Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်အား Myanmar Institute for Integrated Development – MIID မှ Executive Director ဖြစ်သူ Mr. Joern Kristensen ဦးဆောင်သည့်အဖွဲ့သည် ယနေ့ (၂၅-၂-၂၀၁၅ ) ရက်နေ့၊ မွန်းလွဲ (၀၂:၀၀) နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံဆွေးနွေးသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းသည် UN-HABITAT မှ Country Programme Manager, Mr. Bijay Karmacharya (ဗီဂျေး ကန်မာချာရာ) နှင့် Myanmar Climate Change Alliance - MCCA Programme ၏ Chief Technical Advisor, Mr. Psaqurale Capizzi (ပါစကာလာကာပီစီ) တို့ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ၂၅-၂-၂၀၁၅ ရက်နေ့၊ မွန်းလွဲ ၀၂:၀၀ နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် သစ်တောသယံဇာတများ ရေရှည်တည်တံ့ရေး၊ ဂေဟစနစ်တည်ငြိမ်စေရေး၊ နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်၍ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေကောင်းများအား အနာဂတ်မျိုးဆက်သစ်များ ရရှိခံစားနိုင် စေရေး၊ သစ်တောသယံဇာတများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ တောအုပ်ကြီးရာထူးနေရာများတွင် သိပ္ပံ(သစ်တောဘွဲ့) (၂၇)ဦးအား သစ်တောဦးစီးဌာန၏ ၁၆-၂-၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၀၁)ဖြင့် ရွေးချယ်ခန့်ထားလိုက်သည်။

ပညာရေးကို ကမ္ဘာနှင့်အဝှမ်း အထူးအလေးထားဆောင်ရွက်နေကြသော ယနေ့ကာလတွင် ပြည့်စုံကောင်းမွန်သော အမျိုးသားပညာရေး ဥပဒေတစ်ရပ် ချမှတ်ဖော်ဆောင်နိုင်ရေးကို နိုင်ငံတိုင်းက ကြိုးပမ်းဆောင်ရွက်နေကြပါသည်။ မြန်မာနိုင်ငံတွင်လည်း ပညာရေးကို မြှင့်တင်ရန် ရည်ရွယ်၍ အမျိုးသားပညာရေးဥပဒေကို ရေးဆွဲအတည်ပြုခဲ့ပြီး ဖြစ်ပါသည်။ မည်သည့်အရာမျှ ပြီးပြည့်စုံခြင်းမရှိနိုင်သော လောကဓမ္မတာအရ ထိုဥပဒေသည်လည်း အားလုံးက ရာနှုန်းပြည့် သဘောတူညီနိုင်မည့် ဥပဒေမျိုး ဖြစ်မလာခဲ့သည်မှာ သဘာဝကျပါသည်။

အမျိုးသားမြေအသုံးချမှု မူဝါဒ (မူကြမ်း) အပေါ် ပြည်သူလူထု၏ ဆန္ဒသဘောထားနှင့် အကြံပြုချက်များအား စုစည်းဆွေးနွေးရန်၊ ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက်များ ရယူရန်၊ ပွင့်လင်းမြင်သာစွာ ပူးပေါင်းဆွေးနွေးဆောင်ရွက်ခြင်းဖြင့် အများပါဝင်ရေးဆွဲသည့် မူဝါဒ တစ်ရပ်ဖြစ်စေရန်ရည်ရွယ်၍ ကျွမ်းကျင်သူစားပွဲဝိုင်း ဆွေးနွေးပွဲများ ကျင်းပပြုလုပ် လျက်ရှိပါသည်။

ပုပ္ပါးတောင်ဥယျာဉ်ရှိ ဇီဝမျိုးစုံမျိုးကွဲများလေ့လာခြင်းနှင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် နိုင်ငံတို့ရှိ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးမဟာဗျူဟာဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို Grand Amara Hotel ၌ ယနေ့ (၁၁.၂.၂၀၁၅) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် ကျင်းပခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်၊ ဌာနအကြီးအကဲများ၊ ကိုရီးယားသမ္မတနိုင်ငံ ပတ်ဝန်းကျင်ရေး ရာဝန်ကြီးဌာန အမျိုးသားဇီဝအရင်းအမြစ်များ သိပ္ပံဌာန(NIBR) ဥက္ကဋ္ဌ Dr. Kim Sang Bae ၊ ဗီယက်နမ်နိုင်ငံ ဒါလက်တက္ကသိုလ် ဒုတိယဥက္ကဋ္ဌ Dr. Nguyen Van Ket ၊ ဆိုးလ်အမျိုးသား တက္ကသိုလ်မှ ပါမောက္ခ Dr. Lee Woo Shin နှင့် သုတေသီ ပါမောက္ခများ၊ ကမ္ဘောဒီးယား၊ လာအို နှင့်ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

ပြောင်းလဲနေသော ခေတ်ကာလနှင့်အညီ ထာဝစဉ်ရေရှည်တည်တံ့သော သစ်တောစီမံ အုပ်ချုပ်မှုကို ရည်ရွယ်၍ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်ကို ၁၉၉၅ ခုနှစ်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလအထိ ကျေးရွာ(၇၈၈) ရွာတွင် အဖွဲ့ဝင်(၃၁၂၈၅)ဦး ပါဝင်သည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော (၁၉၀၈၁၈.၉၈) ဧက တည်ထောင်ပြီး ကြောင်းသိရှိရပါသည်။
နိုင်ငံတော်သမ္မတရုံး၏၂၀၁၃ခုနှစ်၊ဇန်နဝါရီလ(၁၁)ရက် ရက်စွဲပါစာအမှတ်၊၁၃(၁)/၇သမ္မတရုံး အရ သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများအတွင်း ကာလကြာ အခြေချနေထိုင်သည့် ကျေးရွာများ ပြန်လည်ဖွဲ့စည်းနေရာချထားပေးရန်အတွက် စီမံချက်ရေးဆွဲပြီး မြေပြင်ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

Pages