Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသို့ အသစ်ဝင်ရောက်လာသော တောအုပ်ကြီး နှင့် သုတေသနလက်ထောက် (၃) များအား ကြိုဆိုတွေ့ ဆုံပွဲ အခမ်းအနားအား သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမတွင် (၂-၉-၂၀၁၉) ရက်နေ့၊ ( ၁၅ : ၀၀ ) နာရီတွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း) ဦးကျော်ကျော်လွင် တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပါသည်။ အခမ်း အနားသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးရှိ အရာထမ်းများ၊ အမှုထမ်းများနှင့် အသစ် ဝင်ရောက်လာသော တောအုပ်ကြီး (၇၁)ဦး၊ သုတေသနလက်ထောက် (၃) (၆)ဦးတို့ တက်ရောက် ကြပါသည်။

၃၁-၈-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးမှူးအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကနီမြို့နယ်၊ ကွမ်းပင်ရေစုပေါင်းစစ်ဆေးရေးစခန်း ၏အထက်ဘက်(၁)ဖာလုံခန့်အကွာ၊ မုံရွာ-ကလေးဝကားလမ်း (၄၇/၇)မိုင်အနီး၊ ယာဉ်အမှတ်၊ YGN-1M/1557 (CANTER ဖြူပြာကြား)ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၄၇)ချောင်း (၃.၀၅၃၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁-၉-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်ယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မဘိမ်းမြို့နယ်၊ ကွန်းချောင်းဘိနယ်၊ ကြိုးပြင် (IX)အတွင်းမှ တရားမဝင် ကျွန်း သစ်/ခွဲသားဆိုဒ်စုံ (၃၁၃)လုံး/ချောင်း (၆.၀၀၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၂၉-၈-၂၀၁၉ ရက်နေ့၊ (၁၃:ဝဝ)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိ သူများအား Mr. Biplove Choudhary၊Chief of Unit, Sustainable and Inclusive Growth နှင့်ကိုယ်စားလှယ် အဖွဲ့မှ လာရောက်တွေ့ဆုံ၍ ဩဂုတ်လ(၂၀)ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ UN-REDD အဖွဲ့မှ ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် တွေ့ဆုံခြင်းကိစ္စ၊ GEF-5 စီမံကိန်းဘုတ်အဖွဲ့အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် FPIC အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရေးကိစ္စ နှင့်ပတ်သက်၍ သစ်တောဦးစီး ဌာန၏ အကြံပြုချက်ရယူခြင်း၊ GEF-7 “Landscape restoration and inprove biodiversity conservation in Bago Yoma” နှင့် GEF-LDCF “ စီမံကိန်း Reducing Climate Vulnerability of Coastal Communities of Myanmar through Ecosystem-based Approach” တို့အတွက် Co-financing ဆွေးနွေးရန်ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

၂-၉-၂၀၁၉ ရက်နေ့၊ နံနက်(၉:၃၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံ ရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစီအစဉ်အရ ဦးထွန်းထွန်းဝင်း (ဦးစီးအရာရှိ)သစ်တောသုတေသနဌာနက ထိုင်းနိုင်ငံ (Leadership Camp for Sus trainability of Forests )တက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်း ဆွေးနွေးခြင်း၊ ဦးအောင်ဆန်း(လက်ထောက်ညွှန်ကြားရေးမှူး) ဝန်းကျင်သားငှက်ဌာနက ထိုင်းနိုင်ငံ(Mitigation Wildlife Impacts of Linear Infrastructure in Lower Mekong Nations) တက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်း၊ ဒေါ်ဒီလေးဘာထွေး(သုတေသနအရာရှိ)သစ်တောသုတေသနဌာနက ဂျပန်နိုင်ငံ( Scientific Studies of Marine Mammals in Asia Symposium) တက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတ များကို ရှင်းလင်းဆွေးနွေးခြင်း၊ ဒေါ်ချိုချိုဝင်း(လက်ထောက်သုတေသနအရာရှိ)သစ်တောသုတေသနဌာနက တရုတ်နိုင်ငံ(Workshop on Bamboo Value-adding and Strategic Planning for Industrialization organized International Bamboo and Rattan Organization (INBAR) တက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် ဦးသော်ဇင်ထွန်း(တောအုပ်ကြီး) စီမံကိန်းနှင့်စာရင်းအင်းဌာနက ဖင်လန်နိုင်ငံတွင်ကျင်းပခဲ့သည့် (Seminar on IC-MNFI Project) တက်ရောက်ခဲ့သည့် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်စွဲပါ စာအမှတ်၊၁၅/၄၂၂-ဝန်ထမ်းသစ်/အဖရ(၂၀၁၉)နှင့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်စွဲပါ စာအမှတ်၊(သစ်တော)၂(၂)/(၀၈)(ဃ)(၃၅၀၃/၂၀၁၉)တို့အရ အောက်ဖော်ပြပါ အမည်ပါသူများအား သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန(ရေဆင်း)တွင် လစ်လပ်လျှက်ရှိသော (လစာနှုန်း ကျပ် ၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀) သုတေသနလက်ထောက်(၃) ရာထူးနေရာများသို့ အလုပ်စတင် ဝင်ရောက်သည့်နေ့မှစ၍ ခန့်ထားလိုက်သည် -

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်စွဲပါ စာအမှတ်၊ ၁၅/၄၂၂-ဝန်ထမ်းသစ်/အဖရ(၂၀၁၉)နှင့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်စွဲပါ စာအမှတ်၊ (သစ်တော)၂(၂)/(၀၈)(ဃ)(၃၅၀၃/၂၀၁၉)တို့အရ အောက်ဖော်ပြပါ သိပ္ပံ(သစ်တော) ဘွဲ့ရများအား သစ်တောဦးစီးဌာနတွင် လစ်လပ်လျှက်ရှိသော (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) တောအုပ်ကြီးရာထူးနေရာများသို့ အလုပ်စတင်ဝင်ရောက်သည့်နေ့မှစ၍ ခန့်ထားလိုက် သည် -

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်စွဲပါ စာအမှတ်၊၁၅/၄၂၂-ဝန်ထမ်းသစ်/အဖရ(၂၀၁၉)နှင့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်စွဲပါ စာအမှတ်၊(သစ်တော)၂(၂)/(၀၈)(ဃ)(၃၅၀၃/၂၀၁၉)တို့အရ အောက်ဖော်ပြပါ အမည်ပါသူများအား သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန(ရေဆင်း)တွင် လစ်လပ်လျှက်ရှိသော (လစာနှုန်း ကျပ် ၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀) သုတေသနလက်ထောက်(၃) ရာထူးနေရာများသို့ အလုပ်စတင် ဝင်ရောက်သည့်နေ့မှစ၍ ခန့်ထားလိုက်သည် -

Pages