၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၇-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ စစ်ဖက်ရေးရာလုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ရာအိမ်မှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ရတနာပုံရပ်ကွက်၊ ယင်းမာ(၁)လမ်း၊ ဥသျှစ်ပင်မြို့တွင် မော်တော်ယာဉ်အမှတ်၊ (၉ခ/၇၀၀၈) Nissan Diesel UD (၆) ဘီးယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား(၉၀)ချောင်း (၁၃.၀၉၀၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံအားများ စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၆-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအကွက်အမှတ်(၆၉၊ ၇၂၊ ၇၃)နှင့် ဖြူးကွန်းကြိုးဝိုင်းအကွက်အမှတ်(၃၃)အတွင်းမှ တရားမဝင် ကျွန်း/ပျဉ်းကတိုးသစ်/ခွဲသား/ခွဲခြမ်း(၉၀)လုံး/ချောင်း/ခြမ်း (၁၃.၈၀၄၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၅-၃-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တောင်ဒဂုံမြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ်အုပ်ချုပ်မှုအောက်ရှိ တောင်ဒဂုံမြို့နယ်၊ ရာဇသင်္ကြန်လမ်း (၁၄၄)ရပ်ကွက်၊ အမှတ်(၈၀)ဂိုဒေါင်အတွင်း ယာဉ်အမှတ်၊ 2C/7625 (ISUZU Light Truck၊ အဖြူရောင်၊ ၆ ဘီး)နှင့် 6F/9740(ISUZU Truck၊ အဖြူရောင်၊ ၆ ဘီး)ယာဉ်ပေါ်မှ တရားမဝင် ကျွန်း/ပိတောက်ခွဲသား၊ ပိတောက်တံခါးချပ်/ပိတောက်ပွတ်လုံး (၈၈၃၀)ချောင်း (၆၁.၈၈၉)တန်အား ဖမ်းဆီးရမိခဲ့သဖြင့် တရားခံ(၁)ဦးနှင့်အတူ ဆက်စပ်တရားခံ(၆)ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၂၅-၃-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခလရ(၂၁)မှ ဒုဗိုလ်မှူးကြီးနှင့်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လဝကအဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝိုင်းမော်မြို့နယ်၊ ဆင်နီခူးကျေးရွာ၏ မြောက်ဘက်(၃)မိုင်ခန့်အကွာမှ တရားမဝင် လောက်ယား/ ကညင်/ ခလောင်/ မအူ/ သစ်ဖြူ/ တောင်တမာ/ ကြေးလံသစ်(၄၆)လုံး (၂၁.၆၂၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၂၇၅.၆၂၂၇)တန်၊ သစ်မာ(၈၃.၆၁၇၉)တန်၊ အခြား (၂၆၅.၄၇၀၂)တန်၊ စုစုပေါင်း(၆၂၄.၇၁၀၈)တန်၊ တရားခံ(၃၁)ဦး၊ ယာဉ်/ယန္တရား(၂၃)စီး ဖမ်းဆီး ရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၂၈-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ အနောက်ဆွာကြိုးဝိုင်းအတွင်းမှ တရားမဝင် ကျွန်းခွဲသား (၃၅၂)ချောင်း (၄၀.၆၂၄၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

၂၄-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ရေတာရှည်မြို့နယ်၊ အုတ်ဖိုရွာမြောက်ဘက် (၂)မိုင်ခန့်အကွာ၊ ရိုးမကြိုးပြင်ကာကွယ်တောအတွင်းမှ တရားမဝင် ကျွန်း သစ်/ခွဲသား (၄၆)လုံး/ချောင်း (၇.၉၄၉၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၂၈-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်နိုင်-၂ ဦးဆောင်သော သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့နယ်၊ ရန်ကုန်- မန္တလေးကားလမ်းအနီးမှ တရားမဝင် ပျဉ်းကတိုးခွဲသား(၁၃၁)ချောင်း (၁၆.၁၉၁၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၈-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး ဦးခင်ဖုန်း ဦးဆောင်သော သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့နယ်၊ အနောက်ဆွာကြိုးဝိုင်း အကွက်အမှတ်(၄၅၊ ၄၆၊ ၆၁၊ ၇၉)အတွင်းမှ တရားမဝင် ကျွန်းခွဲသား(၃၅၂)ချောင်း (၄၀.၆၂၄၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages