၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ကချင်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏ သတင်းချပြချက် ဖြင့် ၆-၅-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မြစ်ကြီးနားမြို့နယ်၊ နောက်နန်းကျေးရွာအုပ်စု(ရိုစနာနယ်မြေ)ဝါးရုံတောအတွင်း စုပုံထားရှိသော တရားမဝင်ကညင်/ကြေးလံ/အခြားသစ်/ခြမ်း(၈၇)လုံး/ခြမ်း (၇၀)တန်ခန့်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၅-၅-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဆင်ပေါင်ဝဲမြို့နယ်နှင့် အောင်လံမြို့နယ်တို့အတွင်း နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ခဲ့ရာ အောင်လံမြို့နယ်၊ အရှေ့ရိုးမကြိုးဝိုင်းအကွက်(၂၇,၄၁,၄၂,၄၃,၄၄)အတွင်း တရားမဝင်ပျဉ်းကတိုး/ထောက်ကြံ/နဘဲ/ဘင်္ဂခွဲသား(၁၆၂) ချောင်း (၂၁.၃၇၉၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၃-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ မုံရွာမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မုံရွာမြို့နယ်၊ ကွေးကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ဆင်နှစ်ကောင်ဘုရားအနီးနေရာ၌ မော်တော်ယာဉ်အမှတ်(5I/9446) PAJERO ဗိုက်ဖောင်း(ခဲရောင်)ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား(၁၇)ချောင်း (၁.၀၆၉၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂-၅-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် လှည်းကူးမြို့နယ်၊ အင်းတိုင်သစ်နှင့် သစ်တောထွက် ပစ္စည်းစစ်ဆေးရေးစခန်းအနီးနေရာ၌ မော်တော်ယာဉ်အမှတ်(3D/8745) FUSO (၁၂)ဘီး(အပြာရောင်)ယာဉ်ပေါ်မှ တရားမဝင်ကျွန်းပါကေး (၂၇၅၀)တုံး (၀.၈၅၉၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏ သတင်းချပြချက်ဖြင့် ၂-၅-၂၀၁၉ ရက်နေ့တွင် သရက်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင် သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မင်းတုန်းမြို့နယ်၊ မင်းတုန်းရိုးမ ကြိုးဝိုင်း၊ အကွက်အမှတ်(၈) ကျောက်ကြီးချောင်းဖျား၊ နေရာတွင် တရားမဝင်ကျွန်းခွဲသား (၁၉) ချောင်း (၃.၀၀၁၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွ ေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃၀-၄-၂၀၁၉ ရက်နေ့တွင် မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ စံပြကျေးရွာ(က)လမ်း အမှတ်(၂/၃၄) ဦးလှဦး၏ နေအိမ်ခြံဝင်း မှ တရားမဝင် ကျွန်းခွဲသား (၇၀၇)ချောင်း စုစုပေါင်း (၁.၅၃၅၄) တန်တို့အား ဖမ်းဆီးရမိပြီး၊ တရားခံများအား သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၃၀.၄.၂၀၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုန်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်အဖွဲ့သည် တောင်ကုတ်မြို့နယ်၊ ညောင်ဖောက်ကျေးရွာ အနောက်ဘက်(၂)ဖာလုံခန့်အကွာနေရာမှ တရားမဝင်တောင်စကိုင်းခွဲသား (၁၈)ချောင်း (၅.၇၄၂၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၉-၄-၂၀၁၉ ရက်နေ့တွင် မုံရွာ/ယင်းမာပင်ခရိုင်၊ မုံရွာမြို့နယ် သစ်တောဦးစီးဌာနမှ လ/ထ ညွှန်မှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မုံရွာမြို့နယ်၊ အလုံ-ထန်းတောရပ်တွင် မော်တော်ယာဉ် (၃)စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသား(၄၁)ချောင်း စုစုပေါင်း (၄.၁၅၀၀) တန်တို့အား ဖမ်းဆီးရမိပြီး၊ ဆက်စပ်ပတ်သက်သော တရားခံများအား ရှာဖွေစုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

Pages