Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၆-၁၀-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မိုးညှင်းမြို့နယ်၊ လွိုင်မော်ကြိုးဝိုင်းအကွက်အမှတ်(၂၂)အတွင်းမှ တရားမဝင်ကြေးလံ၊ ခလောင်၊ ဘိုင်၊ မအူ၊ လောင်ယားသစ်(၃၂)လုံး(၂၁.၆၅၂)တန်နှင့် လက်ကိုင်လွှစက်(၁)လုံးတို့အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၄-၁၀-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်း များ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးပါဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ (စ.စ.စ) ကန့်ဘလူမြို့နယ်မှ တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့နယ်၊ မကျည်းအင်းကျေးရွာ၏ မြောက်ဘက်(၁)ဖာလုံခန့်အကွာနေရာမှ မော်တော်ယာဉ် အမှတ်(YGN 4F/9998) Canter (ဖြူပြာကြား)(၆)ဘီးယာဉ်ပေါ်မှ တရားမဝင်တမလန်းဓါးရွေ(၂၃)ချောင်း (၄.၄၃၈၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၇-၁၀-၂၀၁၉)ရက်နေ့မှ (၁၃-၁၀-၂၀၁၉) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၇၄.၂၈၃၄)တန်ဖမ်းဆီးရမိခဲ့ပါသည်။

သဘာဝထိန်းသိမ်းရေးနယ်မြေများ၏ ဥယျာဉ်/ဘေးမဲ့တောအလိုက် ဇီဝမျိုးစုံမျိုးကွဲထိန်း သိမ်းရေးလုပ်ငန်းအနေဖြင့် ငှက်မျိုးစိတ်စာရင်းကောက်ယူခြင်းလုပ်ငန်းကို လစဉ်ဆောင်ရွက် လျက်ရှိရာ သဘာဝထိန်းသိမ်းရေးနယ်မြေ (၉) ခု၏ ၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်း ငှက်စာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ဒေါ်သင်းသင်းနိုင် (တောခေါင်း) ဦးဆောင် သည့် ဝန်ထမ်း(၄) ဦးဖြင့် စာရင်းကောက်ယူမှုအရ ဒေသရင်းငှက်မျိုးစိတ် (၆၈) မျိုး၊ ဆောင်းခို ငှက်မျိုးစိတ်(၂) မျိုး၊ စုစုပေါင်းငှက်မျိုးစိတ် (၇၀) မျိုး၊ ငှက် ကောင်ရေ (၆၀၂) ကောင်မှတ်တမ်း တင်နိုင်ခဲ့ပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၃-၁၀-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ထီးလင်းမြို့နယ်၊ ဂန့်ဂေါ-ထီးလင်းကားလမ်း၊ မိုင်တိုင်အမှတ်(၉၉/၅)နှင့် (၉၉/၆)ကြား၊ ထန်းပင်ကုန်းကျေးရွာအရှေ့ထိပ်တွင် မော်တော်ယာဉ်အမှတ် (၅ခ/၇၅၈၁) ဟီးနိုး(၆)ဘီး ခေါင်းတို(အစိမ်းရောင်)ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား(၈၃)ချောင်း(၆.၉၈၃၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၃-၁၀-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဖျာပုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဖျာပုံမြို့နယ်၊ မွှေးတုံးကျေးရွာအနီး၊ ဝဲကြီးချောင်းအတွင်း၌ တရားမဝင် တောင်သရက်ခွဲသား (၁၁၂)ချောင်း (၁၇.၄၈၇၆)တန်တင်ဆောင်ထားသော မော်တော်(၁)စီးပေါ်မှ အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၈-၁၀-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မူးယစ်တပ်ဖွဲ့စု(၈)အဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သောပူပေါင်းအဖွဲ့သည် မုံရွာမြို့နယ်၊ မုံရွာ-ရေဦးလမ်း နှင့် မုံရွာ-ယာကြီး လမ်းဆုံ၊ မုံရွာမြို့အဝင်၊ တရားမဝင် ကုန်သွယ်မှုတားဆီးနှိမ်နင်းရေးအဖွဲ့ စုံစမ်းစစ်ဆေးရေးဂိတ်နေရာ၌ မော်တော်ယာဉ်အမှတ် (MDY 4M/6338) MITSUBISHI CANTER ခေါင်းနက်ပြာ (၆)ဘီး ယာဉ်ပေါ်မှ တရားမဝင် ကျွန်း/အင်ကြင်း(၂၂၇)မှန်လည်/ကျည်းဘောင်/ကျည်းဘောင်ခွေ (၃.၃၁၂၈)တန်အား တရားခံ(၁)ဦး နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၉-၁၀-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာအနီးတွင် ဂျင်ဒေါင်း(၂၅)ကောင်အင်ဂျင် (၁)လုံးပါ သစ်စက်ဆက်စပ်ပစ္စည်းများနှင့် အတူတရားမဝင်တောင်ဇီး/သံသေ/သဒီ/ငုသစ်(၁၁)လုံး(၃.၄၀၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သောတရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

Pages