၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၄-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဖုန်း ဦးဆောင်၍ ပြည်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်သိန်းဦး နှင့်သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ်၊ ခပေါင်းကြိုးဝိုင်း အကွက်အမှတ်(၁၁၄)အတွင်း တရားမဝင် ကျွန်းသစ်/ခွဲခြမ်း/ခွဲသား(၅၅၁)လုံး/ခြမ်း/ချောင်း (၂၈.၃၃၇)တန်၊ တူမီးသေနတ်(၂)လက်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၄-၃-၂၀၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ဂွမြို့နယ်၊ ငါးခုံးမချောင်းအနီး/ သံကတ္တချောင်းဘေး/ ငထွေးချောင်းဘေး/ ငထွေးကျောက်ပုံချောင်းနေရာများမှ တရားမဝင် တောင်သရက်/ ကညင်ခွဲသား (၁၆၁)ချောင်း (၂၃.၂၇၅၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၄-၃-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ နယ်မြေခံရဲတပ်ဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ လားရှိုး- မူဆယ်ကားလမ်းမကြီး၊ အေတီတံတားအနီး ယာဉ်အမှတ်၊ ဓ/၈၆၉၈ ပေါ်မှ တရားမဝင် လက်ပံ/သစ်ယားခွဲသား(၂၄၂)ချောင်း (၈.၉၉၂၆)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၃-၃-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာအုပ်စု၊ ရွှေကျင်ကွက်သစ်ကျေးရွာ အနောက်ထိပ်ရွာစွန် ယာဉ်အမှတ်၊ YGN 1G/2261(စူပါကာစတန်၊ ခဲရောင်)ပေါ်မှ တရားမဝင် ကျွန်းခွဲသား(၂၂၄)ချောင်း (၁.၈၇၄၂)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၃-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ်၊ ဝသာကျေးရွာအနီး၊ ဆီပုတ်ခုံနေရာတွင် တရားမဝင် ပျဉ်းကတိုးသစ်(၉)လုံး (၅.၇၆၄၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၃-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ မထုကြိုးဝိုင်း၊ ပလူဇဝချောင်းအနီး မော်တော်ယာဉ်အမှတ်၊ ၉ဌ/၆၂၁၁၈ (Cander၊ ၆ ဘီး၊ ဖြူဝါရောင်)ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား(၂၄)ချောင်း (၄.၅၁၉၆)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၁၁-၃-၂၀၂၀ ရက်နေ့တွင် ဗိုလ်မှူး နေထက်နိုင်ဦးစီးသော စရက(၅၅၂) တိုက်ကင်းလှည့်တာဝန်ထမ်းဆောင်စဉ် ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း အဏ္ဏဝါမောင်(သံခွံ)စက်လှေ(၁)စီး၊ စိုးအဏ္ဏဝါအမည်ပါ(အသားခွံ) စက်လှေ (၁)စီးစုစုပေါင်းစက်လှေ(၂)စီးပေါ်မှ တရားမဝင်(အခြား)သစ်ခွဲသားဆိုဒ်စုံ (ခန့်မှန်း)တန်(၆၀)ခန့်အား တရားခံ(၁၅)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက် ထားရှိပြီး တရားမဝင်သစ်များအား ကျောက်ဖြူမြို့နယ်၊ သစ်တောရုံးဝန်းသို့ သယ်ယူရွှေ့ပြောင်းခြင်း၊တိုင်းတာ စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၂၅၁.၃၅၃၀)တန်၊ သစ်မာ(၁၉၇.၂၈၈၀)တန်၊ အခြား (၃၉၉.၇၁၁၄)တန်၊ စုစုပေါင်း(၇၈၈.၃၅၂၄)တန်၊ တရားခံ(၅၇)ဦး၊ ယာဉ်/ယန္တရား(၅၇)စီး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၁၆-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသ ကြီး၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်၊ ကုန်းကြီးကျေးရွာအရှေ့ဘက်အနီးဝန်းကျင်မှ တရားမဝင် အင်/တမလန်း သစ်လုံး/ခွဲသား/ခွဲခြမ်း (၆၁.၁၇၆၀)တန်၊ တရုတ်ဆိုင်ကယ်(၅)စီး၊ သစ်စက်(၂) လုံးနှင့်ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

Pages