၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

Drone ရိုက်ကူးအသုံးပြုခြင်းသင်တန်းနှင့် Global Mapper နှင့် ArcGIS Software များအသုံးပြု၍ မြေပုံထုတ်လုပ်ခြင်းသင်တန်းဆင်းပွဲအခမ်းအနားကို ၃၁-၈-၂၀၁၈ ရက်နေ့၊ နေ့လည်(၂:၃၀)အချိန်၌ သစ်တောသုတေသနဌာန၊ စုဝေးခန်းမ(ရေဆင်း)တွင် ကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော် တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တင်းဆင်းလက်မှတ်များ ချီးမြှင့်ခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမတွင် (၃၁-၈-၂၀၁၈) ရက်နေ့၊ နေ့လယ်(၁းဝ၀)နာရီအချိန်၌ ဝန်ထမ်းများ ဆန္ဒထုတ်ဖော်ပွဲကျင်းပခဲ့ပါသည်။  အဆိုပါ ဝန်ထမ်းများဆန္ဒထုတ်ဖော်ပွဲသို့ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ဝန်ထမ်းများ၊ သစ်တောသုတေသနဌာနမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး ဆန္ဒသဘောထားများကို တင်ပြခဲ့ပါသည်။ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာညီညီကျော်မှ ဝန်ထမ်းများ၏ တင်ပြချက်အပေါ် ပြန်လည်ဆွေးနွေးရာတွင် (၆)လတာဘတ်ဂျက်ကာလအတွင်း ဝန်ထမ်းများရာထူးတိုးပေးခြင်း၊ ဝန်ထမ်းသစ်များခန့်အပ်ခြင်း၊ ဝန်ထမ်းတွေ သက်သောင့်သက်သာရှိစေရန် တိုးချဲ့ဆောင်အသစ် ဆောက်လုပ်ပေးခြင်းများဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဆက်လက်ပြီး ဝန်ထမ်းများ ခန့်အပ်နိ်ုင်ရန်၊ ရာထူးအဆင့်အတန်းများ တိုးမြှင့်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဝန်ထမ်းများ ကျန်းမာရေးဂရုစိုက်ရန်နှင့် စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းတာဝန်များအား ဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

ပင်လယ်ကမ်းရိုးတန်းဒေသနေ ပြည်သူလူထုကရာသီဥတု ပြောင်းလဲမှုနှင့် အညီ ရပ်တည်နေထိုင်နိုင်ရန်အတွက် ဒီရေရောက်သစ်တောများကို စနစ်တကျ စီမံအုပ်ချုပ် လုပ်ကိုင်ခြင်း (FDCCA ) စီမံကိန်း၏ ကနဦးအလုပ်ဆွေးနွေးပွဲကို ရခိုပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့ရှိ Royal Sittwe Hotel ၌ ၂၁-၈-၂၀၁၈ ( အင်္ဂါနေ့ ) ကျင်းပပြုလုပ်ခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး ၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးနှင့် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ကိုယ်စား စီမံကိန်းနှင့်စာရင်းအင်းဌာနမှ ၊ ညွှန်ကြားရေးမှူးဦးတင်ထွန်းမှ တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမတွင် ၂၈-၈-၀၁၈ရက်နေ့၊ နေ့လည်(ဝ၁:ဝ၀)နာရီအချိန်၌ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများအား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးမှ ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံပြီး တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ လန်ဒန်ညီလာခံနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးတင်ပြခဲ့သည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ် သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၁၀၁.၂၉၅၁)တန်၊ သစ်မာ (၄၁.၀၁၂၄)တန်၊ အခြား(၂၃၀.၃၃၁၃)တန်၊ စုစုပေါင်း (၃၇၂.၆၃၈၈)တန်၊ တရားခံ (၆၅)ဦး၊ ယာဉ်/ယန္တရား(၃၇)စီးဖမ်းဆီးရမိခဲ့ပါကြောင်း၊ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၂-၈-၂၀၁၈ ရက်နေ့၌ စစ်ကိုင်း တိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ မောက္ကတော်ဘိနယ်အတွင်း တရား မဝင် ကျွန်း/ အင်/ ကညင်/ သစ်ယာ သစ်/ခွဲသား (၃၁၂)လုံး/ချောင်း (၅၁.၃၄၆၀)တန်ဖြစ်ပါကြောင်း။

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသစ်တောဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် AFoCO Secretariat အစီအစဉ်အရရန်ကုန်တိုင်းဒေသကြီးမှော်ဘီမြို့နယ်ရှိ အာရှဒေသသစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဒေသအဆင့်လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်းတွင် (AFoCO RETC) ၂၀၁၈ ခုနှစ်မှ စတင်၍ သင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။

မြန်မာနိုင်ငံသည် အာရှနှင့် ပစိဖိတ်ဒေသတွင် ဇီဝမျိုးစုံမျိုးကွဲ အကြွယ်ဝဆုံးနိုင်ငံများတွင် ပါဝင်ပါသည်။ ဇီဝမျိုးစုံမျိုးကွဲများ နှင့် ယင်းတို့ မှီခိုသော ဂေဟစနစ်များ ရေရှည်တည်တံ့ရေးအတွက် အဓိကနည်းလမ်းမှာ သဘာဝထိန်းသိမ်းရေးနယ်မြေများ သတ်မှတ်ဖွဲ့စည်းခြင်း ဖြစ်ပါသည်။သတ်မှတ်ဖွဲ့စည်းထားသော သဘာဝထိန်းသိမ်းရေးနယ်မြေများကို စီမံအုပ်ချုပ်ရန် နှင့် နိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်စောင့်ရှောက်ရန် ဥပဒေ ပြဋ္ဌာန်းထားပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမတွင် ၂၇- ၈ -၂၀၁၈ ရက်နေ့ ၊ နံနက်(၁၁:၁၀)နာရီအချိန်၌ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့်  တာဝန်ရှိသူများအား  FAO မှ Mr.Donal Machintoach နှင့် Country office မှ Daw Le Le Win တို့မှ လာရောက်တွေ့ဆုံ၍ Integrated Coastal Zone Management နှင့် ပတ်သက်၍ My Coast Project တွင် သစ်တောဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကိုဆွေးနွေးခဲ့ပါသည်။

Pages