Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၇-၂-၂၀၂၀ ရက်နေ့တွင် သစ်တောဦးစီးရုံးချုပ်၊ စစ်ဆေးရေးဌာနမှ လက်ထောက် ညွှန်ကြားရေမှူး ဦးဆောင်သောဝန်ထမ်းများ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အမှတ်(၇၅)သံချပ်ကာတပ်ရင်းမှ ဗိုလ်ကြီး ကျော်သူဖြိုး ဦးဆောင်သော တပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့နယ်၊ ကျောက်မဆင် ကြိုးဝိုင်း ၊ လုံးရမ်းကြိုးဝိုင်း နှင့် ရိုးမကြိုးပြင်ကာကွယ်တောအတွင်းနေရာတို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး ခွဲသား(၄၉၂)ချောင်း (၅၈.၈၆၆၆)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံ များအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၂၅-၂-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၁)၊ ရေကြောင်းကွပ်ကဲမှုတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်ဆည်မြို့နယ်၊ ဒုဌဝတီမြစ်ကမ်းဘေးတွင် တရားမဝင်ကျွန်းသစ်/ခွဲသား (၃၂)လုံး/ချောင်း (၁၁.၇၃၃၆)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၆-၂-၂၀၂၀ ရက်နေ့တွင် နေပြည်တော်၊ သစ်တောဦးစီးရုံးချုပ်၊ စစ်ဆေးရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း ခရိုင်၊ ရမည်းသင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ လဲဖြူဆည်တမံအောက်ရေမြောင်းဘေး၊ မြင်းနားကျေးရွာအနီးဝန်းကျင်နှင့် ရွှေမြင်တင်ဘုရားတောင်ဘက် သရက်တောအတွင်းနေရာများမှ တရားမဝင်သစ်ယား/မျောက်ငို/စကားဝါ/ ကညင်သစ်/ခြမ်း(၂၇)လုံး/ခြမ်း(၉.၉၂၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၄-၂-၂၀၂၀)ရက်နေ့မှ (၁-၃-၂၀၂၀) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၃၂၅.၉၉၉၈)တန်ဖမ်းဆီးရမိခဲ့ပါသည်။

မဲခေါင်ဒေသ ကျွန်းစီမံကိန်း စတင်အကောင်အထည်ဖော်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၊ ကျွန်းခန္ဓာပိုင်းမျိုးပွားခြင်းသင်တန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးမှု အထောက်အကူပြုဝါးလက်မှု သင်တန်းများဖွင့်ပွဲအခမ်းအနားကို (၃-၃-၂၀၂၀)ရက် (အင်္ဂါနေ့)၊ နံနက်(၀၈:၃၀)နာရီတွင် သစ်တော သုတေသနဌာန၊ ရေဆင်းတွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က အဖွင့်အမှာစကားပြောကြားပါသည်။အဖွင့်အမှာစကားပြောကြားရာတွင် သစ်တောဦးစီးဌာနနှင့်အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသ သစ်နှင့် ပတ်သက်သောအဖွဲ့အစည်း (ITTO) တို့ ပူးပေါင်းပြီး အကောင်အထည်ဖေါ်မည့် “မဲခေါင် ဒေသကျွန်း မျိုးရိုးဗီဇထိန်းသိမ်းရေး စီမံကိန်း” ကို ၂၀၂၀ ခုနှစ် မှ ၂၀၂၂ ခုနှစ်အထိ အကောင်အထည် ဖေါ် ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့်ဗီယက်နမ်နိုင်ငံများ အတူတကွ ပူးပေါင်းအကောင်အထည် ဖေါ်ဆောင်ရွက်သည့်စီမံကိန်း လည်းဖြစ်ပါကြောင်း၊ သဘာဝ ကျွန်းတောများ ပေါက်ရောက်သည့် ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင်နှင့် နေပြည်တော် ဥတ္တရခရိုင်တို့တွင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ စီမံကိန်း၏ပထမဆုံး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် အလုပ်ရုံဆွေးနွေးပွဲနှင့်ကျွန်းခန္ဓာပိုင်း မျိုးပွားခြင်းသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ သင်တန်း မှာ (၅) ရက်ကြာ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ပါသည်။

၂၅-၂-၂၀၂၀ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဘုတ်ပြင်းမြို့နယ်၊ ရေလည်တောင် ဆီအုန်းခြံအနီး မော်တော်ယာဉ်အမှတ် (2J/5663) SKAT အဖြူရောင် ယာဉ်(၁)စီးပေါ်မှ တရားမဝင် ကတွတ်ခွဲသား (၈၇)ချောင်း (၄.၇၅၄၆)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၅-၂-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တိုက်ကြီးမြို့နယ်၊ မင်းလှဝကျေးရွာအုပ်စု၊ သပြေတန်းရွာ ဘုန်းကြီးကျောင်းအရှေ့ဘက်၊ လှိုင်မြစ်ဘေးတွင် မော်တော်ယာဉ်အမှတ် (1L/8817) NISSAN UD Counter (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား(၆၃)ချောင်း (၇.၈၉၈၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၃-၂-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်နှင့် အဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကံမမြို့နယ်၊ ကျောက်ပဒေါင်းကျေးရွာအနောက်ဘက်(၂)မိုင်ခန့်အကွာနေရာ၌ တရာမဝင်ကျွန်း/ပျဉ်းကတိုး/ ဒီဒူး/ဖန်ခါး/ ချဉ်ယုတ်/ နဘဲ/ထောက်ကြံ့/ သင်းဝင်/သခွပ်/ဘင်္ဂ/သခွပ်/ရုံး/မျောက်ချော/ဇင်ပြွန်းသစ်/ ခွဲသား(၃၅၁)လုံး/ချောင်း(၃၅.၀၅၀၉)တန်။(၂၅)ကောင်အင်ဂျင်(၃)လုံးပါ တရားမဝင် သစ်စက်ဆက်စပ် ပစ္စည်းများအား တရားခံ(၆)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

Pages