၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

Training Workshop on Independent Third Party Verification based on  Myanmar Timber Legality Assurance System အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ၂၄-၉-၂၀၁၈ ရက်နေ့၊ နံနက်(၉:ဝ၀)နာရီ်၌ သစ်တောသုတေသနဌာန၊ ရေဆင်း(စုဝေးခန်းမ)တွင်ကျင်းပပြုလုပ်ခဲ့ရာသစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)ဦးဇော်မင်း တက်ရောက်၍အမှာစကားပြောကြားပါသည်။ အစည်းအဝေးသို့ သစ်တောဦးစီးဌာနမှ အရာရှိကြီးများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြပါသည်။

အမျိုးသားမြေအသုံးချမှုမူဝါဒဆိုင်ရာဖိုရမ်ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နှင့် ၃ ရက် တို့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ(၂) (MICC II)၊ နေပြည်တော်တွင် ကျင်းပပြု လုပ်သွားမည် ဖြစ်ပါသည်။
https://docs.google.com/forms/d/1QaQ5OgVD0xILE-5BFxbt6tESzB3GjaoHecwOEKb...

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၂၁-၉-၂၀၁၈ ရက်နေ့၊ နံနက် (ဝ၉:၃၀) နာရီအချိန်တွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများအား Marubeni Corporation (Yangon Branch)မှ Mr.Kunio NEGISHI နှင့် ကိုယ်စားလှယ်အဖွဲ့သည် လာရောက်တွေ့ဆုံ၍ REDD+,နေရောင်ခြည်မှ လျှပ်စစ်စွမ်းအင် ထုတ်ယူသုံးစွဲရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်ယူသုံးစွဲရေး စီမံကိန်းဆိုင်ရာအကြောင်းအရာများ ကိုရှင်းလင်းဆွေးနွေးခဲ့ပါသည်။
 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၂၀-၉-၂၀၁၈ ရက်နေ့၊ နေ့လယ် (၁:ဝ၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများအား WWF-US မှ Vice President ဖြစ်သူ Ms. Kate Newman နှင့် ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ၍ အစိမ်းရောင်အခြေခံအဆောက်အဦလမ်းညွှန်(Green Infrastructure Guideline) ရေးဆွဲရေးနှင့် ဆက်စပ်ကိစ္စရပ်များအားရှင်းလင်းဆွေးနွေးခဲ့ပါသည်။

စီမံကိန်း ကနဦး အလုပ်ရုံဆွေးနွေးပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများအား စီမံကိန်းတွင် လုပ်ဆောင်မည့်လုပ်ငန်းစဉ်များအား အသိပေးရန်နှင့် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ကနဦးအလုပ်ရုံဆွေးနွေးပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသ အာဏာပိုင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၉၁) ဦးတက်ရောက်ခဲ့ပါသည်။

 

သဘာဝထိန်းသိမ်းရေးနယ်မြေများအတွင်း နေရင်းဒေသပြန်လည်တည်ထောင်ခြင်း လုပ်ငန်းစီမံချက်(Habitat Restoration Action Plan)ရေးဆွဲတင်ပြခြင်း အစည်းအဝေးပိတ်ပွဲအခမ်းအနားကို ၁၉-၉-၂၀၁၈ ရက်နေ့၊ (ဝ၁:၄၅)နာရီတွင် သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော် တက်ရောက်၍ နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းနားကိုရုပ်သိမ်းလိုက်ပါသည်။

သဘာဝထိန်းသိမ်းရေးနယ်မြေများအတွင်း နေရင်းဒေသပြန်လည်တည်ထောင်ခြင်း လုပ်ငန်းစီမံချက် (Habitat Restoration Action Plan) ရေးဆွဲတင်ပြခြင်း အစည်းအဝေးကို ၁၈-၉-၂၀၁၈ ရက်နေ့၊ နံနက်(၀၈:၃၀)နာရီတွင် သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ 

၁၇- ၉-၂၀၁၈ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ၌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသား ပြည်သူ့ကွန်ဂရက် (NPC)အမြဲတမ်းကော်မတီ၏ ဒုတိယဥက္ကဌ H.E Prof. Ding Zhongli ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးအဖွဲ့ဝင် ကိုယ်စားလှယ်ပေါင်း (၃၃)ဦးတို့သည် မြန်မာနိုင်ငံသို့ လာရောက်သည့် ချစ်ကြည်ရေးခရီးစဉ်အတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန (ရေဆင်း)သို့လာရောက်လေ့လာခဲ့ကြပါသည်။   

Pages