Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်- CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၆-၅-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဆွယ်တော်ပွတ်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်၊ တောင်သမန်အင်းအနောက်ဘက်၊ ကန်ပတ်လမ်းပေါ်တွင် ရပ်တန့်ထားသော မော်တော်ယာဉ်အမှတ် (YGN-2H/9127) (TOYOTA IPSUM) (၄)ဘီး (အဖြူရောင်) ယာဉ်(၁)စီးပေါ်မှ တရားမဝင် တမလန်းဓါးရွေ (၁၄)တုံး (၀.၆၅၅၄)တန်၊ တရားခံ(၁)ဦး ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက် လျက်ပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်- CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၅-၅-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ သရောင်းချောင်းမှ ရာအိမ်မှူးနှင့်အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်မြို့နယ်၊ အမှတ်(၈)ရပ်ကွက် သရောင်းချောင်းလမ်း ဦးအောင်ဇော်၏ သစ်ခွဲသား အရောင်းဆိုင်တွင် တရားမဝင် တောင်သရက်ခွဲသား (၂၁၁၅)ချောင်း (၁၆.၁၅၉၂)တန်၊ တရားခံ(၃)ဦး ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီအရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက် လျက်ပါသည်။

၁၆-၅-၂၀၁၉ ရက်နေ့တွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာရာအိမ်မှူးတို့ပါဝင်သော ပူးပေါင်း အဖွဲ့သည် မော်တော်ယာဉ်အမှတ် (YGN 7B/1557) (အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင် ကြက်ရိုး (လျှာထိုးခွဲသား) (၁၂၉၀)ချောင်း (၁.၃၇၈၄)တန်နှင့် တရားခံ(၁)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက် လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်- CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၆-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများမှ မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း၊ လောင်းပြည့်ရွာ၏အနောက်မြောက်ဘက်(၂)ဖာလုံ ခန့်အကွာတွင် (၆)လုံးထိုး(အစိမ်းရောင်)(သံခွံ) မော်တော်(၁)စီးပေါ်မှ တရားမဝင် တမလန်းခွဲသား (၃၄)ချောင်း (၇.၄၅၈၀)တန်ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံ များအားစုံစမ်းရှာ ဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ပါသည်။

၁၃-၅-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကလောမြို့နယ်(ပူးတွဲ)ပင်လောင်းမြို့နယ်မှ ဦးစီးအရာရှိ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ကလောမြို့နယ် (ပူးတွဲ) ပင်လောင်းမြို့နယ်၊ ပေါင်းလောင်း ချောင်းနှင့် အင်းဝန်ချောင်းဖျားအထက်အနီးမှ တရားမဝင် ကညင်သစ်လုံး/ခွဲသား/ခွဲခြမ်း (၂၀)တန်ခန့် နှင့်အတူ သစ်စက်(၂)လုံး၊ ချိန်းဆော(၄)လုံး၊ ထော်လာဂျီ(၁)စီးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

၁၆-၅-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများပါဝင်သောပူးပေါင်းအဖွဲ့သည် သိန္နီမြို့နယ်၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းနေရာ၌ မော်တော်ယာဉ်အမှတ်(NPW 9B/6504) (FUSO) ကြယ်စင်သစ္စာမှန်လုံယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၄၁) ချောင်း (၀.၈၂၀၀)တန်နှင့် တရားခံ(၁)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၁၆-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊အဖွဲ့သည် မော်လိုက် မြို့နယ်၊ မော်ကူးကြိုးဝိုင်းအကွက်(၄၀)အတွင်းမှ တရားမဝင်ကျွန်း/ပျဉ်းကတိုးခွဲသား (၂၈) ချောင်း (၃.၀၇၄၆)တန်၊ ဆိုင်ကယ်(၂)စီး၊ ချိန်းဆော(၃)စီး၊ တူးမီးသေနတ်(၃)လက် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၅-၅-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများသည် ဒိုက်ဦးမြို့နယ်၊ အိမ်ခြေလေးဆယ်ကျေးရွာ၊ ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်းမိုင်တိုင် (၈၃/၃)အနီး မော်တော်ယာဉ်အမှတ် (BGO-7I/8465 LIFAN (၆)ဘီး အနီရောင်)ယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုးခွဲသား (၂၀၂) ချောင်း (၂.၃၁၃၀) တန်၊ တရားခံ (၃)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီအရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

Pages