၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊သစ်တောဦးစီးဌာနတွင်လစ်လပ် လျက်ရှိသော တောအုပ်ကြီး ရာထူး (လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) (၄၂) နေရာအတွက် လျှောက်လွှာများခေါ်ယူခြင်း

၂၈-၃-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ လက်ပံတိုရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များအဖွဲ့သည် ပေါက်မြို့နယ်၊ လက်ပံတိုရဲကင်းစခန်း၏ အနောက်မြောက်ဘက်(၈)မိုင်ခန့်အကွာ မော်တော်ယာဉ်အမှတ်မပါ NISSAN DIESEL (၆)ဘီး၊ ခေါင်းအစိမ်းရောင်နှင့် A6 (၆)ဘီး၊ ခေါင်းအပြာရောင် ယာဉ်ပေါ်တို့မှ တရားမဝင် ကျွန်းခွဲသား(၁၀၅)ချောင်း (၁၁.၃၀၆၂)တန်အား တရားခံ(၄)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၂၅-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်ဖုန်း ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ အုတ်တွင်း-ပေါက်ခေါင်းလမ်းမိုင်တိုင် (၅၉/၃) ဒေသအခေါ် (တံခွန်တိုင်)ပေါက်၊ ဖြူးကွန်းကြိုးဝိုင်းအကွက်အမှတ် (၄၅၊ ၄၄၊ ၄၃၊ ၆၁)နေရာများမှ တရားမဝင် ကျွန်း သစ်/ခွဲသား/ခွဲခြမ်း/စိတ် (၁၀၀)လုံး/ချောင်း/ခြမ်း/စိတ် (၁၆.၃၂၃၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၂၅-၃-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သာပေါင်းမြို့နယ်၊ ရှောက်ချောင်းဝအနီး၊ ငဝန်မြစ်ကမ်းဘေးမှ တရားမဝင် တောင်သရက်ခွဲသား (၂၇)ချောင်း (၉.၁၃၅၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၂၉-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် မင်းလှမြို့နယ်၊ ကုလားကုန်းကျေးရွာ အရှေ့တောင်(၃)ဖာလုံခန့်အကွာမှ တရားမဝင် ပျဉ်းကတိုး/သဒီ/သပြေ/တောင်သရက်/ဇောင်းပုလွေးသစ်(၁၄)လုံး (၇.၄၆၄၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၉-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ကိုယ်တူကွဲဆည်အတွင်း ဖျံချောင်းဖျားမှ တရားမဝင် ကျွန်းခွဲသား(၂၉၃)ချောင်း (၃၂.၇၃၈၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၈-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်ဦး ဦးဆောင်သော သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာတာဝန်ခံအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ထီးချိုင့်မြို့နယ်၊ ခြောက်မျက်နှာရွာ အနောက်ဘက် ယာခင်းစပ်၊ ခြောက်မျက်နှာရွာ တောင်ဘက်(၄)ဖာလုံခန့်အကွာ၊ အရှေ့မြောက်ဘက် (၂)ဖာလုံခန့်အကွာတို့မှ တရားမဝင် ကညင်/ထောက်ကြံ့/ကြက်တောစာ/သပြေ/အိပ်ငွေ့/အင်ကြင်း/သပြေ၊ လုံးပတ် ၃ပေအောက် ကညင်သစ်/ခွဲသား/ခြမ်း(၇၅)လုံး/ချောင်း (၂၇.၅၈၀၄)တန်၊ အင်ဂျင်(ပျက်)(၁)လုံး၊ လွှဝိုင်း(၂)ဝိုင်းနှင့် ဆက်စပ်ပစ္စည်းတို့အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၉-၃-၂၀၂၀ ရက်နေ့တွင် ဦးစီးရုံးချုပ်(စစ်ဆေးရေး)မှ ဦးစီးအရာရှိ ဦးထွန်းသန်းဦး၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကြောင်းအဖွဲ့၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ပလ္လင်ကြိုးဝိုင်းအတွင်း တရားမဝင် ကျွန်းသစ်/ခွဲသား (၂၄)လုံး/ချောင်း (၅.၂၆၆၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

Pages