၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၂၉-၄-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော ခရိုင်စစ်ကြောင်းအဖွဲ့သည် ကနီမြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝကားလမ်း(၃၅/၅)မိုင်အနီးနေရာ၌ ယာဉ်အမှတ်(၉ဌ/၅၁၉၅၇) (လေးလုံးထိုးထော်လာဂျီ)(အနီရောင်)ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား(၂၀) ချောင်း (၃.၁၄၆၆)တန်နှင့်တရားခံ(၁)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီး ဌာနများမှ ပေးပို့လာ သောစာရင်းများအရ တရားမဝင် ကျွန်း(၂၀၄.၅၂၂၈)တန်၊ သစ်မာ(၁၅၆.၂၉၉၆)တန်၊ အခြား (၃၇၀.၁၉၃၄)တန်၊ စုစုပေါင်း(၇၃၁.၀၂၆၈) တန်၊ တရားခံ(၇၇)ဦး၊ ယာဉ်/ယန္တရား(၃၀)စီး ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ အင်တော(၁)ဘိနယ်၊ ကျိုင်းခမ်းကျေးရွာ မြောက်ဘက်(၇)မိုင်ခန့်အကွာနေရာမှ တရားမဝင်အင်ကြင်/အင် သစ်လုံး/ခွဲသား/ လုံးပတ်၃ပေအောက်သစ် စုစုပေါင်း(၈၀.၃၃၆၈)တန်၊ အင်ဂျင်(၃)လုံးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။

၃၀.၄.၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ စည်ပင်သာယာရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် အမရပူရမြို့နယ်၊ မြစ်ငယ်-ထုံးဘို-ပြင်ဦးလွင်ဖြတ်လမ်း၊ မိုင်တိုင်အမှတ်(၀/၀) နေရာ၌ မော်တော်ယာဉ်အမှတ်(ဒ/၂၈၇) (အပြာရောင်) (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်အင်ခွဲသား (၂၄၃) ချောင်း (၅.၄၄၇၆)တန်ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၃၀-၄-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်မျာပါဝင်သောပူးပေါင်းအဖွဲ့သည် စေတုတ္တရာမြို့နယ်၊ မုန်းချောင်းတံတားနေရာ၌ မော်တော်ယာဉ်အမှတ်(7I/6525) A6(FAW) (အဖြူရောင်) ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား(၂၉) ချောင်း (၂.၁၇၆၈)တန် နှင့်တရားခံ(၁)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့သတင်းပို့စနစ်-CMRSဖြင့် သတင်း ပေးပို့ချက်အရ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ နှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် (၂၆-၄-၂၀၁၉) ရက်နေ့မှ (၂၇-၄-၂၀၁၉)ရက်နေ့ထိ ကြီးအုံကြီးဝဆည်အတွင်း တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီး ခြင်းဆောင်ရွက်ရာ တရားမဝင် ပိတောက်ခွဲသား (၁၉၀)ချောင်း (၁၃.၅၀၈၂) တန် ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပတ် သက်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

၂၆.၄.၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပေါက်မြို့နယ်၊ ပေါက်မြို့ရှောင်လမ်း၊ ကျောက်ထု-ပေါက်-ပခုက္ကူကားလမ်း ပေါက်ချောင်းဘေး ယာဉ်(MDY/RLGO-1317)ပေါ်မှ တရားမဝင်သစ် ပိတောက် ခွဲသား (၁၆) ချောင်း (၁.၃၇၂၄)တန် ယာဉ်(၁)စီးနှင့် အတူ တရားခံ(၃)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၂၆.၄.၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစတောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ကလေးဝ-ယာကြီးကားလမ်း (၁၁၄/၄)မိုင်အနီး ယာဉ်(MDY/9B-6589)ပေါ်မှ တရားမဝင်သစ် ပိတောက်ခွဲသား (၅၈) ချောင်း (၉.၂၃၃၈)တန် ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပတ်သက်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်/

သစ်တောဦးစီးဌာနမှ သစ်တောနည်းဥပဒေ ပြင်ဆင်ပြုစုရေးအတွက် အကျိုးသက်ဆိုင်သူများ နှင့် ဆွေးနွေးအကြံပြုချက်ရယူခြင်းများကို အောက်ပါအစီအစဉ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါ၍ အကျိုးသက်ဆိုင်သူများဖြစ်ကြသည့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၊ လွှတ်တော်ရေးရာကော်မတီဝင်များ၊ ဆက်စပ်ဌာနများ၊ အရပ်ဖက်အဖွဲ့အစည်းများ အပါအဝင် ဌာနေ တိုင်းရင်းသားများနှင့် သက်ဆိုင်ရာဒေသခံအစုအဖွဲ့ကိုယ်စားလှယ်များအား တက်ရောက်ဆွေးနွေး အကြံပြု ပေးနိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။ (ကျင်းပမည့်အချိန် ၀၈း၃၀ နာရီ မှ ၁၈း၀၀ နာရီအထိ)

Pages