Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
၃-၇-၂၀၁၉ ရက်နေ့တွင် ခလရ(၉)မှ ဗိုလ်ကြီးသန့်ဇင် ဦးစီးထုတ်နုတ်(၁)စုပါဝင်သော တပ်မတော်သားများသည် လွိုင်လင်မြို့နယ်၊ မိုင်းနောင်နှင့် မိုင်းနန်းအကြားတောအတွင်း မော်တော်ယာဉ်(၃)စီးနှင့် တရားမဝင်ပိတောက်ဓါးရွေ(၄၂)ချောင်း(၅.၀၄၇၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာနသို့ (၇-၇-၂၀၁၉)ရက်နေ့တွင် လွှဲပြောင်းပေးအပ်လာပါသဖြင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။
၅-၇-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လားရှိုးကားလမ်း၊ သံမဏိစက်ရုံအနီး၊ မိုင်တိုင်အမှတ်(၃၆/၇)တွင် မော်တော်ယာဉ် အမှတ်(MDY 2B/3585) HINO (၁၀)ဘီး (ဖြူစိမ်းကြား)ယာဉ်ပေါ်မှ တရားမဝင်တမလန်း/ ပိတောက်ဓါးရွေ (၅၅) ချောင်း (၂.၃၀၀)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်း တွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။
၈-၇-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ရတခလရ(၅၀)မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည်တမူးမြို့နယ်၊ အနောက်တောင်ဘက် (၂)မိုင်ခန့်အကွာမြို့ရှောင်လမ်းတောစပ်တွင် သုံးဘီးဆိုင်ကယ်(၃)စီးနှင့် တရားမဝင်ကျွန်း/ကညင် ခွဲသား(၄၇)ချောင်း(၄.၇၀၇)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများ အား ရှာဖွေစုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁-၇-၂၀၁၉)ရက်နေ့မှ (၇-၇-၂၀၁၉) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၂၀.၈၇၂၈)တန်ဖမ်းဆီးရမိခဲ့ပါသည်။
၁.၇.၂၀၁၉ ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန် မှော်ဘီမြို့၊ ဗဟိုသစ်တောလုပ်ငန်း ဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာန၊ သင်တန်းခန်းမတွင် (၁.၇.၂၀၁၉)ရက်နေ့မှ (၅.၇.၂၀၁၉) ရက်နေ့အထိ ရက်သတ္တ(၁)ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချသည့် ရုံးလုပ်ထုံးလုပ်နည်းနှင့် မှတ်တမ်း များထားရှိခြင်း သင်တန်းအမှတ်စဉ်(၃)၏ သင်တန်းဖွင့်ပွဲအခမ်းအနားအား ဗဟိုသစ်တောလုပ်ငန်း ဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးဌာန၊ သင်တန်းကျောင်း ကျောင်းအုပ်ကြီးမှ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပြီး အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အမှုတွဲထိန်း/ရုံးအကူ အဆင့်သင်တန်းသူ(၃၀)ဦး တက်ရောက်ခဲ့ပါသည်။ ၁.၇.၂၀၁၉ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် သင်တန်းသူများမှ သင်တန်းအဝင် ဆန်းစစ် ခြင်းဖြေဆိုခဲ့ပြီး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးလှဌေးအောင်မှ ငွေစာရင်းခေါင်းစဉ်နှင့် ဌစများ ဘာသာရပ်အား သင်ကြားပို့ချခဲ့ပါသည်။ ၂.၇.၂၀၁၉ရက်နေ့တွင် လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးအောင်နိုင်ဌေးမှ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများဘာသာရပ်နှင့် ရုံးလုပ်ငန်းသဘောတရားနှင့် ရုံးစာရေးသားနည်းဘာသာ ရပ်များအား သင်ကြားပို့ချခဲ့ပါသည်။၃.၇.၂၀၁၉ရက်နေ့တွင် လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးအောင်နိုင်ဌေးမှ စာရွက် စာတမ်းများလုံခြုံစွာ ကိုင်တွယ်ထိန်းသိမ်းခြင်းနှင့် ကြေးနန်းစာရေးသားနည်း ဘာသာရပ်နှင့် ဝင်စာ/ထွက်စာများ အရေးယူဆောင်ရွက်ခြင်းဘာသာရပ်များအား သင်ကြားပို့ချခဲ့ပါသည်။၄.၇.၂၀၁၉ရက်နေ့တွင် လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးအောင်နိုင်ဌေးမှ မှတ်တမ်း ထိန်းသိမ်းခြင်း၊ စာတွဲခြင်းနှင့် စာတွဲထိန်းသိမ်းခြင်းဘာသာရပ်အား သင်ကြားပို့ချခဲ့ပြီး၊ နေ့လည် (၁၃:၀၀)နာရီတွင် သင်တန်းကျောင်းမှ သင်တန်းဆရာ/ဆရာမများဦးဆောင်၍ ညွှန်ကြားရေးမှူးရုံး၊ သစ်တောဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးသို့သွားရောက်ပြီး ရုံးလုပ်ငန်းဆောင်ရွက်နေမှုများအား သွားရောက်လေ့လာခဲ့ရာ ဦးစီးအရာရှိ ဦးမင်းအောင်နှင့် ရုံးအုပ်ကြီး ဒေါ်သိင်္ဂီချိုတို့မှ ရှင်းလင်း ပြောကြားခဲ့ပါသည်။၄.၇.၂၀၁၉ ရက်နေ့တွင် ဦးစီးအရာရှိ ဦးအောင်ရဲဝင်းမှ Viber နှင့် E-mail ပေးပို့ရာတွင် အသုံးပြုရန်လိုအပ်သော အခြေခံအချက်များဘာသာရပ်အား သင်ကြားပို့ချခဲ့ပါသည်။ နေ့လည် (၁၃:၀၀)နာရီတွင် သင်တန်းဆင်းပွဲအခမ်းအနားကျင်းပရာ သင်တန်းကျောင်း ကျောင်းအုပ်ကြီးမှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဌေးမှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။
မြန်မာနိုင်ငံသစ်တောကျောင်း၊ အခြေခံသစ်တောပညာ(၂)နှစ်သင်တန်း၊ အမှတ်စဉ်(၁၁၅)မှ သင်တန်းသား(၇၄)ဦးအားမန္တလေးမြို့ ဒို့ညီနောင် သိုင်းအဖွဲ့ချုပ်မှ ဥသျှောင်ဆရာကြီး ဦးဘမြသိန်းနှင့် ပင်မဆရာကြီး ဦးကြည်သိန်း ဦးဆောင်သည့် နည်းပြဆရာ(၃)ဦးတို့ဖြင့် (၁.၇.၂၀၁၉)ရက်နေ့မှ စတင်၍ နံနက် ပိုင်းတွင် (၀၅:၃၀)နာ ရီမှ (၁၇:၀၀)နာရီအထိ မြန်မာ့ရိုးရာသင်တန်းအား သင်ကြားပို့ချလျှက်ရှိပါသည်။၆-၇-၂၀၁၉ ရက်၊ စနေနေ့ နေ့လယ်(၁၃:၃၀)နာရီမှ (၁၅:၀၀)နာရီအထိ ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံသစ်တောကျောင်၊ ဝန်ထမ်းအိမ်ရာဝင်းအတွင်းရှိ ဝန်ထမ်းမိသားစုဝင်များ၊ သက်ကြီးရွယ်အိုများအား သူနာပြုဆရာမမှ ဆေးဝါးကုသပေးခြင်း၊ ဆေးစစ်ခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။
၃-၇-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မင်းကင်းမြို့နယ်၊ မြောင်းဇင်းရွာ အနောက်ဘက် ချောင်းဘေးနေရာ တွင် တရားမဝင်ကညင်သစ် (၇)လုံး(၈.၇၉၀၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
၄-၇-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းမျာအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ မသုတ်ရွာ၏ အနောက်ဘက်(၂)မိုင်ခန့်အကွာ သူရဲတန်းချောင်းအနီး(ဒေသအခေါ်)ရှောက်ခုံတွင် တရားမဝင် ကျွန်းခွဲသား (၃၅)ချောင်း (၄.၇၈၉၈)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။