော တောအုပ်ကြီး နှင့် သုတေသနလက်ထောက် (၃)များအား သစ်တော ဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများ ရှင်းလင်းပြောကြားခြင်း အခမ်းအနားကို ၃-၉-၂၀၁၉ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီတွင် သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ် ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင် တက်ရောက်၍ ရှင်းလင်း ပြောကြားပါသည်။ အခမ်းအနားသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးရှိ အရာထမ်းများ၊ အမှုထမ်းများနှင့် အသစ်ဝင်ရောက်လာသော တောအုပ်ကြီး (၇၁)ဦး၊ သုတေသနလက်ထောက် (၃) (၆) ဦးတို့ တက်ရောက်ကြပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းမိသားစုတို့၏ “ရာကျော်မေတ္တာဆွမ်းစားကျောင်းဆောင်နှင့် မြေထိန်းနံရံ” ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားအား နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်ရှိ သဒ္ဓမ္မ ဝေပုလ္လ ပရိယတ္တိစာသင်တိုက်တွင် ( ၃-၉-၂၀၁၉) ရက်နေ့၊ နံနက် ( ၀၅ : ၃၀) နာရီတွင် ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် နှင့် ဝန်ထမ်းမိသားစုတို့မှ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ-စာရိတ္တ ထံမှ ငါးပါးသီလခံယူ၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် မှ ရာကျော်မေတ္တာဆွမ်းစားကျောင်းဆောင်နှင့် မြေထိန်းနံရံ ဓါတ်ပုံမှတ်တမ်းတို့အား ဆရာတော်ထံ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်မှ ရေစက်ချအနုမောဒနာ တရားတော် ဟောကြားချီးမြှင့်ပါသည်။ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ပြီး ဆရာတော်များအား လှူဖွယ်ပစ္စည်းများနှင့် အာရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသို့ အသစ်ဝင်ရောက်လာသော တောအုပ်ကြီး နှင့် သုတေသနလက်ထောက် (၃) များအား ကြိုဆိုတွေ့ ဆုံပွဲ အခမ်းအနားအား သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမတွင် (၂-၉-၂၀၁၉) ရက်နေ့၊ ( ၁၅ : ၀၀ ) နာရီတွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း) ဦးကျော်ကျော်လွင် တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပါသည်။ အခမ်း အနားသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးရှိ အရာထမ်းများ၊ အမှုထမ်းများနှင့် အသစ် ဝင်ရောက်လာသော တောအုပ်ကြီး (၇၁)ဦး၊ သုတေသနလက်ထောက် (၃) (၆)ဦးတို့ တက်ရောက် ကြပါသည်။

၃၁-၈-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးမှူးအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကနီမြို့နယ်၊ ကွမ်းပင်ရေစုပေါင်းစစ်ဆေးရေးစခန်း ၏အထက်ဘက်(၁)ဖာလုံခန့်အကွာ၊ မုံရွာ-ကလေးဝကားလမ်း (၄၇/၇)မိုင်အနီး၊ ယာဉ်အမှတ်၊ YGN-1M/1557 (CANTER ဖြူပြာကြား)ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၄၇)ချောင်း (၃.၀၅၃၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages