Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၂၁၀.၁၃၇၃)တန်၊ သစ်မာ(၆၄.၁၂၅၀)တန်၊ အခြား (၂၉၃.၅၂၂၈)တန်၊ စုစုပေါင်း(၅၆၇.၇၈၅၁)တန်၊ တရားခံ(၅၃)ဦး၊ ယာဉ်/ယန္တရား(၄၇)စီး ဖမ်းဆီးရမိခဲ့ဖြစ်ပါသည်။ဖမ်းဆီးရမိမှုများအနက်များဆုံးဖမ်းဆီးရမိမှုမှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းမြို့ နယ်၊ နန့်မွန်းဘိနယ်၊ နန့်မွန်းမြို့ရပ်ကွက်(၁)/ မိုင်းနောင်ဘိနယ်၊ ညောင်ပင်ကျေးရွာအတွင်း တို့မှ တရားမဝင်ကျွန်း/သစ်မာ/အခြား ခွဲခြမ်း/ခွဲသား (၃၅၆၁)ခြမ်း/ချောင်း (၇၆.၁၅၂၀)တန်၊ ဆိုင်ကယ်(၃)စီး၊ သစ်စက်(၃)လုံးနှင့်ဆက်စပ်ပစ္စည်းများ၊ တရားခံ(၂)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်။

အမျိုးသားမြေအသုံးချမှုကောင်စီ၊ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (OneMap Myanmar) ရေးဆွဲအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၊ ပထမအကြိမ်အစည်းအဝေးပွဲကို (၁၇-၇-၂၀၁၉) ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီတွင် သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ကောမတီဥက္ကဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ တက်ရောက် အဖွင့်အမှာစကား ပြောကြားပါသည်။ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (OneMap Myanmar) ရေးဆွဲ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီကို ၂၀၁၉ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင်ဖွဲ့စည်းခဲ့ပြီး၊ ယခု အစည်းအဝေးသည် ပထမအကြိမ်ကျင်းပသော အစည်းအဝေးဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီအနေ ဖြင့် လက်ရှိဆောင်ရွက်နေဆဲ လုပ်ငန်းများအခြေခံပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အပေါ် ဆွေးနွေးချမှတ်ပေးရန် လိုအပ်သည့်အတွက် ယခုလိုအစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်း၊
နိုင်ငံအတွင်းရှိ သဘာဝသယံဇာတများအား ပြည်သူပြည်သားများ၏ စားဝတ်နေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အသုံးပြုရေးနှင့် အနာဂတ်မျိုးဆက်သစ်များ ရယူအသုံးပြုနိုင် ရေးတို့အတွက် အရေးကြီးကြောင်း၊ မြေသယံဇာတများ စီမံအုပ်ချုပ်လုပ်ကိုင်ရာတွင် ကြီးကြပ် လမ်းညွှန်ရန်နှင့် ပေါင်းစပ်ညှိနှိုင်းပေးရန် မြေအသုံးချမှုဆိုင်ရာအချက်အလက်များကို စုစည်းထားရန် လိုအပ်ကြောင်း၊ တစ်နိုင်ငံလုံးအတွက် သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ်တစ်ခုတည်ထောင် ရန် ယနေ့အစည်းအဝေးတွင် တက်ရောက်လာကြသည့် အဖွဲ့ဝင်များအနေဖြင့် ပေါင်းစပ်ညှိနှိုင်းပေး ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်၏ မြေသယံဇာတများကို စဉ်ဆက်မပြတ် စီမံအုပ်ချုပ်၊ အသုံးချနိုင်ရေးအတွက် အမျိုးသားမြေအသုံးချမှုမူဝါဒကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှာထုတ်ပြန်ကြေညာခဲ့ပြီး မြေအသုံးချမှု မူဝါဒပါ ရည်ရွယ်ချက်များ၊ လမ်းညွှန်မှုများနှင့် အခြေခံမူများကို အကောင်အထည်ဖော်ဆောင်ရွက် ရေးအတွက် အမျိုးသားမြေအသုံးချမှုကောင်စီကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ အမျိုးသားမြေအသုံးချမှုမူဝါဒအပိုင်း ၁၊ အခန်း ၃ တွင် ပြည်သူများမှ သတင်းအချက်အလက်များကို အလွယ်တကူရယူသုံးစွဲရေးအပါအဝင်ထိရောက်သောမြေနှင့်သက်ဆိုင်သည့် သတင်းအချက်အလက် များစီမံခန့်ခွဲမှုဖွံ့ဖြိုးတိုးတက်စေရန်ဆိုသည့် အခြေခံမူဖော်ပြပါရှိပါကြောင်း၊ အပိုင်း ၂ အခန်း ၃ သည်လည်း မြေနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်စီမံခန့်ခွဲခြင်းဆိုပြီး လမ်းညွှန်မှုပြုထား သည့်အတွက် အမျိုးသားမြေအသုံးချမှု လုပ်ငန်းကော်မတီများဖွဲ့စည်းရန် စီစဉ်ခဲ့ရခြင်းဖြစ်ကြောင်း၊၂၀၁၆ ခုနှစ်မှစတင်ပြီး ဖွဲ့စည်းထားခဲ့တဲ့မြန်မာအမျိုးသားမြေပုံစနစ် နည်းပညာဆိုင်ရာ ကြီးကြပ်မှုကော်မတီ (OneMap Myanmar Technical Steering Committee)အား မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ် (OneMap Myanmar) ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(OneMap Myanmar)ရေးဆွဲ အကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီ၏ သတ်မှတ်လုပ်ငန်းတာဝန် ၁၂ ရပ်သည် အမျိုးသားမြေအသုံးချမှုမူဝါဒပါ မြေနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များ စီမံခန့်ခွဲခြင်းလုပ်ငန်းများနှင့် အမျိုးသားမြေ အသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန်များကိုထိရောက်စွာအကောင်အထည်ဖော်ရန်၊ မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ် တည်ထောင်ခြင်းစီမံကိန်းတွင် ပါဝင်ဆောင်ရွက်နေသည့် ဌာနများ၊ ဆက်စပ် ပတ်သက်နေသောအဖွဲ့အစည်းများနှင့် ပူပေါင်းဆောင်ရွက်နိုင်ရေးပံ့ပိုးပေးနိုင်ရန်နှင့် လမ်းညွှန်မှုပေး ရန်၊ မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ်ဆိုင်ရာမူဝါဒ ပေါ်ထွန်းလာစေရေး ကြီးကြပ်ဆောင်ရွက်ရန်တို့ ဖော်ပြပါဝင်ပါကြောင်း၊ လုပ်ငန်းကော်မတီအနေနှင့် မြေသယံဇာတများကိုစနစ်တကျ စီမံအုပ်ချုပ် လုပ်ကိုင်ရန်နှင့် နိုင်ငံအဆင့်သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ်တစ်ခုတည်ထောင်ရန်အတွက် အဖွဲ့ဝင်များအနေ ဖြင့်ပေါင်းစပ်ညှိနှိုင်းပေးရန်အရေးကြီးကြောင်း၊ သတ်မှတ်ထားသည့်လုပ်ငန်းတာဝန်များကို ကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း အစည်းအဝေးမှာရှေ့ဆက်ဆောင်ရွက်ကြရမည့် လုပ်ငန်းများ ကို ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးညှိနှိုင်းကြပါရန် တိုက်တွန်းပြောကြားပါသည်။အစည်းအဝေးသို့ လုပ်ငန်းကော်မတီအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခ(ဌာနမှူး)၊ One Map Myanmar နည်းပညာဆိုင်ရာအဖွဲ့များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြကြောင်း သိရှိရပါသည်။

၁၆-၇-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ပေါက်တောကြိုးဝိုင်းအကွက်အမှတ်(၁၃)အတွင်း တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းဆောင်ရွက်ရာ ကျွန်းခွဲခြမ်း(၄၇)ခြမ်း(၈.၅၆၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၀.၇.၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်၊ (၁၅/၀)အနီး၊ ကြီးလေးကြီး လမ်းပေါ် ကြို့ကုန်းကျေးရွာအနီး ယာဉ်(3A/2946 (၆)ဘီး FUSO ဖြူပြာကြား)ပေါ်မှ တရားမဝင် အခြားသစ်ခွဲသား (၉၇) ချောင်း (၈.၆၁၃၀)တန် နှင့်အတူ တရားခံ(၁)ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၄-၇-၂၀၁၉ ရက်နေ့တွင် သစ်တောဦးစီးရုံးချုပ်၊ စစ်ဆေးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးညှင်းမြို့နယ်အတွင်း တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းဆောင်ရွက်ရာ ဂျင်ဒေါင်းအင်ဂျင်(၂၂)ကောင်(၂)လုံး၊ ဂျင်ဒေါင်းအင်ဂျင် (၃၀)ကောင်(၁)လုံး၊ ချိန်းဆော(၁)လုံး၊ ဆိုင်ကယ်(၃)စီးနှင့် တရားမဝင်ကျွန်း/စကားဝါ/ ယမနေ/သင်္ကန်း/တမာ/ယင်းမာ/ကညင်/ခလောင်/မအူ/ဘိုင်/ကြေးလံသစ်/ခွဲသား(၃၅၆၁)လုံး/ချောင်း(၇၆.၁၅၂၀)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၃-၇-၂၀၁၉ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ရေဖြူမြို့နယ်၊ ရေး-ထားဝယ်ကားလမ်း၊ သက္ကယ်ကွက်ကျေးရွာအနီးမိုင်တိုင် (၂၄/၁)နှင့် (၂၇/၇)နေရာတို့တွင် မော်တော်ယာဉ်အမှတ်၊ (SHN-2C/1955) NISSAN DIESEL ယာဉ်နှင့် မော်တော်ယာဉ်အမှတ်(MDY-5B/1026) NISSAN DIESEL ယာဉ်တို့ပေါ်မှ တရားမဝင် ပိတောက် ခွဲသား(၁၄၂)ချောင်း (၂၀.၉၉၉၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၁၁-၇-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ ပါဝင်သောအဖွဲ့သည် မဘိမ်းမြို့နယ်၊ နန့်မဲကြိုးဝိုင်းအကွက်(၁)အတွင်းမှ တရားမဝင် ကျွန်းသစ်(၁၈)လုံး (၄.၀၀၄၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၁-၇-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-မိုင်းဆတ် ခရိုင်၊ မိုင်းဆတ်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခလရ(၄၉)တပ်မှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ ဆိုက်ခေါင်မြို့ဝင်ဂိတ်တွင် မော်တော်ယာဉ်အမှတ်(8J-8283) LIGHT TRUCK မီးခိုးရောင်(၆)ဘီး ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၈)ချောင်း (၀.၄၃၀၀)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages