၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၉-၄-၂၀၂၀ ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင် မှ ဝန်ထမ်း ၆ ဦး၊ ပြင်ဦးလွင်မြို့နယ်မှ ၄ ဦး၊ ကျားတွင်းရေကျေးရွာနေ ဆယ်အိမ်မှူးတို့ ပါဝင်သောအဖွဲ့မှ ပုန်ကုန်းဘိနယ်အတွင်း တရားမဝင်သစ်ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းလုပ်ငန်းများဆောင်ရွက်ရာ ကျွန်းသစ်(၂၈)လုံး (၁၀•၀၇၂)တန်နှင့် လက်ပံသစ်/ဖန်ခါးသစ်/မအူသစ်/ရုံးသစ်/ဘိုင်သစ် (၁၃)လုံး (၃•၂၃၄)တန်အား ဖမ်းဆီးရမိခဲ့ပြီးဥပဒေအတိုင်းထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၉-၄-၂၀၂၀ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဥတ္တရသီရိမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်း များပါဝင်သောအဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ ဇဝနသစ်စက်ဝန်း၊ အောင်သာယာရပ်ကွက်အတွင်းမှ ကျွန်းခွဲသား (၅၉)ချောင်း (၈.၀၀၈၄)တန်နှင့်အတူ တရားခံ(၁)ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၉-၄-၂၀၂၀ရက်နေ့တွင် ရွှေဘိုခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော ခရိုင်နှင့်မြို့နယ်မှ သစ်တောရဲအပါအဝင် ဝန်ထမ်းအင်အား၃၀ခန့်သည် တန့်ဆည်မြို့နယ်အတွင်းရှိပကာရွာ၊ အိုက်မရွာ၊ ခေါင်ယာရွာအတွင်းနှင့်ရွာမုံတောင်ကြိုးပြင်ကာကွယ်တော၊ပေါင်ကတောင်ကြိုးဝိုင်းအတွင်းတရားမဝင်သစ်ရှာဖွေဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၆ဘီးကား၂စီး၊ တုန်ဖုန်းကား၂စီး၊ သစ်စက် ၃ လုံးနှင့်သစ်မျိုးစုံတန်၄၀ခန့်ဖမ်းဆီးမိပြီးပိုင်ရှင်များအားဥပဒေအတိုင်းထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

(၈.၄.၂၀၂၀)ရက်နေ့တွင် ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိပါဝန်ထမ်းများ၊ ကလေးဝ မြို့လွှတ်တော်ကိုယ်စားလှယ်များရုံးမှ ဦးနေညီထွဋ်အောင်ပါ(၂)ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံသစ်တောရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင် သောပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ မြစ်သာမြစ်အတွင်း (၂၀:၁၅)နာရီအချိန်တွင် တရားမဝင် အင်သစ်ခွဲသား(၆၀)ချောင်း (၃.၄၈၂၀)တန် တင်ဆောင်ထားသော စက်လှေငယ်(၂)စီး၊ (၂၀:၃၅)နာရီ အချိန်တွင် တရားမဝင် အင်သစ်ခွဲသား(၄၇)ချောင်း (၂.၈၈၄၈)တန် တင်ဆောင်ထားသော စက်လှေ ငယ်(၂)စီး၊ စုစုပေါင်း စက်လှေ(၄)စီးနှင့် တရားမဝင်အင်ခွဲသား (၁၀၇)ချောင်း (၆.၃၆၆၈)တန် ဖမ်းဆီးရမိပြီး တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး မြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၇-၄-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သာပေါင်းမြို့နယ်၊ သစ်ပုတ်ပင်ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ကြာကန်ကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ညောင်ကွင်းကျေးရွာနှင့် သရက်ကုန်းကျေးရွာအနီးပတ်ဝန်းကျင်များနှင့် ငဝန်မြစ်ကမ်းဘေးနေရာများမှ တရားမဝင် အခြားသစ်လုံး/ခွဲသား (၆၆.၃၂၃၀) တန်၊ လုံးပတ်(၃)ပေအောက် (၀.၇၇၂၂)တန်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအားစုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက် စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၇-၄-၂၀၂၀ ရက်နေ့တွင် ပြင်ဦးလွင်မြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျားတွင်းရေကျေးရွာ ဆယ်အိမ်မှူး တို့ပါဝင်သောအဖွဲ့သည် ဒေသအခေါ် ဗြုန်းတောင်အနီးနေရာမှ တရားမဝင် ကျွန်းသစ်/ လက်ပံသစ်/နှောသစ်/နဘဲသစ်/ဖန်ခါးသစ်/ဘင်္ဂသစ် စုစုပေါင်း (၁၉)လုံး (၃•၅၀၈)တန်အား ဖမ်းဆီး ရမိခဲ့သဖြင့် လုံခြုံရာ ပုန်ကုန်းဘိနယ်စခန်းသို့ သယ်ယူသိမ်းဆည်းပြီးဖြစ်ပါသည်။

တိုက်ရေယာဉ်(၁၁၆)မှ ဗိုလ်ကြီးလင်းသော်ဦး(ရေ-၄၅၀၇) ဦးစီးသောအဖွဲ့မှ (၇.၄.၂၀၂၀)ရက်နေ့၊ (၁၂:၁၀)နာရီချိန်တွင် ကျွန်းစုမြို့နယ်၊ ကိုလန်ကျွန်းအရှေ့မြောက်ဘက် (၁.၁)မိုင်ခန့်အကွာနေရာမှ တရားမဝင်အခြားသစ်ခွဲသား (၆၀)ချောင်း (၄.၀၂၃၄)တန်၊ တင်ဆောင်ထားသောစက်လှေ(၁)စီးအား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။ ဆက်လက်၍ (၁၂:၂၀)နာရီ ချိန်တွင် ကိုလန်ကျွန်းအရှေ့ မြောက်ဘက် (၂.၈)မိုင်ခန့်အကွာနေရာမှ ဒီရေတာမျော(၂၀၉)လုံး တင်ဆောင်ထားသော စက်လှေ (၁)စီးနှင့် တရားခံ(၃)ဦး၊ စုစုပေါင်း တရားမဝင်အခြားသစ်ခွဲသား (၆၀)ချောင်း (၄.၀၂၃၄)တန်၊ မျော(၂၀၉)လုံး၊ စက်လှေ(၂)စီး၊ တရားခံ(၅)ဦး ဖမ်းဆီးရမိပါသဖြင့် တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရန် ကျွန်းစုမြို့နယ်၊ မြို့မရဲစခန်းတွင် အမှုဖွင့်လှစ် အရေးယူ ဆောင်ရွက် လျက်ရှိပါသည်။

၈-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ သရက်ကုန်းကျေးရွာမြောက်ဘက် သင်္ချိုင်းကုန်းသွားလမ်း၊ လိုတရဘုရားအနီးတွင် တရားမဝင် ကျွန်းခွဲသား(၃၆)ချောင်း (၄.၆၁၈၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages