Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၂၀-၈-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသတင်းရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ပုလဲမြို့နယ်၊ ပိတောက်ကုန်းကျေးရွာလမ်းခွဲအနီးတွင် မော်တော်ယာဉ် (အမှတ်မပါ) အဖြူရောင်(၆)ဘီး A-6 အမျိုးအစား ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုး/သစ်ယာခွဲသား (၂၇)ချောင်း (၄.၁၂၁၂)တန်အား ပိုင်ရှင်မတွေ့ရှိရဘဲ ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့် အညီထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၂၀-၈-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ သူရဲတန်းကြိုးဝိုင်းအကွက်အမှတ်(၃၀)နှင့် ကျောက်ဖူးကြိုးဝိုင်း အကွက်အမှတ်(၈၁)တို့အတွင်းမှ တရားမဝင် ပျဉ်းကတိုး/ဂွေး/မျောက်ငို/ ဇင်ပြွန်း/ထောက်ကြန့်/ဘင်္ဂခွဲသား (၆၆)ချောင်း (၇.၂၈၃၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၁.၈.၂၀၁၉ရက်နေ့ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ထီးလင်းမြို့နယ်၊ ဆွဲလဲ-ကျင်းသွားရွာချင်းဆက်လမ်း အထက်ကျော်ကျေးရွာ၏ မြောက်ဘက်နေရာ၌ ပင်ထောင်ချောင်းထဲထိုးကျတိမ်းမှောက်နေသော A6 ဒါန်းကား ယာဉ်အမှတ်(MDY 6J/1168)(၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသားခွဲသား (၂၅)ချောင်း(၁.၉၈၀၆)တန်အား ပိုင်ရှင်မတွေ့ရှိရဘဲ ယာဉ်နှင့် အတူဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့် အညီထိရောက် စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၂၁-၈-၂၀၁၉ ရက်နေ့၊ နံနက် ( ၀၈ : ၃၀ ) နာရီတွင် နေပြည်တော်၊ ရေးဆင်းရှိ သစ်တောသုတေ သနဌာန၊ စုဝေးခန်းမတွင် သစ်တောဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာအပူပိုင်း ဒေသသစ်နှင့်ပတ်သက် သော အဖွဲ့အစည်း (ITTO) တို့ ပူးပေါင်းဆောင်ရွက်လျှက်ရှိသည့် ''နယ်စပ် ဖြတ်ကျော်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်း မှုမြှင့်တင်ရေး စီမံကိန်း” ၏ လုပ်ငန်းစဉ်တစ်ခုအဖြစ် “ပြည်သူ အခြေပြု ကင်းလှည့်စနစ်ဖွဲ့စည်းခြင်းအ ထောက်အကူပြု SMART အခြေခံကင်းလှည့်ခြင်းနည်းစနစ် အသုံးပြုခြင်းဆိုင်ရာသင်တန်း'' ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ( မူဝါဒနှင့်စီမံကိန်း ) ဦးကျော်ကျော်လွင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ သင်တန်းသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးနှင့် သစ်တောသုတေသနဌာနမှ သစ်တောအရာရှိများ၊ သုတေသီများ၊ သင်တန်းဆရာများ၊ အမှုထမ်းများနှင့် သင်တန်းသား ( ၂၅ ) ဦး တက်ရောက်ကြပါသည်။“ပြည်သူအခြေပြုကင်းလှည့်စနစ်ဖွဲ့စည်းခြင်းအထောက် အကူပြု SMART အခြေခံကင်းလှည့်ခြင်းနည်းစနစ်အသုံးပြုခြင်းဆိုင်ရာသင်တန်း” အား အဖွဲ့အစည်းများနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်တိုးမြင့်စေရေးအထောက်အကူပြုနိုင်စေရန်၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး လုပ်ငန်းစဉ်များတွင် အဓိကကျသည့် လုပ်ငန်းတစ်ရပ်ဖြစ်သည့် အခြေခံကင်းလှည့်ခြင်းနည်းစနစ်များအား ကွင်းဆင်းဝန်ထမ်းများကျွမ်းကျင်စွာတတ်မြောက်စေရန် နှင့် မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်လျက်ရှိ သည့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းစဉ်များ၊ ဥပဒေ၊ နည်းဥပဒေများနှင့်လုပ်ငန်းစီမံချက်များအား ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်လာရန် ဆိုသည့် ရည်ရွယ်ချက် ( ၃ ) ဖြင့် ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။ ဖွင့်ပွဲတွင် သင်တန်းမှပို့ချလိုက်သော တက်ကျွမ်းတက်မြောက်လာတဲ့ အသိပညာများကို လက်တွေ့နယ်ပယ်အသီးသီးမှာ ထိထိရောက်ရောက်ပြန်လည်အသုံးပြုကြပါလို့ တိုက်တွန်းပြောကြားပါ သည်။

၁၉-၈-၂၀၁၉ ရက်နေ့၊ နံနက်(၉:၃၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်း အစီအစဉ် ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစီအစဉ်အရ ဦးသက်မောင်ဦး(ကွန်ပျူတာစီစဉ်ရေးမှူး)စီမံခန့်ခွဲရေး ဌာနက ဗီယက်နန်နိုင်ငံ (Regional Workshop on Biodiversity Data Organization and Management )တက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် ဒေါ်ဖြူဖြူခိုင်(လက်ထောက်ညွှန်ကြားရေးမှူး) လေ့ကျင့်ရေးနှင့်သုတေသနဖွံ့ဖြိုးရေးဌာနက အိန္ဒိယ နိုင်ငံတွင်ကျင်းပခဲ့သည့် (International Symposium on Transitioning Shifting Cultivation to Climate Resilient Farming Systems in South and Southeast Asia) တက်ရောက်ခဲ့သည့် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာ သူများမှအပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

၅-၈-၂၀၁၉ မှ ၁၆-၈-၂၀၁၉ ရက်နေ့အထိ (၁၂)ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် သစ်တောဦးစီးဌာနနှင့် Korea Forest Service တို့ပူးပေါင်းကျင်းပသည့် ကျေးလက် ဒေသဖွံ့ဖြိုးမှုအထောက်အကူပြုဝါးအခြေခံလက်မှုပညာသင်တန်း သင်တန်းဆင်းပွဲ အခမ်း အနားကို ၁၆-၈-၂၀၁၉ ရက်နေ့၊ (၁၅:၀၀)နာရီအချိန်၌ သစ်တောသုတေသနဌာန(ရေဆင်း)၊ စုဝေးခန်းမ တွင်ကျင်းပခဲ့ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)ဦးကျော်ကျော်လွင်နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်တို့မှ သင်တန်းဆင်းပွဲ အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင်မှ သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်မှ သင်တန်းတွင် ဆုရရှိသော သင်တန်းသားများအား ဆုများချီးမြှင့်ခဲ့ပါသည်။ ထိုနောက်သင်တန်းသားများ ပြုလုပ်ထားသည့် ဝါးလက်မှုပစ္စည်းများအား လှည့်လည်ကြည့်ရှုပါသည်။ သင်တန်းဆင်းပွဲ အခမ်းအနားသို့ သစ်တောဦးစီးဌာနမှ အရာရှိကြီးများ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှအရာထမ်း များ၊ သင်တန်းနည်းပြများ၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်နှင့် မင်းလှမြို့နယ်တို့မှ သင်တန်းသား(၂၀)ဦး တက်ရောက်ခဲ့ကြပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၆-၈-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင် များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အင်္ဂပူမြို့နယ်၊ ကျွဲသောင်ကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာအနောက်ဘက်လယ်ကွင်းစပ်နေရာမှ တရားမဝင်ပျဉ်းကတိုး/ဇင်ပြွန်း/ဖက်ဝန်း/သစ်ကတိုးခွဲသား(၁၈၇)ချောင်း (၁၇.၈၆၉၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၇-၈-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစီးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကနီမြို့နယ်၊ မုဌောကျေးရွာအောက်ဘက်၊ ချင်းတွင်းမြစ်ကမ်းဘေးတွင် စက်လှေ(၁)စီးပါဖောင်(၄)ဖောင်နှင့်အတူ တရားမဝင်ကျွန်း/အင်ခွဲသား ခန့်မှန်း(၃၃)တန်ခန့်အားပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages