၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၅၈.၈၈၁၀)တန်၊ သစ်မာ(၁၁၂.၃၆၂၆)တန်၊ အခြား(၁၂၁.၀၃၄၀)တန်၊ စုစုပေါင်း(၂၉၂.၂၇၇၆)တန်၊ တရားခံ(၃၅)ဦး၊ ယာဉ်/ ယန္တရား(၃၆)စီ ဖမ်းဆီးရမိခဲ့ပါကြောင်း၊

    ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ ခရိုင်၊ ဘုတလင်မြို့နယ်၊ သပြေတောကျေးရွာ၏ အောက်ဘက်(၂)ဖာလုံခန့်အကွာ၊ ချင်းတွင်းမြစ်အတွင်း တရားမဝင် ကျွန်းခွဲသား(၁)ချောင်း (၀.၁၅၀၀)တန်၊ ပိတောက် ခွဲသား (၅၁)ချောင်း (၈.၉၆၇၀)တန်၊ သစ်ယာခွဲသား(၁၄)ချောင်း (၁.၀၇၄၄)တန်၊ အင်သစ်(၉)လုံး (၃.၃၆၄၀)တန်၊ အင်ခွဲသား (၁၈၀)ချောင်း (၂.၀၂၁၂)တန်၊ အင်ပကာ (၂၂၇)ချောင်း (၃.၃၂၆၄)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါကြောင်း။

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသစ်တောဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် AFoCO Secretariat အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ အာရှဒေသ သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဒေသအဆင့်လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC)တွင် ၂၀၁၈ ခုနှစ်မှစ၍ သင်တန်းများ ဖွင့်လှစ် ပို့ချလျက်ရှိပါသည်။

မီးထိန်းချုပ်သည့် ပုံစံသစ်များ ပေါ်ထွက်လာစေရန်နှင့် ပြည်သူအခြေပြု သစ်တောမီး ထိန်းချုပ်ခြင်း နည်းစနစ်များကို သိရှိနားလည်စေရန်၊ အဖွဲ့ဝင်နိုင်ငံများနှင့် ကိုရီးယား သမ္မတနိုင်ငံတွင် အသုံးပြုနေသည့် သစ်တောမီး စီမံအုပ်ချုပ်ခြင်း နည်းစနစ်များအနက် အကောင်းဆုံး နည်းလမ်းများကို ရရှိစေရန် ရည်ရွယ်လျက် သင်တန်းဖွင့်လှစ်ပို့ချခဲ့ ပါသည်။

သစ်တောမီး ကာကွယ်ထိန်းချုပ်ခြင်းနှင့်ပတ်သက်၍ အစိုးရဝန်ထမ်းများ၏ စွမ်းဆောင် ရည်များကို ပိုမိုအားကောင်းစေပြီး ခေတ်မီတိုးတက်သည့် သစ်တောသိပ္ပံဆိုင်ရာ နည်း ပညာများအပေါ် အခြေခံကာ နည်းလမ်းကောင်းများ ဖော်ထုတ်အသုံးချနိုင်စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိခဲ့ပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၃၇.၂၅၀၆)တန်၊ သစ်မာ(၆၀.၃၄၁၄)တန်၊ အခြား(၆၇.၅၀၁၂)တန်၊ စုစုပေါင်း(၁၆၅.၀၉၃၂)တန်၊ တရားခံ(၂၆)ဦး၊ ယာဉ်/ ယန္တရား(၁၇)စီ ဖမ်းဆီးရမိခဲ့ပါကြောင်း၊

           ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး ခရိုင်၊ ကလေးဝမြို့နယ်၊ မြို့မဘိနယ်၊ ကလေးဝ- မော်လိုက်ကားလမ်း(၃/၇)မိုင်မှ အနောက်ဘက်(၁)ဖာလုံခန့်အကွာတွင် တရားမဝင် ပျဉ်းကတိုးခွဲသား(၄၂)ချောင်း (၁.၅၅၀၀) တန်၊ အင်ခွဲသား(၁၅၁)ချောင်း (၂၇.၁၆၃၈)တန်၊ ယာဉ်(၄)စီးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါကြောင်း။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၇၁.၃၆၃၅)တန်၊ သစ်မာ(၁၃၀.၉၀၅၁) တန်၊ အခြား(၅၆.၀၂၁၃)တန်၊ စုစုပေါင်း(၂၅၈.၂၈၉၉)တန်၊ တရားခံ(၄၅)ဦး၊ ယာဉ်/ ယန္တရား(၃၉)စီ ဖမ်းဆီးရမိခဲ့ပါကြောင်း၊

     ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ် ခရိုင်၊ မိုင်းဆတ်မြို့၊ မိုင်းခုတ်ဘိနယ်၊ (၁၄)မိုင်ခန့်အကွာ၊ မိုင်းဆတ်- မိုင်းခုတ်သွားကား လမ်းဘေး မြောက်ဘက်(၂၃)ကီလိုမီတာအကွာမှ တရားမဝင် ပိတောက်စကွဲယား (၁၇၉)တုံး (၃၄.၈၃၈၂)တန် ဖမ်းဆီးရမိခဲ့ပါကြောင်း။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန(ရေဆင်း)၌ ၂၂-၁၀-၂၀၁၈ ရက်နေ့ (၁၄း၃၀)အချိန်တွင် တရုတ်သိပ္ပံအကယ်ဒမီ ဇီဝမျိုးစုံမျိုးကွဲသုတေသနနှင့် ထိန်းသိမ်းရေးစီမံကိန်း ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကျင်းပရာ သစ်တောဦစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)ဦးဇော်မင်းနှင့် သစ်တောဦးစီးဌာနမှအရာရှိကြီးများတက်ရောက်ကြပါသည်

Pages