၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၁-၄-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်ရုံး၊ သာစည်/ ရမည်းသင်း/ ကျောက်ဆည်/ တံတားဦး/ ဝမ်းတွင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ အင်တိုင်းကျေးရွာ၏ အရှေ့တောင်ဘက် (၄)မိုင်ခန့်အကွာ တောင်ပချုပ်တောင်အနီးမှ တရားမဝင် သစ်ယား/ဒီဒူး/ကညင် သစ်/ခွဲသား (၂၀)လုံး/ချောင်း (၈.၂၉၈၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁-၄-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ သစ်တပင်ကန်(အထက်ကန်)တွင် မော်တော်ယာဉ်အမှတ်မပါ(လေးလုံးထိုး) (အစိမ်းရင့်ရောင်)ယာဉ်နှင့် မော်တော်ယာဉ်အမှတ်မပါ(လေးလုံးထိုး)(အစိမ့်ရင့်ရောင်)ယာဉ်(၂)စီးပေါ်မှ တရားမဝင်ထင်း(သစ်ယား၊ သဖန်းသား) စုစုပေါင်း (၆.၉၃၀၀)တန်၊ လက်ကိုင်စက်လွှ(၂)လက်တို့အား တရားခံ(၅)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၁-၄-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ကျွဲခြံရွာတောင်ဘက် တာဝါတိုင်အနီး၊ ကျွဲတပ်ရွာတောင်ဘက်(၃)ဖာလုံခန့်အကွာနှင့် မြို့မရွာမြောက်ဘက် (၁)မိုင်(၃)ဖာလုံခန့်အကွာတို့မှ တရားမဝင် အင်/သစ်ယာခွဲသား(၁၈၅)ချောင်း (၁၂.၀၇၈၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၃၁-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ကြိုးပြင်ခုတ်ကွက်(၁၂၉)နေရာမှ တရားမဝင် ပျဉ်းကတိုးသစ်(၂၃)လုံး (၇.၆၈၆၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃၀-၃-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မော်လမြိုင်ကျွန်းမြို့နယ်၊ ရေလိမ်ကျေးရွာအုပ်စု၊ လင်းနေချောင်းကျေးရွာ ဦးစိုးပိုင်၊ ဦးကျော်ကျော်၊ ဦးစိုးထွဋ် တို့၏ အိမ်တွင်းစက်မှုလက်မှုသစ်စက်ဝင်းအတွင်းနှင့် လယ်ကွင်းအတွင်း၊ တန့်ငူကျေးရွာအုပ်စု၊ ကြောင်ထောက်ကျေးရွာ ဦးဝင်းအောင် ၏အိမ်တွင်းစက်မှုလက်မှုသစ်စက်ဝင်းအတွင်းတို့တွင် တရားမဝင် တောင်သရက်ခွဲသား(၃၀၁)ချောင်း (၃၅.၂၁၈၆)တန်အား တရားခံ(၇)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၃၀-၃-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာရာအိမ်မှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သပိတ်ကျင်းမြို့နယ်၊ ပေါ်တော်မူကျေးရွာ၏ အရှေ့တောင်ဘက် (၁)မိုင်ခန့်အကွာနှင့် ဆင်ညှပ်ကုန်းရွာ၏ အရှေ့ဘက် (၁)မိုင်ခန့်အကွာတို့မှ တရားမဝင် ကျွန်း/အင်ကြင်း/ပျဉ်းကတိုးသစ်(၂၂)လုံး (၆.၇၅၀၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃၀-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၃၃/၅) အရှေ့ဘက်၊ ကသဲအင်းဘုန်းကြီးကျောင်းအဝင်လမ်းဘေး ယာဉ်အမှတ်၊ BGO 8F/1560(Nissan UD၊ ၁၀ ဘီး၊ ဖြူပြာကြားရောင်)၊ KYH 8E/8852(Nissan UD၊ ၁၀ ဘီး၊ ဖြူနီကြားရောင်)နှင့် BGO 2C/5849(Nissan UD၊ ၁၀ ဘီး၊ ခဲရောင်)တို့ပေါ်မှ တရားမဝင် ပျဉ်းကတိုး/တောင်သရက်/သပြေခွဲသား(၁၂၅)ချောင်း (၁၆.၆၀၀၆)တန်၊ ပေါင်(၉၀)ဝင်မီးသွေး(၄၃၃)အိတ် (၁၃၈.၅၆)တန်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃၀-၃-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တိုက်ကြီးမြို့နယ်၊ ဥက္ကံမြောက်(၂)နယ်မြေ၊ ဥက္ကံကြိုးဝိုင်း အကွက်အမှတ်(၇၇၊ ၉၂)နေရာတို့မှ တရားမဝင် ကျွန်းခွဲသား/ကျွန်းဗုံတို၊ပျဉ်းကတိုး/မျောက်ချော/ထောက်ကြန့်/ဇင်ပြွန်း/ရုံး/မှိုက်/သဒီ/လိန် သစ်လုံး/ခွဲသား (၂၂၀)လုံး/ချောင်း (၃၀.၃၇၁၈)တန်၊ အင်ဂျင်(၁)လုံးနှင့် ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages