Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
(၁၆-၂-၂၀၁၇) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အမှတ်(၃)ရပ်ကွက်အုပ်ချုပ် ရေးမှူးတို့ပါဝင်သောအဖွဲ့သည် မြင်းမူမြို့နယ်၊ တန်ပိုစစ်ဆေးရေးစခန်းအနီး၊ မိုင်တိုင် အမှတ် ၄၆/၃ နှင့် ၄၆/၄ ကြား ခန့်မှန်းမြေပုံညွှန်း (GV-673284) နေရာတွင် ရပ်တန့် ထားသည့် ယာဉ်အမှတ်(၈ဇ/၈၅၈၅) တပ်ဆင်ထားသည့် (CANTER) အမျိုးအစား၊ ခေါင်း (ဖြူပြာကြား)အရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား(၁၂) ချောင်း၊ (၁.၈၆၂၂) တန်အား သိမ်းဆည်းရမိပါသည်။
(၁၅-၂-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တောင်တွင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ နှင့် အုန်းတော(၁)ရပ်ကွက်မှ အသိသက်သေများပါဝင်သောပူးပေါင်းအဖွဲ့သည် တောင်တွင်းကြီးမြို့နယ်၊ အောင်လံ-ကိုးပင်-တောင်တွင်းကြီးလမ်းရှိ အကြည်တော်စားသောက် ဆိုင်အနီးတွင် ယာဉ်အမှတ်(မထင်မရှား)တပ်ဆင်ထားသော (FAW) အမျိုးအစား၊ အပြာရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ကျွန်း(တိုင်၊ မျော၊ ခွဲခြမ်း)၊ (၈၅)လုံး/ခြမ်း၊ (၁.၆၆၁၈)တန်နှင့် တရားခံ(၃)ဦး၊ ချောင်းနက်ကျေးရွာအဝင်တွင် ယာဉ်အမှတ်(BGO-2M/6171) တပ်ဆင်ထားသော FORLAND အမျိုးအစား၊ အဖြူရောင်(၆)ဘီးယာဉ်ပေါ် မှ တရားမဝင် အခြားခွဲသား(၈၆)ချောင်း၊ (၃.၆၇၂၄)တန်နှင့်အတူ တရားခံ(၄)ဦး ဖမ်းဆီးရမိပါသည်။
(၁၅-၂-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်၊ မိုင်းဖြတ်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မိုင်းယုမြို့မရဲခစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ (စ.ရ.ဖ)တပ်ဖွဲ့နှင့် မြို့မ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းဖြတ်မြို့နယ်၊ ဒွန်းနွဲ့ကျေး ရွာနှင့် ဝမ်နားမြတ်ကျေးရွာအကြား မိုင်းယုမြို့၏ အရှေ့တောင်ဘက်(၈)မိုင်ခန့်အကွာ၊ ခန့်မှန်းမြေပုံညွှန်း(ML-630791)နေရာတွင် ယာဉ်အမှတ်(7J/8023 နှင့် 2C/6048) တပ်ဆင်ထားသော DONGSENG (တူးကရောင်း)တစ်ပါအမျိုးအစား၊ (၆)ဘီးယာဉ်(၂)စီး ပေါ်မှ တရားမဝင် ပိတောက်ခွဲသား(စစ်ဆေးဆဲ) ခန့်မှန်း(၇)တန်ခန့် သိမ်းဆည်းရမိပါသည်။
(၁၅-၂-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးပြင်ကာကွယ်တော ခုတ်ကွက်ကြီး(XVII)၊ ခန့်မှန်းမြေပုံညွှန်း(A-680734) နေရာတွင် ယာဉ်အမှတ်(2H/2600) တပ်ဆင်ထားသော LIFAN အမျိုးအစား၊ (၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား(၄၄)ချောင်း၊ (၁.၈၉၂၈) တန်နှင့်အတူ တရားခံ(၂)ဦး ဖမ်းဆီးရမိပါသည်။
(၁၅-၂-၂၀၁၇) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ စစ်ကိုင်းခရိုင်မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်များနှင့် အသိ သက်သေများပါဝင်သောအဖွဲ့သည် တရားမဝင်သစ်ရှာဖွေဖမ်းဆီးခြင်းဆောင်ရွက်စဉ် စစ်ကိုင်းမြို့၊ တပ်မ(၃၃)အနီးတွင် ယာဉ်အမှတ်(1H/9814) တပ်ဆင်ထားသော CANTER အမျိုးအစား၊ အဖြူရောင်(၆)ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင် တမလန်းဓားရွေ(၁၆)တုံး၊ (၁.၉၀၅၈)တန်နှင့်အတူ တရားခံ(၂)ဦးဖမ်းဆီးရမိပါသည်။
(၁၅-၂-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ပဲခူးမြို့နယ်၊ တရုတ်လယ်ကျင်း သစ်တောစခန်းတွင် ယာဉ်အမှတ်(စျ/၁၂၁၁)တပ်ဆင်ထားသော HINO အမျိုးအစား၊ အပြာရောင်(၆)ဘီး ယာဉ်ပေါ်မှ တရားမဝင် အခြားခွဲသား(၂၇)ချောင်း၊ (၃.၆၂၄၆)တန်နှင့်အတူ တရားခံ(၁) ဦး ဖမ်းဆီးရမိပါသည်။
(၁၄-၂-၂၀၁၇) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် ဥက္ကံရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် တိုက်ကြီးမြို့နယ်၊ ပလုံးဘိနယ်၊ ဒေသအခေါ်ဘွက်မြောင်၊ ခန့်မှန်းမြေပုံညွှန်း(47Q-883635)တွင် ယာဉ်အမှတ်(O/1188) တပ်ဆင်ထားသော HINO အမျိုးအစား၊ ခဲညို ရောင်ယာဉ်ပေါ်မှ တရားမဝင် အခြားသစ်(၁၁)လုံး၊ (၄.၇၃၄၀)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။
(၁၄-၂-၂၀၁၇) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ (၁၆)မိုင်စစ်ဆေးရေးစခန်းမှ တာဝန်ကျအကောက်ခွန် ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-လားရှိုးလမ်း၊ (၁၆)မိုင် စစ်ဆေးရေးစခန်းတွင် ယာဉ်အမှတ်(MDY-1I/2626)တပ်ဆင်ထားသော HINO အမျိုးအစား၊ အဖြူရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင်(ကျွန်း/ပိတောက်) ပရိဘောဂအကြမ်း ခွဲသားဆိုဒ်စုံ(၅၆၀)ချောင်း/လုံး၊ (၁.၂၀၂၀)တန်နှင့်အတူ တရားခံ (၁)ဦးအား ဖမ်းဆီးရမိပါသည်။










