၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန(ရေဆင်း)၌ ၂၂-၁၀-၂၀၁၈ ရက်နေ့ (၁၄း၃၀)အချိန်တွင် တရုတ်သိပ္ပံအကယ်ဒမီ ဇီဝမျိုးစုံမျိုးကွဲသုတေသနနှင့် ထိန်းသိမ်းရေးစီမံကိန်း ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကျင်းပရာ သစ်တောဦစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)ဦးဇော်မင်းနှင့် သစ်တောဦးစီးဌာနမှအရာရှိကြီးများတက်ရောက်ကြပါသည်

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသစ်တောဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် AFoCO Secretariat အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ အာရှဒေသ သစ်တော ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဒေသအဆင့်လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC)တွင် ၂၀၁၈ ခုနှစ်မှစ၍ သင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။ပြည်သူအခြေပြု သစ်တောလုပ်ငန်းနှင့် လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တော စီမံအုပ်ချုပ်ခြင်းသင်တန်း (Landmark Training Course on Community Forest Management for Livelihood and Community Forest Based Enterprise Development)ကို ၈-၁၀-၂၀၁၈ ရက်နေ့မှ ၁၃-၁၀-၂၀၁၈ ရက်နေ့ အထိ ဖွင့်လှစ်ခဲ့ပါသည်။ကမ္ဘောဒီးယား၊ မြန်မာ၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ သင်တန်းသား/သူ (၂၀)ဦး တက်ရောက်ခဲ့ပြီး RECOFTC မှ သင်တန်းဆရာ(၂)ဦးက သင်တန်းပို့ချခဲ့ပါသည်။

 

သစ်တောဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)တို့ပူးပေါင်း၍ ပုပ္ပါးတောင် ဥယျာဉ်၌ သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ်(၁) ကို သဘာဝ ထိန်းသိမ်းရေးနယ်မြေများမှ သင်တန်းသား(၂၀)ဦးဖြင့် ၄-၆-၂၀၁၈ ရက်နေ့မှ ၁၃-၇-၂၀၁၈ ရက်နေ့အထိ (၆)ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး ဖြစ်ပါသည်။ သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ်(၂) ကို သင်တန်း သူ/သား (၂၅)ဦးဖြင့် ၃-၉-၂၀၁၈ ရက်နေ့မှ ၁၂-၁၀-၂၀၁၈ ရက်နေ့အထိ (၆)ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းဆင်းပွဲကို ၁၂-၁၀-၂၀၁၈ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့ပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၆၀.၅၉၀၀)တန်၊ သစ်မာ(၉၇.၁၆၁၆)တန်၊ အခြား(၇၃.၂၄၂၂)တန်၊ စုစုပေါင်း(၂၃၀.၉၉၃၈)တန်၊ တရားခံ(၂၉)ဦး၊ ယာဉ်/ ယန္တရား(၂၉)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊

        ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၀-၁၀-၂၀၁၈ ရက်နေ့၌ မောရဝတီ ရေတပ်စခန်းဌာနချုပ်၊ အကူရေယာဉ်အုပ်ကွပ်ကဲမှုအောက်ရှိ မိကျောင်းရေယာဉ်(၀၀၁)မှ တပ်ကြပ်ကြီး မျိုးထိုက်ဦး ဦးစီးပါ(၅)ဦးအဖွဲ့သည် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ပြတောင်အနီးတွင် တရားမဝင် ပိတောက်ခွဲသား/အခြားခွဲသားခန့်မှန်း(၅၀)တန်ခန့် တင်ဆောင်ထားသည့် မှောင်ခိုစက်လှေ(အောင်မျိုးဝင်း) (၁)စီး အား တရားခံ(၁၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါကြောင်း။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း( ၆၁.၇၅၇၂ တန်၊ သစ်မာ ၆၈.၆၁၈၅ တန်၊ အခြား ၁၂၀.၆၄၅၉ တန်၊ စုစုပေါင်း ၂၅၁.၀၂၁၆ တန်၊ တရားခံ(၃၂)ဦး၊ ယာဉ်/ယန္တရား(၃၅)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၅-၁၀-၂၀၁၈ ရက်နေ့၌ ရှမ်းပြည် နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ (ဂ)ဘိနယ်၊ ဝမ်ဆားဝါးကြိုးပြင် တော မိုင်းပန်မှ နောင်လွန်းရွာသွားကားလမ်း (၇)မိုင် (၂)ဖာလုံခန့်အနီးတွင် တရား မဝင် ပိတောက်သစ်(၂၀)လုံး ၇.၉၅၃၀ တန်၊ ပိတောက်ဓါးရွေ (၁၂၅)တုံး ၂၅.၁၅၅၅ တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။

မြန်မာနိုင်ငံသည် Convention on Biological Diversity (CBD) ၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ၁၉၉၄ ခုနှစ်၌ အတည်ပြုလက်မှတ် ရေးထိုးခဲ့ပြီး ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများအတွက် နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲ ဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်(NBSAP) ကိုရေးဆွဲအကောင်အထည်ဖော်လျက်ရှိပြီး တိုးတက်ဆောင်ရွက်မှုကို ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ နိုင်ငံအဆင့် အစီရင်ခံစာများရေးသား၍ CBD အတွင်းရေးမှူး ရုံးသို့ (၄)နှစ်တစ်ကြိမ် ပေးပို့လျက်ရှိပြီး ပဉ္စမအကြိမ်မြောက် နိုင်ငံအဆင့်အစီရင်ခံစာကို ၂၀၁၄ ခုနှစ်၌ တင်သွင်းခဲ့ပါကြောင်း၊

 

Pages