၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၂၂.၂.၂၀၁၉ ရက်နေ့ (၁၇:၃၀)နာရီအချိန်တွင် ရှေ့တန်းခလရ(၁၂၁)မှ ဗိုလ်မှူး ဦးစီးသော တပ်မတော်တပ်ဖွဲ့ဝင်များသည် ဗန်းမော်မြို့နယ်၊ မိုင်းစိမ်းဒေသမှ တရားမဝင် ကျွန်းသစ်လုံး/ခွဲသား တန်(၅၀)ကျော်အား သစ်စက်နှင့်ဆက်စပ်စ္စည်းများ၊ နိုင်ငံသားတရားခံ(၃)ဦးနှင့် တရုတ်နိုင်ငံသား တရားခံ(၃)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်လာ၍ မံစီမြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားပါသည်။

၂၄-၂-၂၀၁၉ ရက်နေ့တွင် တိုက်ရေယာဉ်(၁၁၆)မှ ဗိုလ်ကြီးကိုကိုလေး (ရေ-၄၅၀၁)ဦးစီးသည့်အဖွဲ့သည် ကျွန်းစုမြို့နယ်၊ သစ်ရာကျွန်းတောင်ဘက် (၄)မိုင်ခန့်အကွာနေရာ၌ စက်လှေ(၁)စီးပေါ်မှ တရားမဝင် ဥဘန်/ကတွဒ် ခွဲသား (၁၇၄)ချောင်း (၉.၈၆၂၈)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ကျွန်းစုမြို့မရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်လျက် ရှိပါသည်။

၂၄-၂-၂၀၁၉ ရက်နေ့တွင် ကမ်းခြေစောင့်ရေယာဉ်(၄၀၅)မှ ဗိုလ်ကြီးတင်ကိုထွန်း၊ သစ်တောဝန်ထမ်း(၁)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လပွတ္တာ မြို့နယ်၊ ထုံးဘူးကျအဝစုကျေးရွာအနီး၊ ပြာမလော့မြစ်အတွင်းရှိ စက်လှေ(၁)စီးပေါ်မှ တရားမဝင် သစ်ပုတ်/ လက်ပံ/ဘောင်ဆန့်/မအူ/ဒီးဒူ ခွဲသား (၇၄၈)ချောင်း (၈.၄၂၇၂)တန်အား တရားခံ(၅)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဘီတွဒ်ရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်လျက် ရှိပါသည်။

၂၄-၂-၂၀၁၉ ရက်နေ့တွင် သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သာပေါင်းမြို့နယ်၊ ငဝန်ကြို့ကုန်းအုပ်စု၊ ရှောက်ချောင်းဝနေရာရှိ စက်လှေ(၂)စီးပေါ်မှ တရားမဝင် သစ်ပုတ်/တောင်သရက် ခွဲသား (၅၃)ချောင်း (၁၇.၁၉၁၄)တန်၊ တရားခံ(၁)ဦးဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သာပေါင်းမြို့မရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ ချက်အရ ၂၄-၂-၂၀၁၉ ရက်နေ့တွင် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဂွမြို့နယ်၊ ချောင်းသာကြီးချောင်းအတွင်းမှ တရားမဝင် ကညောင်း/တောင်သရက် ခွဲသား (၁၁၃)ချောင်း (၂၀.၆၉၀၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

၂၄-၂-၂၀၁၉ ရက်နေ့တွင် ပြင်ဦးလွင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်မြို့ရှောင်လမ်းဘေးရှိ ယာဉ်အမှတ်YGN-9M/2046 တွဲကား(ဆီဘောက်ဆာ)အတွင်းမှ တရားမဝင် တမလန်း/ပိတောက်ဓါးရွေ (၄၇)တုံး (၈.၀၈၃၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဒေသအဆင့်လေ့ကျင့်ပညာပေးရေး သင်တန်း ကျောင်း (AFoCO RETC)တွင် ၂၀၁၈ ခုနှစ်မှစ၍ သင်တန်းများ ဖွင့်လှစ်ပို့ချ လျက်ရှိပါသည်၊၂၀၁၉ ခုနှစ်အတွင်း ဖွင့်လှစ်ပို့ချသွားမည့် သင်တန်းအစီအစဉ်အနက် “သစ်တောများ ပြန်လည်တည်ထောင်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကို ဦးတည်လျက် ကိုရီးယားသမ္မတ နိုင်ငံ၏ အမျိုးသားအဆင့် စ်တောများ ပြန်လည်တည်ထောင်ခြင်း အတွေ့အကြုံများမှ ရရှိသည့် သင်ခန်းစာများဆိုင်ရာ ပုံမှန်သင်တန်းအစီအစဉ်” (AFoCO Regular Training Course on Lessons Learned from the National Reforestation Experiences of the Republic of Korea with Focus on Reforestation and Food Security)သင်တန်းကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၂ ရက်နေ့အထိ ဖွင့်လှစ်ကျင်းပခဲ့ပါသည်၊ နိုင်ငံအလိုက် သို့မဟုတ် နယ်နမိတ် ထိစပ်လျက်ရှိသော နိုင်ငံများကြား သစ်တောများ ပြန်လည်ထူထောင်ရေးနှင့် စားနပ်ရိက္ခာဖူလုံစေရေး လုပ်ငန်းမူဝါဒနှင့် စီမံ အုပ်ချုပ်ခြင်း များအပေါ် စံနမူနာ လုပ်ငန်းများကို မျှဝေနိုင်ရန်၊ သစ်တောများ ပြန်လည်ထူထောင် ရာတွင် ယခင် အတွေ့အကြုံကောင်းများမှ သင်ခန်းစာယူ၍ ကိုယ်ပိုင်စံနမူနာ ပုံစံများ ဖော်ထုတ်နိုင်ရန်၊ ဆောင်ရွက်ဆဲ/ဆောင်ရွက်သွားမည့် သစ်တောပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများကို အာရှ နိုင်ငံများသို့ ဦးဆောင်လမ်းပြပေးရန် ရည်ရွယ်လျက် ဤ သင်တန်းအစီအစဉ်ကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်၊ကွင်းဆင်းလေ့လာရေး ခရီးစဉ်အဖြစ် မြန်မာ့သစ်တောများ ပြန်လည်ထူထောင်ရေး စီမံကိန်း ဧရိယာဖြစ်သော ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ကောလိယကြိုးဝိုင်းရှိ ၂၀၁၈-၂၀၁၉ ခုနှစ်၊ ကျွန်းစိုက်ခင်း ဧက(၁၅၀)သို့ သွားရောက်လေ့လာခဲ့ကြပါသည်၊

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သောစာရင်းများအရ တရားမဝင် ကျွန်း(၂၂၀.၇၇၁၉)တန်၊ သစ်မာ(၁၃၈.၅၅၅၈)တန်၊ အခြား (၃၈၈.၂၁၅၇)တန်၊ စုစုပေါင်း(၇၄၇.၅၄၃၄)တန်၊ တရားခံ(၈၂)ဦး၊ ယာဉ်/ယန္တရား(၆၆)စီး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုးမိတ်မြို့နယ်၊ မိုးလိုဘိနယ်၊ မိုင်းနင်းကျေးရွာအနီးမှ တရားမဝင် ကျွန်းသစ်(၁၇၉)လုံး (၃၆.၉၁) တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်

Pages