Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၁၃-၂-၂၀၁၉ ရက်နေ့ (၀၇း၄၅)နာရီတွင် မိုင်းဆတ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများနှင့် ခလရ(၅၂၇) တပ်ရင်းမှ ဗိုလ်မှူး ချစ်ဦးနှင့်အဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ မိုင်းဆတ်-မိုင်းပျဉ်းသွားကားလမ်း၊ နားလည်ကျေးရွာ၏အရှေ့မြောက် ဘက်အနီးမှ တရားမဝင် ပိတောက်စကွဲယား (၁၀၅)တုံး (၆)တန်ခန့်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၈-၂-၂၀၁၉ ရက်နေ့နှင့် ၉-၂-၂၀၁၉ ရက်နေ့တွင် သာယာဝတီခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ဝန်းကျင်/သားငှက်ဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ.ဝင်များ၊ ပါဝင်သောပူးပေါင်းအဖွဲ့သည် လက်ပံတန်းမြို့နယ်၊ မြောက်ဇာမရီကြိုးဝိုင်း အတွင်းမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး ခွဲသား (၄၀၆)ချောင်း (၁၈.၄၅၇၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေး ပို့ချက်အရ ၁၀-၂-၂၀၁၉ ရက်နေ့တွင် သာပေါင်းမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးသက်ဇော်ဦး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သာပေါင်းမြို့နယ်၊ လှေကြီးတက်အုပ်စု၊ ဘုရားဦးပေါက်ရွာထိပ်၌ တရားမဝင် တောင်သရက်ခွဲသား (၁၈)ချောင်း (၅.၃၀၂၀)တန်နှင့်အတူ တရားခံ (၇)ဦးအား ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သာပေါင်းမြို့မရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်လျက်ရှိပါသည်။

၄-၂-၂၀၁၉ နှင့် ၆-၂-၂၀၁၉ ရက်နေ့တို့တွင် ကလေးဝမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးအောင် ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် မော်လိုက်မြို့နယ်အတွင်း ဝေလောင်ချောင်းဘေး၊ နန့်ဖန်ခါးကြိုးဝိုင်းနှင့် ကိုးတန်ချောင်းဘေးနေရာတို့မှ တရားမဝင် တမလန်းသစ်/ခွဲသား (၅၈)လုံး/ချောင်း (၁၁.၄၃၁၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

၈-၂-၂၀၁၉ နှင့် ၉-၂-၂၀၁၉ ရက်နေ့တို့တွင် တိုက်ကြီးမြို့နယ်နှင့် မှော်ဘီမြို့နယ်၊ သစ်တောဦးစီးဌာနတို့မှ ဦးစီးအရာရှိများ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်း၊ မိုင်တိုင်အမှတ်(၇၀/၆)၊ ZTH ဆီဆိုင်အနီး၊ ပြည်လမ်းဘေးနှင့် ရင်းတိုက်ကွင်းကျေးရွာ ရွာထိပ်နေရာတို့တွင် ယာဉ်(၂)စီး(ယာဉ်အမှတ်၊ YGN-2B/6099 နှင့် YGN-5M/2048)ပေါ်မှ တရားမဝင် ကျွန်းသစ်/ခွဲသား/ယောင်ခြမ်း (၂၈၃)လုံး (၁၂.၆၀၉၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေး ပို့ချက်အရ ၈-၂-၂၀၁၉ ရက်နေ့(၂၂:၃၀)နာရီအချိန်တွင် ကံမမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးစိုးတင့် ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကံမမြို့နယ်၊ ဇီးဖြူကွင်းကျေးရွာ မြောက်ဘက်(၁)မိုင်ခန့်အကွာ၊ ပုသိမ်-မုံရွာကားလမ်း အရှေ့ဘက်(၃)မိုင်ခန့်အကွာနေရာမှ တရားမဝင် ကျွန်းခွဲသား (၇၃)ချောင်း (၉.၀၆၀၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

၇-၂-၂၀၁၉ ရက်နေ့တွင် သာယာဝတီခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့ သည် လက်ပံတန်းမြို့နယ်၊ မြောက်ဇာမရီကြိုးဝိုင်းအတွင်းမှ တရားမဝင် ကျွန်းသစ် (၂၄)လုံး (၇.၇၂၄၀)တန် အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

ဂန့်ဂေါခရိုင်အတွင်း တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းရှာဖွေဖော်ထုတ်ဖမ်းဆီးရေးလုပ်ငန်းအား လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ၁၂-၂-၂၀၁၉ ရက်နေ့၌ ဂန့်ဂေါမြို့နယ်အတွင်းမှ ပိတောက်ခွဲသား (၁၅၅)ချောင်း (၁၂.၃၂၁၄)တန်နှင့် ဆောမြို့နယ်အတွင်းမှ ပိတောက်ခွဲသား (၃၃)ချောင်း (၂.၆၀၇၂)တန်၊ စုစုပေါင်း ပိတောက်ခွဲသားဆိုဒ်စုံ (၁၈၈)ချောင်း (၁၄.၉၂၈၆)တန် ဖမ်းဆီးရမိခဲ့ပါသည်။

Pages