Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
ကုလသမဂ္ဂ အထွေထွေညီလာခံက ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ ဆုံးဖြတ်ချက် အမှတ် A/C.2/67/L.4 ဖြင့် နှစ်စဉ် မတ်လ ၂၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ (International Day of Forests) အဖြစ် သတ်မှတ်ကြေငြာ ခဲ့သည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ “သစ်တောများနှင့် ပညာရေး” (Forests and Education)ဖြစ်သည်။မကြာသေးမီကာလကစတင်ပြီး သစ်တောများနှင့် ဆက်နွယ်နေသော ဘာသာရပ်များ၊ ပညာရေးနယ်ပယ်များ အထူးအလေးထားလာကြသည်။ အဓိကအကြောင်းအရင်းတစ်ခုမှာ သစ်တောများနှင့် ဆက်နွယ်သော ပညာရပ်များ၊ သစ်တောများမှ ပံ့ပိုးပေးသော အကျိုးကျေးဇူး များကို သိရှိလာသည့် အားလျော်စွာ အကျိုးကျေးဇူးများအား စဉ်ဆက်မပြတ် ရနိုင်ရေးအတွက် သစ်တောများကို မည်ကဲ့သို့ စီမံအုပ်ချုပ်လုပ်ကိုင်ရမည်၊ ထိန်းသိမ်းကာကွယ်ကြရမည်ကို ပိုမို နားလည်သဘောပေါက်ရန် လိုအပ်သောကြောင့်လည်း ဖြစ်သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၂၁-၃-၂၀၁၉ ရက်နေ့ နံနက်(၁၁:ဝ၀) နာရီအချိန်တွင် သစ်တောဦးစီးဌာနနှင့် JICA တို့ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် FDSNR Project အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း)ဦးကျော်ကျော်လွင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ အခမ်းအနားသို့ သစ်တောဦးစီး ဌာနမှ အရာရှိကြီးများ၊ JICA မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
သစ်တောဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်မှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲ တပ်ဖွဲ့ဝင်များ ပါဝင်သော စစ်ကြောင်းအဖွဲ့သည် ၁၉.၃.၂၀၁၉ ရက်နေ့တွင် ဆင်ပေါင်ဝဲ၊ အောင်လံ၊ လယ်ဝေး၊ ရေတာရှည် မြို့နယ်များအတွင်း နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ တရားမဝင် ကျွန်းခွဲသား ၂၀၂ ချောင်း ၁၈.၀၁၈၄ တန်၊ ပျဉ်းကတိုးခွဲသား ၈၈ ချောင်း ၄.၄၄၈၄ တန်၊ ထောက်ကြံ့ ခွဲသား ၉ ချောင်း ၁.၃၁၈၆ တန်၊ စုစုပေါင်းခွဲသား (၂၉၉) ချောင်း (၂၃.၇၈၅၄) တန်များအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။
နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သောစာရင်းများအရ တရားမဝင် ကျွန်း(၇၉.၁၂၃၃)တန်၊ သစ်မာ(၆၈.၃၄၇၀)တန်၊ အခြား (၃၃၅.၁၈၂၈)တန်၊ စုစုပေါင်း(၄၈၂.၆၅၃၁)တန်၊ တရားခံ(၅၅)ဦး၊ ယာဉ်/ယန္တရား(၃၄)စီး ဖမ်းဆီးရမိခဲ့ပါသည်။
၁၅-၃-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အမှတ်(၃၀၂၉)လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း တောင်ငူမြို့မှ ဗိုလ်ကြီးဇေယျာလင်းပါ(၆)ဦး၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအတွင်း တရားမဝင်သစ်စက်အင်ဂျင်(၂)လုံးအပါအဝင် ဆက်စပ်ပစ္စည်းများနှင့် တရားမဝင်ကျွန်း/ပျဉ်းကတိုးသစ်(၃၂)လုံး (၈.၉၃၆) တန်အား ဖမ်းဆီးရမိပြီး၊ ဆက်စပ်ပတ်သက်သောတရားခံများအား စုံစမ်းဖော်ထုတ်၍ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ ချက်အရ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တော ဝန်ထမ်းများ၊ တောင်ငူခရိုင် တရားမဝင်သစ်ဖမ်းဆီးရေးစစ်ကြောင်းတာဝန်ကျ သစ်တောဝန်ထမ်း များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် (၁၈-၃-၂၀၁၉) ရက်နေ့ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၁၀/၃)မိုင်အနီးနေရာ၌ ယာဉ်အမှတ်(2M/2004) ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား(၄၉)ချောင်း (၃.၆၁၉)တန် အားဖမ်းဆီးရမိခဲ့ပြီး တရားခံအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဒေသအဆင့်လေ့ကျင့်ပညာပေးရေး သင်တန်း ကျောင်း (AFoCO RETC)တွင် ၂၀၁၈ ခုနှစ်မှစ၍ သင်တန်းများ ဖွင့်လှစ်ကျင်းပ လျက်ရှိပြီး ဒေသခံပြည်သူ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေးအစီအစဉ် အရ မှော်ဘီမြို့ နယ်၊ ပညာရေးမှူးရုံးနှင့် ညှိနှိုင်းလျက် အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား ဖိတ်ကြား၍ သစ်တောကဏ္ဍဆိုင်ရာ ပညာပေး အစီအစဉ်များ ကျင်းပပြုလုပ် လျက်ရှိပါသည်၊
သစ်ပင်သစ်တောများသည် ပတ်ဝန်းကျင်ကို စိမ်းစိုစေပြီး ဖြူ၊ နီ၊ ဝါ၊ ပြာ၊ ခရမ်း အရောင်မျိုးစုံ ပန်းတို့ဖြင့် မျက်စိပသာဒလှပ သာယာစေသည်။ ရာသီဥတုမျှတစေသည်။ စိုက်ပျိုးရေး သီးနှံထွက်နှုန်း ကောင်းမွန်စေသည်။ ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝစေသည်။ ရေကောင်းရေသန့်၊ လေ ကောင်းလေသန့် ရရှိစေသည်။ မြေဆီလွှာထိန်းသိမ်း ကာကွယ်ပေး သည်။ သစ်နှင့် သစ်မဟုတ်သော သစ်တောထွက် ပစ္စည်းများကို သစ်ပင်များ၊ သစ်တောများ မှ ပံ့ပိုးပေးသည်။ သစ်ပင်စိုက် ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်း ကာကွယ်ခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။ နည်းပညာအရ ရိုးရှင်းသည်။ လူတိုင်း အလွယ်တကူ စိုက်ပျိုးနိုင်သည်။ ထိန်းသိမ်းနိုင်သည်။ ထို့ကြောင့်လည်း သစ်ပင် သစ်တော များကို ကမ္ဘာနှင့် အဝှမ်းအလေးထား စိုက်ပျိုးထိန်းသိမ်းလာကြသည်။









