၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပြည်ထောင်စုဝန်ကြီးက သတ်မှတ်နေရာ၌ တမလန်းပင်ကို စိုက်ပျိုးပေးပါသည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်က ပိတောက်ပင်ကိုလည်းကောင်း၊ သစ်တောအတွင်းဝန်က အင်ကြင်းပင်ကိုလည်းကောင်း၊ သတ္ထုအတွင်းဝန်က ပျဉ်းကတိုးပင်ကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သစ်တော/ သတ္ထု ညွှန်ကြားရေးမှူးများက ကျွန်းပင်များကိုလည်းကောင်း၊ အရာထမ်း/ အမှုထမ်း များက ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ အင်ကြင်းပင်များကို သတ်မှတ်နေရာအသီးသီး တွင်စိုက်ပျိုးကြပါသည်။  

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ တတိယအကြိမ်အစည်းအဝေးကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် စိုက်ပျိုးရေး၊မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူတို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
 
 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၂၀၁၈ ဘဏ္ဍာနှစ် (ဒုတိယအကြိမ်) လေးလပတ်လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁)ရက်နေ့ နံနက်(၈:၃၀)အချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၃၉)၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းတက်ရောက်၍ အဖွင့်အမှာစကား ပြောကြား ပါသည်။

အစည်းအဝေးသို့ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ပြည်ပနိုင်ငံများသို့သွားရောက်ခဲ့ပြီး ပြန်လည်ရောက် ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ရာ ဦးဇော်မင်းသန့်(ဦးစီးအရာရှိ) ဝန်းကျင်/သားငှက် ဌာနမှ ထိုင်းနိုင်ငံ( ထိုင်းနိုင်ငံရှိ သဘာဝနယ်မြေများသို့ မြန်မာနိုင်ငံ သဘာဝနယ်မြေထိန်းသိမ်းရေး ဝန်ထမ်းများလေ့လာရေး ခရီးသွားရောက်ရန်ကိစ္စ) တက်ရောက်ခဲ့သည့်အတွေ့အကြုံများနှင့် ဦးအေးချမ်းမောင် (ဦးစီး အရာရှိ)သစ်တောသုတေသနဌာနက စင်္ကာပူနိုင်ငံ(မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှု အကြောင်း ရာများအား စမ်းသပ်လေ့လာခြင်း သုတေသနစီမံကိန်းအလုပ်ရုံဆွေးနွေးပွဲ)တက်ရောက်ခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်း တင်ပြပြီး တက်ရောက်လာသည့် သစ်တောအရာရှိကြီးများ၊ အရာထမ်း/ အမှုထမ်းများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြ ပါသည်။

WWF Myanmar မှ Country Director A.Christy Williams Ph.D နှင့် ဖွဲ့မှလာရောက်တွေ့ဆုံ၍ ရန်ကုန်မြို့တွင် မြန်မာ့ဆင်ပြတိုက် ဖွင့်လှစ်ပြသနိုင်ရေးအတွက် ဆွေးနွေးခဲ့ပါသည်  

မြန်မာနိုင်ငံရှိ မျိုးသုဉ်းပျောက်ကွယ်ရန် ခြိမ်းခြောက်မှုခံနေရသော မျိုးစိတ်များ၏ နိုင်ငံအဆင့် အနီရောင်စာရင်း (National Red of Threatened Species of Myanmar) ရေးဆွဲ ခြင်းနှင့် မျိုးသုဉ်းမည့်အန္တရာယ်မှ ကာကွယ်ရမည့် တောရိုင်းတိရစ္ဆာန်များ စာရင်းအား ပြန်လည် ပြင်ဆင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို  (၂၃-၇-၂၀၁၈) ရက်နေ့၊ နံနက်(ဝ၉:ဝဝ) နာရီ၌ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန၊ စုဝေးခန်းမတွင် ကျင်းပရာ သစ်တောဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ သစ်တောဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (IUCN)မှ ပညာရှင်များ၊ နိုင်ငံအဆင့် အနီရောင်စာရင်း ပြုစုရေး မျိုးစိတ်များအလိုက် ကျွမ်းကျင်သူ လုပ်ငန်းအဖွဲ့များမှ အဖွဲ့ဝင်များနှင့် တက္ကသိုလ်အသီး သီးမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)မြန်မာနိုင်ငံအစီ အစဉ်မှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။
 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ သစ်တောဦးစီးဌာန မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း၊ သစ်မျိုးသန့် ပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲ အခမ်းအနားကို (၂၀-၇-၂၀၁၈)ရက်နေ့၊ (၁၄:၃၀)နာရီအချိန် တွင် သစ်တောသုတေသနဌာန၊ ရေဆင်း(စုဝေးခန်းမ)၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာညီညီကျော် တက်ရောက် အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များချီးမြင့်ခဲ့ပါသည်။

အမျိုးသားမြေအသုံးချမှုကောင်စီ၏ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် ဦးစားပေးလုပ်ငန်း စဉ်များ စုပေါင်းဖော်ထုတ်နိုင်ရေးအတွက် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၁၈-၇-၂၀၁၈)ရက်နေ့ ၊ နံနက်(ဝ၉:ဝဝ)နာရီ၌ သစ်တောဦ:စီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ အမျိုးသားမြေအသုံးချမှုကောင်စီ အတွင်းရေးမှူးသယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ဦးအုန်းဝင်း တက်ရောက် ၍ အမှာစကား ပြောကြားပါသည်။

Pages