၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၂၁.၅.၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ လွယ်ခေါကျေးရွာ အုပ်ချုပ်ရေးမှူး ပါဝင်သော ပူးပေါင်း အဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ မြစ်ကြီးနားမိုးကောင်းကားလမ်တွင် သုံးဘီးဆိုင်ကယ်/ကား၊ သရီးကရောင်းကားပေါ်မှ တရားမဝင် ကညင်/ခလောင်ခွဲသား(၃၆၀)ချောင်း (၄.၉၂၄၆)တန် ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၂-၅-၂၀၁၉ ရက်နေ့တွင် ချင်းပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆီးယင်းကြိုးဝိုင်းအကွက် (၁၃၆)၊ ခိုင်ကမ်း- ဒေါ်လွင်ကားလမ်းတွင် တရားမဝင် ကျွန်း/ပျဉ်းကတိုး/အင်ခွဲသားဆိုဒ်စုံ (၆၃)ချောင်း၊ (၁.၅၁၅၀)တန်၊ ကျွန်းပကာ(၅၀)(၁.၂၆၇၂)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ပါသည်။

၂၂.၅.၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရေဦးမြို့နယ်၊ ဗိုလ်အောင်ဇေယျရပ်ကွက်၊ သုဿာန်အနီး မော်တော်ယာဉ်အမှတ်(SHN-D/2025 Nissan Diesel အပြာရောင်)ပေါ်မှ တရားမဝင်သစ် ကျွန်း/သစ်ယာ/အင် ခွဲသား (၆၂၆) ချောင်း (၇.၇၀၉၂)တန်၊ တရားခံ(၂)ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၂၂.၅.၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၃/၇)တွင် မော်တော်ယာဉ်အမှတ်(7L/1576 TOYOTA DYNA (၆)ဘီး ဖြူစိမ်းဝါကြား)ပေါ်မှ တရားမဝင်သစ် ကျွန်းခွဲသား (၃၆) ချောင်း(၄.၁၁၄၆)တန်၊ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

၂၂.၅.၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပင်လည်ဘူးမြို့နယ်၊ မလိန်းတုံးရွာ၏အရှေ့ဘက်(၃)ဖာလုံခန့်အကွာ မော်တော်ယာဉ်(၂)စီးပေါ်မှ တရားမဝင်သစ် တမလန်းဓါးရွေ (၃၃) ချောင်း (၁.၅၀၃၄)တန်၊ တရားခံ(၂)ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၀-၅-၂၀၁၉ ရက်နေ့တွင် ငပုတောမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ငပုတောမြို့နယ်၊ ကွင်းချောင်းလေးရွာအနီးပတ်ဝန်းကျင်နေရာများတွင် တရားမဝင်အခြားသစ်/ခွဲသား (၇၁၂)လုံး/ချောင်း (၁၅.၈၁၂၂)တန်၊ တရားခံ (၇)ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၂၀-၅-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တိုက်ကြီးမြို့နယ်၊ ဥက္ကံမြောက်(၂)နယ်မြေ၊ စမ်းရွာကျေးရွာ၏ အနောက် မြောက်ဘက်တွင် တရားမဝင်သစ် ဘိုင်/သစ်နီ/တောင်သရက်/ရေမနေ/ဂွေး/ဖက်ဝန်း/ ဇင်ပြွန်း/ မျောက်ချော/ကောင်းမှု/လုံးပတ်(၃)ပေ အောက်တောင်သရက်/ဘိုင်ရောင်ခြမ်း(၁၁၈) လုံး/ချောင်း (၃၂.၁၂၄၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာ ဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မေလ ၂၀ ရက်နေ့တွင် ပြင်ဦးလွင်မြို့ မြန်မာနိုင်ငံသစ်တောကျောင်း ကျွန်းရတနာခန်းမတွင် ၂၀၁၉ ခုနှစ်၊ အခြေခံ သစ်တောပညာ(၂) နှစ် သင်တန်း အမှတ်စဉ်(၁၁၅) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ သစ်တောကျောင်းသည် ၁၈၉၈ ခုနှစ် ကတည်းက စတင်ပြီး သာယာဝတီမြို့မှာ “မြမ္မာပြည်သစ်တောကျောင်း” အမည်နဲ့ စတင်တည် ထောင်ခဲ့ပြီး ပျဉ်းမနား အင်းစိန်နဲ့ ပြင်ဦးလွင်မြို့တို့မှာ ခေတ်အဆက်ဆက်၊ အခြေခံသစ်တော ပညာရပ်တွေကို ပို့ချသင်ကြားပေးလျက်ရှိပါကြောင်း။ ၁၉၅၃ခုနှစ်က ပြင်ဦးလွင်မြို့သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပြီး “မြန်မာနိုင်ငံသစ်တောကျောင်း”လို့ ခေါ်တွင်ကာ ယနေ့ထိ သက်တမ်း (၆၆)နှစ်ရှိခဲ့ပြီး မြန်မာနိုင်ငံသစ်တောကျောင်းရဲ့ သက်တမ်းစုစုပေါင်းသည် ယနေ့ထိဆိုလျှင် နှစ်ပေါင်း(၁၂၁)နှစ် ရှိခဲ့ပြီဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဧပြီလမှာ အခြေခံသစ်တောပညာ၊ အထူး(၃)လ သင်တန်းအထိ သင်တန်းသားဦးရေ စုစုပေါင်း(၆၂၉၄)ဦး မွေးထုတ်ပေးခဲ့ပြီး သင်တန်းအသီးသီးကို တက်ရောက် အောင်မြင်ခဲ့တဲ့ သင်တန်းသားများကို တစ်ဆင့်မြင့်ရာထူးသို့ တိုးမြှင့်ပေးခဲ့ပြီး သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အဓိကကျောရိုး ဝန်ထမ်းများအဖြစ် တာ၀န်ထမ်းဆောင်လျက်ရှိကြောင်း၊

Pages