Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု့သတင်းပို့စနစ်- CMRS ဖြင့် သတင်း ပေးပို့ချက်အရ ၇-၅-၂၀၁၉ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ဖောင်းပြင် မြို့နယ်၊ ပင်းခန်းချောင်းဖျားနေရာတွင် တရားမဝင် တမလန်းဓါးရွှေ (၃၇)လုံး (၆.၉၁၄၆)တန်တို့အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု့သတင်းပို့စနစ်- CMRS ဖြင့် သတင်း ပေးပို့ချက်အရ ၇-၅-၂၀၁၉ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ကုလားဝန်ချောင်းဖျား၊ သူရဲတန်းကြိုးဝိုင်းအကွက်အမှတ်(၅၆)အတွင်း တရားမဝင်သစ် ကျွန်း/ပျဉ်းကတိုးခွဲသား (၄၄၃)ချောင်း (၃၉.၇၀၃၀)တန်တို့အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၂-၅-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သဲကုန်းမြို့နယ်၊ ဝက်ပုတ်-ပေါင်းတလည်ကားလမ်းမိုင်တိုင် အမှတ် (၁၉/၂)နှင့်(၁၉/၃) အကြားကားလမ်းပေါ်ရှိ မော်တော်ယာဉ်အမှတ်(3K-2820) (A6-FAW)ကားအပြာနှင့် မော်တော်ယာဉ်အမှတ် (YGN)(5G-5767)A6-FAWကားအနီ တို့ပေါ်မှ တရားမဝင်ကျွန်းသစ် (၃၂) လုံး (၆.၉၅၈၀)တန်နှင့် တရားခံ (၇)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး ၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၆-၅-၂၀၁၉ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်၊ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သာပေါင်းမြို့နယ်၊ မရမ်းချိုကျေးရွာအုပ်စု၊ ဘုန်းကြီးကွင်းရှိ ဦးစိုးမင်းနောင်ပိုင် ဉယျာဉ်ခြံအတွင်း တရားမဝင် တောင်သရက်ခွဲသား (၈၇)ချောင်း (၁၅.၇၀၈၆)တန်နှင့် တရားခံ(၆)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု့သတင်းပို့စနစ်- CMRS ဖြင့် သတင်း ပေးပို့ချက်အရ ၆-၅-၂၀၁၉ရက်နေ့တွင် ကချင်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် မြစ်ကြီးနားခရိုင်၊ သစ်တောဦးစီးဌာနမှ လ/ထညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ်သွားကားလမ်းအနောက်ဘက် အာလမ် ကျေးရွာ အုပ်စု၊ အူဗျစ်ကျေးရွာ၏ သံပတေရုကတ်လစ်ဘုရားကျောင်းဘေးနေရာနှင့် နောင်နန်း ကျေးရွာအုပ်စု ရိုဇာနာကျေးရွာ နေရာတို့မှ တရားမဝင် ကညင်/တောဇီး/ကြေးလံ/ ဘိုင်သစ်/ ဆေးခါး/လောက်ယား/မအူ/ငါးပေါက်/တောမန်ကျည်း(၅၄၆) လုံး/ချောင်း (၁၇၃.၇၄၂၉)တန်၊ တရားခံ(၁)ဦး ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၆-၅-၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ စရဖတပ်စု(၄)မှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘော်လခဲမြို့နယ်၊ ဘော်လခဲ-ဖားဆောင်းသွားကားလမ်းတွင် မော်တော်ယာဉ်အမှတ်(2C/7714) TOYOTA Super Customer (နို့နှစ်ရောင်)ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၁၂) ချောင်း (၁.၅၇၂၄)တန်အားဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၄-၅-၂၀၁၉ ရက်နေ့မှ ၆-၅-၂၀၁၉ ရက်နေ့ထိ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ ရဲနွယ်ဆည်အတွင်းရှိ ပိန်းချောင်း၊ ဖျံချောင်းတစ်လျှောက်အား နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာရဲနွယ်ကြိုးဝိုင်းအကွက်(၆၃/၆၅/၇၃/၇၂/၇၉)အတွင်း တရားမဝင် ကျွန်း/ပျဉ်းကတိုးခွဲသား စုစုပေါင်း (၁၈၇)ချောင်း (၈.၆၆၈)တန်နှင့် ပေါင်(၃၀)ဝင်မီးသွေး(၅၄၀) အိတ်(၅၇.၆)တန်အား တရားခံ(၃)ဦးနှင့်အတူဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၆-၅-၂၀၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဂွမြို့နယ်၊ ဒေသအခေါ်(၁၁)မိုင်ပေါက်၊ မကလာပင်လမ်းခွဲ၊ ဒေသအခေါ်ကျောက်လမ်းပေါက်နေရာတို့မှ တရားမဝင်တောင်သရက်ခွဲသား(၈၈)ချောင်း (၁၆.၂၅၁၈)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages