Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၂၂.၅.၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရေဦးမြို့နယ်၊ ဗိုလ်အောင်ဇေယျရပ်ကွက်၊ သုဿာန်အနီး မော်တော်ယာဉ်အမှတ်(SHN-D/2025 Nissan Diesel အပြာရောင်)ပေါ်မှ တရားမဝင်သစ် ကျွန်း/သစ်ယာ/အင် ခွဲသား (၆၂၆) ချောင်း (၇.၇၀၉၂)တန်၊ တရားခံ(၂)ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၂၂.၅.၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၃/၇)တွင် မော်တော်ယာဉ်အမှတ်(7L/1576 TOYOTA DYNA (၆)ဘီး ဖြူစိမ်းဝါကြား)ပေါ်မှ တရားမဝင်သစ် ကျွန်းခွဲသား (၃၆) ချောင်း(၄.၁၁၄၆)တန်၊ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

၂၂.၅.၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပင်လည်ဘူးမြို့နယ်၊ မလိန်းတုံးရွာ၏အရှေ့ဘက်(၃)ဖာလုံခန့်အကွာ မော်တော်ယာဉ်(၂)စီးပေါ်မှ တရားမဝင်သစ် တမလန်းဓါးရွေ (၃၃) ချောင်း (၁.၅၀၃၄)တန်၊ တရားခံ(၂)ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၀-၅-၂၀၁၉ ရက်နေ့တွင် ငပုတောမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ငပုတောမြို့နယ်၊ ကွင်းချောင်းလေးရွာအနီးပတ်ဝန်းကျင်နေရာများတွင် တရားမဝင်အခြားသစ်/ခွဲသား (၇၁၂)လုံး/ချောင်း (၁၅.၈၁၂၂)တန်၊ တရားခံ (၇)ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၂၀-၅-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တိုက်ကြီးမြို့နယ်၊ ဥက္ကံမြောက်(၂)နယ်မြေ၊ စမ်းရွာကျေးရွာ၏ အနောက် မြောက်ဘက်တွင် တရားမဝင်သစ် ဘိုင်/သစ်နီ/တောင်သရက်/ရေမနေ/ဂွေး/ဖက်ဝန်း/ ဇင်ပြွန်း/ မျောက်ချော/ကောင်းမှု/လုံးပတ်(၃)ပေ အောက်တောင်သရက်/ဘိုင်ရောင်ခြမ်း(၁၁၈) လုံး/ချောင်း (၃၂.၁၂၄၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာ ဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မေလ ၂၀ ရက်နေ့တွင် ပြင်ဦးလွင်မြို့ မြန်မာနိုင်ငံသစ်တောကျောင်း ကျွန်းရတနာခန်းမတွင် ၂၀၁၉ ခုနှစ်၊ အခြေခံ သစ်တောပညာ(၂) နှစ် သင်တန်း အမှတ်စဉ်(၁၁၅) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ သစ်တောကျောင်းသည် ၁၈၉၈ ခုနှစ် ကတည်းက စတင်ပြီး သာယာဝတီမြို့မှာ “မြမ္မာပြည်သစ်တောကျောင်း” အမည်နဲ့ စတင်တည် ထောင်ခဲ့ပြီး ပျဉ်းမနား အင်းစိန်နဲ့ ပြင်ဦးလွင်မြို့တို့မှာ ခေတ်အဆက်ဆက်၊ အခြေခံသစ်တော ပညာရပ်တွေကို ပို့ချသင်ကြားပေးလျက်ရှိပါကြောင်း။ ၁၉၅၃ခုနှစ်က ပြင်ဦးလွင်မြို့သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပြီး “မြန်မာနိုင်ငံသစ်တောကျောင်း”လို့ ခေါ်တွင်ကာ ယနေ့ထိ သက်တမ်း (၆၆)နှစ်ရှိခဲ့ပြီး မြန်မာနိုင်ငံသစ်တောကျောင်းရဲ့ သက်တမ်းစုစုပေါင်းသည် ယနေ့ထိဆိုလျှင် နှစ်ပေါင်း(၁၂၁)နှစ် ရှိခဲ့ပြီဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဧပြီလမှာ အခြေခံသစ်တောပညာ၊ အထူး(၃)လ သင်တန်းအထိ သင်တန်းသားဦးရေ စုစုပေါင်း(၆၂၉၄)ဦး မွေးထုတ်ပေးခဲ့ပြီး သင်တန်းအသီးသီးကို တက်ရောက် အောင်မြင်ခဲ့တဲ့ သင်တန်းသားများကို တစ်ဆင့်မြင့်ရာထူးသို့ တိုးမြှင့်ပေးခဲ့ပြီး သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အဓိကကျောရိုး ဝန်ထမ်းများအဖြစ် တာ၀န်ထမ်းဆောင်လျက်ရှိကြောင်း၊

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းနှင့် ပုဂ္ဂလိကသစ်တောစိုက်ခင်းလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်တို၊ နှစ်ရှည်ချေးငွေရရှိရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၁-၅-၂၀၁၉ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်၌ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၊ နေပြည်တော်တွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ စုစုပေါင်း လူဦးရေ၏ (၇၀)ရာခိုင်နှုန်းကျော် သည် ကျေးလက်နေပြည်သူများဖြစ်ပြီး နေ့စဉ်လူမှုစီးပွားရေးအတွက် သစ်တောများကို မှီခိုနေရ ပါကြောင်း၊ အိမ်ထောင်စုပေါင်း ၁၁ သန်းခန့်ရှိသည့်အနက် ၈၁ ရာခိုင်နှုန်းခန့်သည် လောင်စာ အတွက် ထင်း၊ မီးသွေးနှင့် နေအိမ်အဆောက်အဦအတွက် သစ်နှင့် ဝါးကို အသုံးပြုနေသည့်အတွက် သစ်တောများကို မှီခိုနေရကြောင်း၊ လက်ရှိမျိုးဆက်၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်သာမက နောင်အနာဂတ်မျိုးဆက်များအတွက် သစ်တောသယံဇာတ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင် ရန် မြန်မာ့သစ်တောများကို စနစ်တကျ စီမံအုပ်ချုပ်သွားရန် လိုအပ်ကြောင်း၊ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့- FAO ၏ သစ်တောသယံဇာတ ဆန်းစစ်ချက် အစီရင်ခံစာ (FRA - 2015) အရ နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂.၉၂ % ရှိပြီး၊ ၂၀၁၀ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အကြား နှစ်စဉ် သစ်တောပြုန်းတီးမှုသည် ၁.၇၂ % ထိရှိကြောင်း၊ ယခု အခါ နိုင်ငံတော်၏ မူဝါဒနှင့်အညီ ပုဂ္ဂလိကသစ်တောစိုက်ခင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး တွန်းအားပေး ဆောင်ရွက်လျက်ရှိပါသည်။

၂၀-၅-၂၀၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ၊ ဂွမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဂွချောင်းမကြီး လက်တက် ဒေသအခေါ် လိပ်ခွံပျက်ချောင်းအတွင်း တရားမဝင် တောင်သရက်ခွဲသား(၈၃)ချောင်း (၁၈.၀၉၁၆)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

Pages