၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၅-၅-၂၀၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ဒေါင်းချောင်းအုပ်စု အုပ်ချုပ်ရေးမှူးပါအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဂွမြို့နယ်၊ ဒေသအခေါ် တုံးကန့်လန့် ချောင်းတောင်ကြော၊ မရမ်းချောင်းဖျား၊ ငထွေးချောင်းဖျား အတွင်းမှ ကညင်/တောင်သရက်ခွဲသား (၂၄၇)ချောင်း (၃၀.၄၃၉၂)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၄-၅-၂၀၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် သစ်တောဦးစီးဌာန သစ်တောဝန်ထမ်းများ၊ ဂွမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးပါအဖွဲ့ဝင်များ နှင့်ဒေါင်းချောင်းအုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဂွမြို့နယ်၊ ဒေသအခေါ် တာဝါတိုင်ကြော၊ ကျောက်ကွင်းတောင်ကြော၊ လိပ်ပုတ်တောင်ကြော၊ မရမ်းချောင်းတောင်ကြော အတွင်းမှ တောင်သရက်ခွဲသား (၃၃၆)ချောင်း (၂၃.၈၁၈၈)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၁-၅-၂၀၁၉ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကမ်းခြေစောင့်တိုက်ရေယာဉ်(၄၀၃)မှ ဗိုလ်ကြီး မျိုးကိုကိုလင်း ဦးစီး အဖွဲ့သည် ကျွန်းစုမြို့နယ်၊ ဂဏန်းကျွန်းအနောက်မြောက်ဘက် (၁.၆)မိုင်ခန့် အကွာ၊ စက်လှေ(၃)စီးပေါ်မှ တရားမဝင် ကံ့ကော်/သစ်ယား/သပိတ်ကျောက်/လေသရက်/တောင်လန်းဖဲ ခွဲသား(၉၃)ချောင်း (၇.၃၄၀၈)တန်၊ လုံးပတ်(၃)ပေအောက် သစ်ယားသစ် (၁၄၀)လုံး(၁၁.၅၁၁၆)တန်၊ တရားခံ (၁၁)ဦး ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၂၂.၅.၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကနီထွေ/အုပ်မှ အုပ်ချုပ်ရေးမှူးပါအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကနီမြို့နယ်၊ ဒဟတ္တောရွာအနီးတွင် ယာဉ်အမှတ် (SHNN-6H/5803 DONG FENG) ခေါင်းစိမ်း၊ ကိုယ်ထည်ခဲရောင်(၆)ဘီးပေါ်မှ တရားမဝင် အင်ခွဲသားဆိုဒ်စုံ (၃၀၂)ချောင်း (၅.၂၄၇၄)တန်၊ တရားခံ(၂)ဦး ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၄-၅-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ရှမ္မမြောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သာပေါင်းမြို့နယ်၊ ရှမ္မမြောင်ရွာလယ်ကွင်းမြောက်ဘက်/ တောင်ဘက်၊ အောက်ဒည်ကုန်းရွာတာကျိုးပေါက်အနီးနှင့် ငဝန်မြစ်ကမ်းဘေးတို့မှ တရားမဝင် လင်းလွန်း/ တောင်သရက်/သစ်ပုတ် (၅၉)လုံး/ချောင်း (၁၉.၀၂၃၄)တန် ဖမ်းဆီးရမိခဲ့ပြီး၊ ဥပဒေနှင့်အညီ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC) တွင် ၂၀၁၈ ခုနှစ်မှစ၍ ပြည်တွင်း/ပြည်ပ သင်တန်းများ ဖွင့်လှစ်ကျင်းပ လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်အတွင်း ဖွင့်လှစ်ပို့ချသွားမည့် သင်တန်းအစီအစဉ်အနက် “ဆင်းရဲနွမ်းပါးမှုနှင့်် ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရေး သစ်တော ကဏ္ဍလမ်းစဉ်များဆိုင်ရာ သင်တန်း” [AFoCO Training Course For Policy Makers on “Beyond Planting Trees: Forest Pathways to No Poverty (SDG1) and Zero Hunger (SDG2)]ကို ၂၀၁၉ ခုနှစ်၊ မေလ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ ဖွင့်လှစ်ကျင်းပခဲ့ပါသည်၊ သစ်တောများ၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေး၊ အစားအစာ လုံလောက်မှုနှင့် အာဟာရ စသည်တို့အကြား ယုတ္တိကျသော ကွင်းဆက်များအပေါ် နားလည်သဘောပေါက်မှုကို မြှင့် တင်ရန်၊ လက်တွေ့နမူနာများနှင့် အတွေ့အကြုံများကို ဖလှယ်ရန်၊ ခေတ်အလိုက် ပေါင်းစပ် သစ်တော မူဝါဒနှင့် အစီအစဉ်များတွင် အမျိုးသားအဆင့်နှင့် ဒေသတွင်းအဆင့် စွမ်းဆောင် ရည် မြှင့်တင်ရန် ရည်ရွယ်လျက် ဤသင်တန်းအစီအစဉ်ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်၊ကွင်းဆင်းလေ့လာရေး ခရီးစဉ်အဖြစ် မှော်ဘီမြို့နယ်၊ မှော်ဘီကြိုးဝိုင်း၊ အကွက်အမှတ်(၃၁၊ ၃၃)အတွင်းရှိ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများသို့ သွားရောက်လေ့လာခဲ့ပါ သည်။ ဒေသခံပြည်သူ ဖွံ့ဖြိုးမှုအစီအစဉ်အရ လူမှုစီးပွား အထောက်အကူပြု သင်တန်းများကို AFoCO Secretariat ၏ ပံ့ပိုးမှုဖြင့် ဖွင့်လှစ်ပို့ချလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ မေလ (၂၇) ရက်နေ့ မှ ဇွန်လ (၅)ရက်နေ့အထိ “ဝါးလက်မှုပစ္စည်းများ ပြုလုပ်နည်းသင်တန်း”ကို ဖွင့်လှစ် ပို့ချလျက်ရှိပါသည်။ ဆိုပါသင်တန်းကို ဒေသခံပြည်သူများ၏ လူနေမှုဘဝမြှင့်တင်ရေးအတွက် အသက်မွေးဝမ်း ကြောင်း လုပ်ငန်းများကို အထောက်အကူပြုရန်၊ ဒေသခံပြည်သူ အစုအဖွဲ့ သစ်တောများမှ ဝါးပစ္စည်းထုတ်ကုန်များကို ဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ပြီး သစ်တောပြုစု ထိန်းသိမ်းခြင်း လုပ်ငန်းများကို ပိုမိုအားကောင်းစေရန်၊ ဒေသခံပြည်သူများကို မိမိဝန်းကျင်မှာ လွယ်လင့်် တကူ သုံးစွဲနိုင်၊ ဝယ်ယူနိုင်တဲ့ ဝါးကုန်ကြမ်းများအား ဝါးလက်မှုပစ္စည်းပြုလုပ် တတ်စေပြီး အပိုဝင်ငွေ ရရှိရန် ရည်ရွယ်၍ ဖွင့်လှစ်ပို့ချခြင်းဖြစ်ပါသည်။
ဆိုပါသင်တန်းသို့ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာနမှ သင်တန်းဆရာ(၁)ဦး နှင့် အသေးစား စက်မှု လက်မှု လုပ်ငန်းဦးစီးဌာနမှ သင်တန်းဆရာမ(၂)ဦး၊ စုစုပေါင်း သင်တန်းဆရာ(၃)တို့ဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်းတိုင်းဒေသကြီး တို့မှ ဒေသခံပြည်သူ သင်တန်းသား/ သင်တန်းသူ(၃၁)ဦးတို့ဖြင့် လူမှုစီးပွား အထောက် အကူပြု သင်တန်းအား ဒုတိယအကြိမ် ဖွင့််လှစ်ကျင်းပလျက်ရှိပါသည်။

အခြေခံသစ်တော စိုက်ပျိုးပြုစုထိန်းသိမ်းခြင်း၊ REDD+ နှင့် ရာသီဉတုပြောင်းလဲခြင်းဆိုင်ရာ အသိပညာဗဟုသုတမြှင့်တင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၇-၅-၂၀၁၉ ရက်နေ့၌ သစ်တောသုတေသနဌာန(ရေဆင်း)၊ စုဝေးခန်းမတွင်ကျင်းပခဲ့ပြီး သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း)ဦးကျော်ကျော်လွင်မှ သင်တန်းဖွင့်ပွဲ အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သစ်တောသုတေသနဌာနညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ အရာရှိကြီးများ၊ သုတေသီများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများ တက်ရောက်ကြပါသည်။

၂၃.၅.၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ် သစ်တောဦးစီးဌာန သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ မဟာမြိုင်ကြိုးဝိုင်းအတွင်း တရားမဝင် အင်သစ် (၉)လုံး (၉.၆၆၂၀)တန် ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages