၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၃၉၄.၇၆၅၁)တန်၊ သစ်မာ(၁၂၃.၂၆၆၁)တန်၊ အခြား (၃၆၄.၂၇၃၄)တန်၊ စုစုပေါင်း(၈၈၂.၃၀၄၆) တန်၊ တရားခံ(၂၉)ဦး၊ ယာဉ်/ယန္တရား(၅၅)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကြို့ပင်ဘိနယ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား(၇)ချောင်း(၀.၇၃၄၈)တန်၊ ကျွန်းခွဲသား (၇၀၃)ချောင်း (၈၆.၂၅၀၆)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။

ဒေသခံပြည်သူ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေးအစီအစဉ်၏ စတုတ္ထအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်နေ့၌ မှော်ဘီမြို့နယ်၊ အခြေခံပညာကျောင်းပေါင်းစုံမှ ဆရာ/ ဆရာမ (၆၀)ဦးတို့မှ လာရောက် လေ့လာခဲ့ပါသည်၊

ပထမအကြိမ် အိတ်ဖွင့်တင်ဒါအောင်မြင်ခဲ့သည့် တင်ဒါလုပ်ကွက်ဧရိယာ (၁၀၈၂၄)ဧကအနက် (၉၈၂၄)ဧကအား ပြန်လည်သိမ်းဆည်းခြင်း

သဘာဝသယံဇာတ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်း ကော်မတီ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၃-၁-၂၀၁၉ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၊ နေပြည်တော်တွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ တက်ရောက်၍ အမှာစကားပြောကြားပါသည်။ 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၂၂-၁-၂၀၁၉ ရက်နေ့၊ နံနက် (၁၁:ဝ၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများအား MUNETOSHI Takanori, Executive Director, Housing& Urban Planning Bureau, Japan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံမှ ရန်ကုန်မြို့နှင့် ဂျပန်နိုင်ငံ၊ Fukuoka မြို့နှစ်မြို့အကြားဆောင်ရွက်လျက်ရှိသည့် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ၊ နှစ်နိုင်ငံအကြား တိရစ္ဆာန်လဲလှယ်ရေး အစီအစဉ်ဆောင်ရွက်နိုင်မည့် အစီအစဉ်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၂၂-၁-၂၀၁၉ ရက်နေ့၊ နံနက် (၁၀:ဝ၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများအား Dr. Woo Shin Lee, Professor, Seoul National University, Republic of Korea မှ လာရောက်တွေ့ဆုံ၍ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၊ ကချင်ပြည်နယ်တွင် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သုတေသနစခန်း ဆောက်လုပ်မည့်ကိစ္စ၊ အင်းတော်ကြီး တောရိ်ုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ကချင်ပြည်နယ်တွင် NIBR မှ ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်လိုသည့်ကိစ္စ၊ Ulsan University ၏ Colleauge of Medicine သို့မဟုတ် Colleague of Engineering ဖြင့်ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စနှင့် မြန်မာ-ကိုးရီးယား နှစ်နိုင်ငံ ဒုတိယဝန်ကြီးအဆင့် အစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် ဘူဆန်မြို့၊ ကိုရီးယားသမ္မတနိုင်ငံတွင် ကျင်းပနိုင်ရေးကိစ္စရပ်များအားရှင်းလင်းဆွေးနွေးခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၁၇-၁-၂၀၁၉ ရက်နေ့၊ နေ့လယ် (၃:ဝ၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများအား မြန်မာနိုင်ငံဆိုင်ရာ ဥရောပ ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့မှ Ms. Delphine Brissonneau နှင့် တွေ့ဆုံ၍ တရားမဝင်တောရိုင်းတိရစ္ဆာန်ကူးသန်းရောင်းဝယ်မှု တိုက်ဖျက်ရေး နှင့် FLEGT ဆိုင်ရာကိစ္စများ ပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၁၇-၁-၂၀၁၉ ရက်နေ့၊ နေ့လယ် (၁:ဝ၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများအား Mr. Adrian Barrance (FAO International Consultant)ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ၍ GEF-7 သို့ရန်ပုံငွေလျှော်ထားသော ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့ (FAO) Conservation International (CI) နှင့် Fauna & Flora International (FFI) တို့ပူးပေါင်း၍ အင်းလေးနှင့် အင်းတော်ကြီးကန်တို့တွင် ဆောင်ရွက်မည့် ဘက်စုံရေဝေရေလဲဒေသနှင့် ရေဝပ်ဒေသထိန်းသိမ်းကာကွယ်ခြင်းမြှင့်တင်ရေး စီမံကိန်းအဆိုပြုလွှာရေးဆွဲခြင်း နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

Pages