Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၁၄-၇-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်း/ဖြူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ အုတ်တွင်း-ပေါက်ခေါင်းကားလမ်း၊ မိုင်တိုင်အမှတ်(၁၁၅/၃)အနီးရပ်တန့်ထားသော မော်တော်ယာဉ်အမှတ်(YGN 8E/8256) Canter Container (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား/ခြမ်း (၃၂)ချောင်း/ခြမ်း (၃)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၆-၇-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပေါက်ခေါင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအကွက်အမှတ်(၅၁)အတွင်း တရားမဝင်ကျွန်းသစ်/ခွဲသား/ခြမ်း (၅၉)လုံး/ချောင်း/ခြမ်း(၁၀)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၅-၇-၂၀၂၀ ရက်နေ့မှ ၁၆-၇-၂၀၂၀ ရက်နေ့ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းဆောင်ရွက်လျက်ရှိရာ မင်းကင်း မြို့နယ်၊ သဖန်းတုန်းကြိုးပြင်ကာကွယ်တော၊ တဲကြီးကျေးရွာအနောက်မြောက်ဘက်နေရာ၊ ရွာတော်ကျေးရွာ ၏မြောက်ဘက်နေရာ၊ ကျောက်ပန်းကုန်းရွာ၏ အရှေ့ဘက်အနီးဝန်းကျင်နေရာများ၌ တရားမဝင်အင်/ ဘိုင်/ဆေးခါး/လက်ပံသစ်(၃၆)လုံး (၁၅)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှ တွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၁၈-၇-၂၀၂၀)ရက်နေ့ နံနက်ပိုင်းတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (သတ္တုရေးရာ) ရုံးအမှတ်(၁၉)၊ သီရိရတနာခမ်းမတွင် အမှတ်(၂)သတ္တုတွင်းလုပ်ငန်းမှ ဦးစီးအရာရှိ ရာထူးတိုးမြှင့်ရေးအတွက် ကျင်းပပြုလုပ်သည့် ရေးဖြေစာမေးပွဲဖြေဆိုနေမှု အခြေအနေကိုကြည့်ရှုစစ်ဆေးခဲ့ပါသည်။ထို့ နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သတ္တုတွင်းဦးစီးဌာန၊ နှစ်ထပ်ရုံးအဆောက်အဦ တိုးချဲ့တည် ဆောက်ပြီးစီးမှု အခြေအနေနှင့် လိုအပ်ချက်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC) တွင် ၂၀၁၈ ခုနှစ်မှစ၍ ပြည်တွင်း/ပြည်ပ သင်တန်းများ ဖွင့်လှစ်ကျင်းပလျက်ရှိပါသည်။ လတ်တလော ဖြစ်ပွားရသည့် COVID-19 ကူးစက်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် ပုံမှန် သင်တန်းအစီအစဉ်များ မတ်လမှ စတင်၍ ယာယီ ရပ်ဆိုင်းထားပြီး ယခုကာလအတွင်း သင်တန်းကျောင်း အဆောက်အဦ ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြေရေး လှပရေးလုပ်ငန်းများ အလေးပေး ဆောင်ရွက်လျက်ရှိသည့်အပြင် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းများကို သင်တန်းကျောင်း အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်၊ ၁၈-၇-၂၀၂၀ ရက်နေ့၌ မှော်ဘီမြို့ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ စာသင်ကျောင်း တာဝန်ရှိသူများနှင့် ပူးပေါင်း၍ မှော်ဘီမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း ကျောင်းများဖြစ်သည့် အမှတ်(၁) ၊ အမှတ်(၂)၊ ဝါးနက်ချောင်းနှင့် တပ်ကြီးကုန်း စသည့် စာသင်ကျောင်း(၄)ကျောင်းအား RETC သင်တန်းကျောင်း မီးငြှိမ်းသတ်ရေးယာဉ်ဖြင့် COVID-19 ကူးစက်မှုကာကွယ်ရေး ဓါတုဆေးရည်ဖြန်းခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

မျိုးဆက်ပျက်သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်း(CITES)မှ ထုတ်ပြန်သည့် မြန်မာနိုင်ငံအတွင်းရှိ CITES နောက်ဆက်တွဲ(Appendix)စာရင်းဝင်မျိုးစိတ်များ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၄-၇-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေ မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အမရပူရမြို့နယ်၊ သူငယ်တော်ကျေးရွာအုပ်စု၊ သူငယ်တော်ကျေးရွာ၏အနောက်ဘက် သုဿန်အတွင်း ရပ်တန့်ထားသော မော်တော်ယာဉ်အမှတ်မပါ (ဖြူပြာကြားရောင်)(၆)ဘီးယာဉ်ပေါ်မှ တရားမဝင်အင်ခွဲသား (၁၃၇)ချောင်း(၇)တန်အား ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၄-၇-၂၀၂၀ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ် ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ယုဇန လယ်ရွာအရှေ့ဘက်၊ ရေဦး-ကလေးဝကားလမ်းဘေး၊ မိုင်တိုင်အမှတ် (158)Kmနေရာ မော်တော်ယာဉ် အမှတ် MDY S-5614 နံပါတ်ပါ (NISSAN DIESEL)UD ခေါင်းတို ခေါင်းစိမ်းဝါကြား၊ ဘော်ဒီစိမ်းပြာ (၆)ဘီးယာဉ် (၁)စီးပေါ်မှ တရားမဝင် အင်ခွဲသား (၁၀၅)ချောင်း (၁၀)တန်အား ဖမ်းဆီးစဉ် တစ်ဦး တစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages