Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
ရိုးစုံဒေသခံတို့၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စိတ်ဓါတ် အပြည့်အဝဖြင့် စုပေါင်းအကကောင်အထည်ဖော်ခဲ့သည့် ရိုးစုံဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တောများသည် အောင်မြင်မှု အရှိန်အဟုန်တိုးမြင့် လာခဲ့ပြီး နိုင်ငံအဆင့်မှသည် ကမ္ဘာ့အဆင့်အသိအမှတ်ပြုခဲ့ရသည်အထိ အောင်မြင် နေမှုများအား နိုင်ငံသားများသိရှိအတုယူနိုင်ရေးကို သိရှိနည်းလည်နိုင်စေရန်
(၈၆) ပုဂ္ဂလိကသစ်တောစိုက်ခင်းတည်ထောင်ရန်မည်ကဲ့သို့လျှောက်ထားရမည်၊ မည်သည့် နေရာ များတွင် ခွင့်ပြုနိုင်ပါသလဲ?
ဖြေ။ ပုဂ္ဂလိကစိုက်ခင်းတည်ထောင်လိုသည့် ပုဂ္ဂလိက/အဖွဲ့အစည်း/ကုမ္ပဏီများသည် သစ် တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးသို့ တင်ပြလျှောက်ထားနိုင်ပြီး သစ်တော စီမံအုပ်ချုပ် ခွင့်ရှိသောမြေ(ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော)များရှိ တောပျက်မြေ/ ဌာနမှဆောင်ရွက်သည့် စိုက်ခင်းအခြားမြေအသုံးချသည့် အစီအစဉ်များနှင့် လွတ်ကင်းသောမြေများတွင် ပုဂ္ဂလိကစိုက်ခင်း လျှောက်ထား ခြင်းအား စိစစ်ခွင့်ပြုပေး လျှက်ရှိပါသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် International Union for Conservation of Nature (IUCN) ၏ Mangroves for the Future (MFF)၊ Wildlife Conservation Society (WCS)နှင့် Fauna and Flora International (FFI) တို့ ပူးပေါင်းကျင်းပသည့်နိုင်ငံ အဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတဘက်စုံစီမံ အုပ်ချုပ်လုပ်ကိုင်မှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို (၂၉-၆-၂၀၁၇)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်တွင် သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက် အဖွင့်အမှာစကား ပြောကြားပါသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ (၂၇-၆-၂၀၁၇)ရက်နေ့၊ (၁၄ : ဝ၀)နာရီ အချိန်တွင် Edotco Myanmar Limited မှ သစ်တောဦးစီးဌာနသို့ မော်တော်ဆိုင်ကယ်များ ပေးအပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ် ပါသည်။
၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာရည်ချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနားကို (၂၇-၆-၂၀၁၇) ရက်နေ့ နံနက်(၀၉:၀၀)နာရီ တွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
၂၆-၆-၂၀၁၇ ရက်နေ့၊ (၁၃ : ဝ၀) နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ ၌ CF Unit ၆/၂၀၁၇ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။
(၂၃.၆.၂၀၁၇)ရက်နေ့၊ မွန်းလွဲ(၁၄ : ဝ၀)နာရီတွင် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသော ဝန်ထမ်းများမှ အတွေ့ အကြုံရှင်းလင်းခြင်းအစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ရုံးမှ ဖွင့်လှစ်သည့် အခြေခံစာရင်းကိုင်နှင့်ရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၂၂၈) သင်တန်းဆင်းပွဲအခမ်းအနားကို (၂၃.၆.၂၀၁၇) ရက်နေ့ နံနက်(၁၁ : ၃၀) အချိန်တွင် သစ်တော ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ပါသည်။






