Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သစ်တောဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် လစ်လပ်လျက်ရှိသော
တောကြပ်(လစာနှုန်းကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀)ရာထူး(၃၀)နေရာသို့ ခန့်ထားခြင်း

သစ်တောဦးစီးဌာန၊ ချင်းပြည်နယ်တွင် လစ်လပ်လျက်ရှိသော
တောကြပ်(လစာနှုန်းကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀)ရာထူး(၇)နေရာသို့ ခန့်ထားခြင်း

သစ်တောဦးစီးဌာန၊ ကရင်ပြည်နယ်တွင် လစ်လပ်လျက်ရှိသော
တောကြပ်(လစာနှုန်းကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀)ရာထူး(၅)နေရာသို့ ခန့်ထားခြင်း

သစ်တောဦးစီးဌာန၊ ကယားပြည်နယ်တွင် လစ်လပ်လျက်ရှိသော
တောကြပ်(လစာနှုန်းကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀)ရာထူး(၉)နေရာသို့ ခန့်ထားခြင်း

သစ်တောဦးစီးဌာန၊ ကချင်ပြည်နယ်တွင် လစ်လပ်လျက်ရှိသော
တောကြပ်(လစာနှုန်းကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀)ရာထူး(၂)နေရာသို့ ခန့်ထားခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် လစ်လပ်လျက်ရှိသော တောကြပ် (လစာနှုန်းကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ရာထူး(၁၄၈)နေရာသို့ ရွေးချယ်ခန့်ထားနိုင်ရေးအတွက် ဌာနတွင်းမှ နေ့စား/ပုတ်ပြတ်များနှင့် ပြင်ပပုဂ္ဂိုလ်များအား နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ နှင့်အညီ ရေးဖြေ၊ နှုတ်ဖြေနှင့် ကာယကြံ့ခိုင်မှု မိုင်(၂၀) လမ်းလျှောက်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ ရေးဖြေ၊ နှုတ်ဖြေနှင့် ကာယကြံ့ခိုင်မှု မိုင်(၂၀) လမ်းလျှောက်စစ်ဆေးခြင်း အောင်မြင်သူများအား သစ်တောဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် အောက် ဖော်ပြပါအရေအတွက်အတိုင်း ခန့်အပ်လိုက်သည်-
(က) ကချင်ပြည်နယ် (၂)ဦး
(ခ) ကယားပြည်နယ် (၉)ဦး
(ဂ) ကရင်ပြည်နယ် (၅)ဦး
(ဃ) ချင်းပြည်နယ် (၇)ဦး
(င) စစ်ကိုင်းတိုင်းဒေသကြီး (၃၀)ဦး
(စ) ပဲခူးတိုင်းဒေသကြီး (၁၇)ဦး
(ဆ) မကွေးတိုင်းဒေသကြီး (၂၁)ဦး
(ဇ) မန္တလေးတိုင်းဒေသကြီး (၂၀)ဦး
(ဈ) မွန်ပြည်နယ် (၇)ဦး
(ည) ရန်ကုန်တိုင်းဒေသကြီး (၅)ဦး
(ဋ) ဧရာဝတီတိုင်းဒေသကြီး (၂၅)ဦး
စုစုပေါင်း (၁၄၈) ဦး

၂၁-၇-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ ယင်းမာပင်ခရိုင်၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်မှ ဝန်ထမ်းများအဖွဲ့သည် ကနီမြို့နယ်၊ အလောင်းတော် ကဿပအမျိုးသားဥယျာဉ် အတွင်း၊ မုံရွာ- ယာကြီး- ကလေးဝကားလမ်းမိုင်တိုင်အမှတ်(၄၉/၂)အနီးမှ တရားမဝင် ပိတောက် ခွဲသား (၂၄)ချောင်း (၂)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

APFnet စီမံကိန်းတွင် အမျိုးသား အမျိုးသားအကြံပေး(National Consultant)တစ်ဦးခန့်ထားရေးအတွက် လျှောက်လွှာခေါ်ယူခြင်း

Pages