၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း( ၆၁.၇၅၇၂ တန်၊ သစ်မာ ၆၈.၆၁၈၅ တန်၊ အခြား ၁၂၀.၆၄၅၉ တန်၊ စုစုပေါင်း ၂၅၁.၀၂၁၆ တန်၊ တရားခံ(၃၂)ဦး၊ ယာဉ်/ယန္တရား(၃၅)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၅-၁၀-၂၀၁၈ ရက်နေ့၌ ရှမ်းပြည် နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ (ဂ)ဘိနယ်၊ ဝမ်ဆားဝါးကြိုးပြင် တော မိုင်းပန်မှ နောင်လွန်းရွာသွားကားလမ်း (၇)မိုင် (၂)ဖာလုံခန့်အနီးတွင် တရား မဝင် ပိတောက်သစ်(၂၀)လုံး ၇.၉၅၃၀ တန်၊ ပိတောက်ဓါးရွေ (၁၂၅)တုံး ၂၅.၁၅၅၅ တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။

မြန်မာနိုင်ငံသည် Convention on Biological Diversity (CBD) ၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ၁၉၉၄ ခုနှစ်၌ အတည်ပြုလက်မှတ် ရေးထိုးခဲ့ပြီး ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများအတွက် နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲ ဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်(NBSAP) ကိုရေးဆွဲအကောင်အထည်ဖော်လျက်ရှိပြီး တိုးတက်ဆောင်ရွက်မှုကို ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ နိုင်ငံအဆင့် အစီရင်ခံစာများရေးသား၍ CBD အတွင်းရေးမှူး ရုံးသို့ (၄)နှစ်တစ်ကြိမ် ပေးပို့လျက်ရှိပြီး ပဉ္စမအကြိမ်မြောက် နိုင်ငံအဆင့်အစီရင်ခံစာကို ၂၀၁၄ ခုနှစ်၌ တင်သွင်းခဲ့ပါကြောင်း၊

 

ဖမ်းဆီးရမိသည့် တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများတွင် ဆင်စွယ်(၂၇၇)ချောင်း၊ ဆင်အရိုးနှင့် တိရစ္ဆာန်အရိုးမျိုးစုံ(၂၂၇)ချောင်း၊ တိရစ္ဆာန်သားရေမျိုးစုံ(၄၅)ချပ်၊ တိရစ္ဆာန်ဦးချိုမျိုးစုံ(၁၅၄၄)ချောင်း၊ သင်းခွေချပ်အကြေးခွံ(၄၅.၅)ကီလိုဂရမ်နှင့် အခြားတောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းမျိုးစုံ(၁၂၈)ခု၊ စုစုပေါင်း အလေးချိန် (၈၄၉.၂၆)ကီလိုဂရမ်အား မီးရှှိုု့ဖျက်ဆီးခဲ့ခြင်းဖြစ်ပါသည်။ ကာလတန်ဘိုးခန့်မှန်းအားဖြင့် အမေရိကန်ဒေါ်လာ (၁.၃)သန်းခန့် ရှိပါသည်။

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသစ်တောဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် AFoCO Secretariat အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ အာရှဒေသ သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဒေသအဆင့်လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC)တွင် ၂၀၁၈ ခုနှစ်မှစ၍ သင်တန်းများဖွင့်လှစ်ပို့ချလျက်ရှိပါသည်။ 

အမျိုးသားမြေအသုံးချမှု မူဝါဒဆိုင်ရာဖိုရမ်ဖွင့်ပွဲအခမ်းအနားကို မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ(MICC-2 )၌ ၂-၁၀-၂၀၁၈ ရက်နေ့၊ နံနက် ဝ၉:ဝဝ နာရီတွင် ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ အမျိုးသားမြေအသုံးချမှု မူဝါဒဆိုင်ရာဖိုရမ်အခမ်းအနားကို ၃-၁၀-၂၀၁၈ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။
 

ဦးနေလင်းထွန်း(တောအုပ်ကြီး) စီမံကိန်းနှင့် စာရင်းအင်းဌာနက အီတလီနိုင်ငံ (မြန်မာနိုင်ငံ၏ သစ်တောသယံဇာတ စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ဆွေးနွေးညှိုနှိုင်းမည့်အစည်းအဝေး )တက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်း၊  ဦးလှမျိုးအောင် (လက်ထောက်ညွှန်ကြားရေးမှူး)သစ်တောသုတေသနဌာနက  အမေရိကန်နိုင်ငံတွင် တက်ရောက်ခဲ့သည့် (Natural Capital Symposium) တက်ရောက်ခဲ့သည့် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် ဦးအောင်ဆန်း(လက်ထောက်ညွှန်ကြားရေးမှူး) ဝန်းကျင်သားငှက်ဌာနက လာအိုနိုင်ငံတွင်ကျင်းပခဲ့သည့် (ASEAN Working Group on CITES and Wildlife Enforcement-AWG CITES and WE) တက်ရောက်ခဲ့သည့် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်း ဒေါ်ဆွေဆွေထွန်း(လက်ထောက်ညွှန်ကြားရေးမှူး)သစ်တောသုတေသနဌာနက နီပေါနိုင်ငံတွင် (Expert Consultation Workshop on Hindu Kush Himalayan Mountain Sils) အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် အတွေ့အကြုံဗဟုသုတများကိုရှင်းလင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

စီမံကိန်းလုပ်ငန်း ကြီးကြပ်မှုကော်မတီနှင့် စီမံကိန်းလုပ်ငန်း အစီရင်ခံစာပြုစုရေးကော်မတီ(PSC/PRC) အစည်းအဝေးကို (၁-၁၀-၂၀၁၈) ရက်နေ့၊ နံနက် (၁၁:ဝ၀)နာရီတွင်သစ်တောဦးစီးရုံးချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင် (ဥက္ကဌ စီမံကိန်းလုပ်ငန်းအစီရင်ခံစာပြုစုရေးကော်မတီ) တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။

သစ်တောဦးစီးဌာနနှင့် နော်ဝေနိုင်ငံ ရေသုတေသနဌာန (NIVA) တို့ဦးဆောင်၍ အခြားဆက်စပ်ဌာနများဖြစ်ကြသော ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ တာဝန်ရှိသူများနှင့် ပဲခူးမြို့ဒေသခံများ၊ လူမှုအဖွဲ့အစည်းများမှ ပဲခူးမြစ်ဝှမ်းဒေသစီမံအုပ်ချုပ် လုပ်ကိုင်မှုစီမံချက်နှင့် ပတ်သက်၍ ဦးစားပေးအကောင်အထည်ဖော်သင့်သောအချက်များ၊ ထပ်မံဖြည့်စွက်ဆောင်ရွက်သင့်သောအချက်များနှင့် ပဲခူးမြစ်နှင့်ပတ်သက်၍ ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းသင့်သောနည်းလမ်းများဖော်ထုတ်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။

 

Pages