၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီး ဌာနများမှ ပေးပို့လာ သောစာရင်းများအရ တရားမဝင် ကျွန်း(၂၅၄.၄၀၁၄)တန်၊ သစ်မာ(၈၀.၂၄၈၆)တန်၊ အခြား (၃၂၉.၂၃၆၉)တန်၊ စုစုပေါင်း(၆၆၃.၈၈၆၉) တန်၊ တရားခံ(၁၉)ဦး၊ ယာဉ်/ယန္တရား(၁၃)စီး ဖမ်းဆီးရမိခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၂၄-၄-၂၀၁၉ ရက်နေ့ နံနက်(၈:၄၅)တွင် ဥယျာဉ်/ဘေးမဲ့တော(၄)ခု၏ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်(နောက်ဆုံးမူကြမ်း)များအပေါ် အကြံပြုဆွေးနွေးပွဲ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သစ်တောဦးစီးဌာနမှ အရာရှိကြီးများ ၊ ဖိတ်ကြားထားသူများတက်ရောက်ကြပါသည်။

၂၃.၄.၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ ကုန်းစံကျေးရွာအနောက်ဘက်(၂)မိုင်ခန့်အကွာတောစပ်အတွင်း တရားမဝင် ပိတောက်/ယင်းတိုက်သစ်/ဓါးရွေ(၁၂၀)လုံး/ချောင်း (၈.၂၂၀၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၂၃.၄.၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် တိုက်ကြီးမြို့နယ်၊ တမံ(၁)လမ်းနှင့် ခရိုင်ချင်းဆက်လမ်းကြား၊ ရေအိုးစင်အနောက်ကုန်း၊ ကြံခင်းစပ်လျှိုအတွင်းမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/အခြားသစ်လုံး/ခွဲသား(၂၄)လုံး/ချောင်း (၇.၈၇၂၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၂၂.၄.၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် ထီးလင်းမြို့နယ်၊ ဂန့်ဂေါ-ရေမျက်နီပုလဲလမ်း၊ မိုင်တိုင်အမှတ်-၈၉/၂မိုင်နှင့်၈၉/၃မိုင်ကြား၊ ဖန်ခါးတံတားအနီးတို့မှ မော်တော်ယာဉ် (၂)စီး ပေါ်မှ တရားမဝင် ပိတောက်/အင်ကြင်ခွဲသား (၂၀၇)ချောင်း (၁၁.၃၈၀၂)တန်အား တရားခံ (၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်း တွင်အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၂၁.၄.၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦး-ဉသျှစ်ကုန်းလမ်း၊ မြို့အဝင် တိုက်ညီနောင် ဆီဆိုင်အနီး၊ ယာဉ်အမှတ် MDY-11/1797FOTON (အပြာရောင်)ပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၃၄)ချောင်း (၄.၁၅၄၆)တန် ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၁၉.၄.၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ ပ.လ.န(၂)ကျေးရွာမှ (၂)ဖာလုံခန့်အကွာ ရာဘာခြံအနီးနေရာမှ တရားမဝင်သစ် ကညင်/ကြေးလံ/ဆေးခါး/တောဇီး (၄၀)လုံး(၃၃.၂၁၆၀)တန် ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

၂၁-၄-၂၀၁၉ ရက်နေ့မှ ၂၂-၄-၂၀၁၉ ရက်နေ့တို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ အဖွဲ့သည် မိုးမိတ်မြို့နယ်အတွင်း တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းရှာဖွေဖော်ထုတ် ဖမ်းဆီးခြင်းဆောင်ရွက်လျက်ရှိရာ ဖောင်းကတောကြိုးဝိုင်းနှင့် မိုင်းသာကြိုးဝိုင်းတို့အတွင်း တရားမဝင် ကျွန်းသစ်/ခွဲသား(၁၂၃၂)ချောင်း (၃၀.၁၄၃၄)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ် တရားခံအားစုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

Pages