Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၈-၇-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များရုံးမှ အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ နတ်သစ်ရွာတောင်ဘက်၊ မြစ်သာမြစ်ဘေးတွင် (ပြာနီကြားရောင်) သစ်သားခွံစက်လှေ(၁)စီးပေါ်မှ တရားမဝင်အင်ခွဲသား (၁၆၅)ချောင်း (၁၀)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၈-၇-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွန်ဟိန်းမြို့နယ်၊ နမ့်မဟိုင်းကျေးရွာအနီးတွင် မော်တော်ယာဉ်အမှတ် (7L/7919) LIFAN (အပြာရောင်) ယာဉ်ပေါ်မှ တရားမဝင်ကျွန်းတံခါးရွက်ဆိုဒ်စုံ(၈၁)ချပ် (၁)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၈-၇-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ဘုန်းတောင်ကြိုးဝိုင်းအကွက်အမှတ်(၂၀)အတွင်း၊ အုတ်တွင်း-ပေါက်ခေါင်းကားလမ်းမိုင်တိုင်အမှတ်(၁၁၅/၃)အနီးနှင့် ဗောဓိကုန်းကျေးရွာအနီး၊ မိုင်တိုင်အမှတ်(၁၁၉/၁)နှင့် (၁၂၀/၃)နေရာတို့၌ မော်တော်ယာဉ်(၃)စီးပေါ်မှ တရားမဝင်ကျွန်း/ပျဉ်းကတိုးသစ်/ခွဲသား/ပါကေး (၅၉၂)လုံး/ချောင်း/ချပ် (၁)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်စပ်တရားခံများအား ဆက်လက်ဖော်ထုတ် အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၈-၇-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးညှင်းမြို့နယ်၊ ပင်းဟဲ-ဘီးလူးမြို့ကျေးရွာသွားလမ်း၊ ပင်းဟဲရွာမြောက်ဘက်(၁.၅)ဖာလုံခန့်နေရာ၌ မော်တော်ယာဉ် အမှတ်မပါ ယမ်းဖောင်(၆)ဘီး(အစိမ်းရောင်)ယာဉ်ပေါ်မှ တရားမဝင်ကျွန်းသစ်(၁၈)လုံး (၂)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၈-၇-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ (၁၆)မိုင်စစ်ဆေးရေးစခန်းတာဝန်ကျ သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်ကားလမ်း(အတက်)စင်နေရာ၌ မော်တော်ယာဉ်အမှတ် (YGN 7H/5029) AD Van (အဖြူရောင်) ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၁၁)ချောင်း (၀.၂၇၈၀)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၈-၇-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ရွှေကျင်ကြိုးဝိုင်းအတွင်း တရားမဝင်ကညင်သစ်(၁၃)လုံး(၁၀)တန်အားဖမ်းဆီးစဉ် ကြိုးဝိုင်းသစ်တောအတွင်း ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၆-၇-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆောမြို့နယ်၊ ကျောက်ထု-ထီးလင်းသွားကားလမ်း၊ မိုင်တိုင်အမှတ်(၄/၄)နှင့် (၄/၅)မိုင်ကြားကားလမ်းမပေါ်တွင် မော်တော်ယာဉ်အမှတ် (3B/7151) NISSAN Diesel ခေါင်းတို(အပြာရောင်) (၁၀)ဘီးယာဉ်ပေါ်မှ တရားမဝင်ထင်းရှူးပိဿာချိန် (၃၄၂၁)ပိဿာနှင့် မော်တော်ဆိုင်ကယ်(၁)စီး၊ တရားခံ(၄)ဦးတို့အားဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၇-၇-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ စုံစမ်းစစ်ဆေးရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၏တောင်ဘက် ရန်ကုန်- မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ်(၁၀၅/၀)မိုင်၊ Terminal စက်သုံးဆီအရောင်းဆိုင်အနီးတွင် မော်တော်ယာဉ် အမှတ် (5E/7692) Foton TX 4511၊ အဖြူရောင်ယာဉ်(၁)စီးပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား(၈၈)ချောင်း (၀.၇၅၇၈)တန်၊ တရားခံ(၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

Pages