၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သဘာဝထိန်းသိမ်းရေးနယ်မြေများအတွင်း နေရင်းဒေသပြန်လည်တည်ထောင်ခြင်း လုပ်ငန်းစီမံချက် (Habitat Restoration Action Plan) ရေးဆွဲတင်ပြခြင်း အစည်းအဝေးကို ၁၈-၉-၂၀၁၈ ရက်နေ့၊ နံနက်(၀၈:၃၀)နာရီတွင် သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ 

၁၇- ၉-၂၀၁၈ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ၌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသား ပြည်သူ့ကွန်ဂရက် (NPC)အမြဲတမ်းကော်မတီ၏ ဒုတိယဥက္ကဌ H.E Prof. Ding Zhongli ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးအဖွဲ့ဝင် ကိုယ်စားလှယ်ပေါင်း (၃၃)ဦးတို့သည် မြန်မာနိုင်ငံသို့ လာရောက်သည့် ချစ်ကြည်ရေးခရီးစဉ်အတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန (ရေဆင်း)သို့လာရောက်လေ့လာခဲ့ကြပါသည်။   

ဒုတိယအကြိမ်မြောက် အပူပိုင်းဒေသအပင်မျိုးခွဲခြားခြင်းနှင့် သစ်တောစီမံအုပ်ချုပ်မှု သင်တန်းဖွင့်ပွဲအခမ်းအနားကို ၁၇-၉-၂၀၁၈ ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီတွင် Grand Amara Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ 

REDD+ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ၁၇-၉-၂၀၁၈ ရက်နေ့၊ နံနက်(၀၈:၃၀)နာရီတွင် သစ်တောသုတေသနဌာန၊ ရေဆင်း (စုဝေးခန်းမ)၌ ကျင်းပပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားပါသည်။  

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း (၁၀၀.၅၈၀၂)တန်၊ သစ်မာ(၄၃.၉၇၆၂) တန်၊ အခြား(၅၇.၆၇၇၆)တန်၊ စုစုပေါင်း(၂၀၂.၂၃၄၀)တန်၊ တရားခံ(၂၉)ဦး၊ ယာဉ်/ယန္တရား (၃၄) စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၁၀-၉-၂၀၁၈ ရက်နေ့၌ စစ်ကိုင်း  တိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ကျွန်းတောရွာအနီးတွင် တရားမဝင် ကျွန်းသစ်/ခွဲသား(၁၇၀)လုံး/ချောင်း (၂၅.၂၅၇၄)တန်၊ အင်ဂျင်(၃)လုံး၊ လွှဝိုင်း (၃)ဝိုင်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ပါကြောင်း။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ သစ်တောဦးစီးဌာန မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း၊ သစ်မျိုးသန့်ပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၁၃) သင်တန်းဆင်းပွဲအခမ်းအနားကို ၁၄-၉-၂၀၁၈ ရက်နေ့၊ (၁၅:ဝ၀) နာရီအချိန်တွင် သစ်တောသုတေသနဌာန၊ ရေဆင်း(စုဝေးခန်းမ)၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်  (စီမံခန့်ခွဲရေး)ဦးဇော်မင်း တက်ရောက် အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များချီးမြင့်ခဲ့ပါသည်။

သစ်တောဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ IUCN တို့ ပူးပေါင်းကျင်းပသည့် “Integrated Coastal Resources Management” ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ၆-၉-၂၀၁၈ နှင့် ၇-၉-၂၀၁၈ ရက်နေ့တို့တွင် နေပြည်တော်ရှိ Horizon Lake View Resort တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးကိုယ်စား အမြဲတမ်းအတွင်းဝန်( သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန) မှ တက်ရောက်အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ 

(၂/၂၀၁၈) ကြိမ်မြောက် နိုင်ငံအဆင့်တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ တရားမဝင် ကူးသန်းရောင်းဝယ်မှုအား ဥပဒေအရ ထိရောက်စွာတားဆီးရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ၁၂-၉-၂၀၁၈ ရက်နေ့၊ နံနက် (၉:၃၀)နာရီ၌ သစ်တောဦးစီးရုံးချုပ်၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။အစည်းအဝေးသို့ သစ်တောဦးစီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများ၊ သစ်တောဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးများ၊ WWF နှင့် WCS တို့မှ တာဝန်ခံများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

Pages