၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ (၁၂-၁၀-၂၀၁၇)ရက်နေ့ (ဝ၉:၃၀)နာရီအချိန်တွင် High-Level Meeting on ACB Small Grant Program Implementation in Myanmar အာဆီယံအမွေအနှစ်ဥယျာဉ်များအတွက် အသေးစားရန်ပုံငွေထောက်ပံ့မှုအစီအစဉ်ကောင်အထည်ဖော်ခြင်းဆိုင်ရာဆွေးနွေးပွဲ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် အရာရှိကြီးများ ၊ အာဆီယံဇီဝမျိုးစုံမျိုးကွဲ များဗဟိုဌာနနှင့် International Chief Technical Advisor (ICTA) မှ တာဝန်ရှိသူများတက်ရောက်ကြပါသည်…

၂၅-၁၀-၂၀၁၇ ရက်နေ့၊ နံနက်(၁၀းဝ၀)နာရီအချိန်တွင် ဂျာမနီနိုင်ငံ၊ ဂိုတန်တက္ကသိုလ်မှ ကျောင်းသူကျောင်းသား များမှ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ အစည်းအဝေးခန်းမသို့လာရောက်တွေ့ဆုံကြပါသည်။ အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်မှ နှုတ်ခွန်းဆက်စကား ပြောကြားကာ သစ်တောဦးစီးဌာန၊ တာဝန်ရှိသူများမှ သစ်တောသုတေသနဌာန၌ ဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်းများအကြောင်း၊ ပဲခူးရိုးမမြေအသုံးချမှု အကြောင်း၊ သစ်တောစီမံအုပ်ချုပ်မှုစီမံချက်ရေးဆွဲခြင်းအကြောင်းအရာများကို ရှင်းတင်းတင်ပြကြပြီး ဂိုတန်တက္ကသိုလ်မှ ကျောင်းသားများမှ လုပ်ငန်းများဆောင်ရွက်မည့်အစီအစဉ်နှင့် ပါမောက္ခ Prof Mitloehner မှ နှုတ်ဆက်စကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေနှင့် ပြောင်းလဲ လာသည့် နိုင်ငံရေး၊ လူမှုစီးပွားရေး အခြေအနေများနှင့်အညီ နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အကျိုးရှိရှိ ထိရောက်မည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို  ပြည်သူများ ထိရောက်စွာ ပါဝင်နိုင်စေရန်အတွက် မူဝါဒနှင့်ဥပဒေများ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ သည်  လက်ရှိ အနေအထားထက် ပိုမိုအားကောင်းစွာ ဖြစ်ထွန်းတည်ရှိစေရေးအတွက် စီစဉ်ဆောင်ရွက်လျှက်ရှိ ပါကြောင်း၊

သစ်တောမူဝါဒရဲ့ ပဓာနကျတဲ့အခြေခံအချက်(၆)ချက်အနက် အမှတ်စဉ်(၅)တွင်   ပြည်သူတို့ က ပူးပေါင်းပါဝင်လာကြစေရန် ဆောင်ရွက်သွားရမည်ဟု ဖော်ပြထားပြီး ၁၉၉၅ ခုနှစ်၊ သစ်တော မူဝါဒတွင်  နိုင်ငံဧရိယာ၏ ၃၀%ကို ကြိုးဝိုင်းတောများ၊ ၁၀% ကို  ဘေးမဲ့တောနှင့် သဘာဝတော နယ်မြေများအဖြစ် ဖွဲ့စည်းနိုင်ရန်နှင့်   အမျိုးသားသစ်တောကဏ္ဍပင်မစီမံကိန်း ရည်မှန်းချက်နှင့် United Nations Framework Convention on Climate Change (UNFCCC), Paris Agreement  တို့၏ NDC (Nationally Determined Contribution) ကတိကဝတ်တို့အရ ၂၀၃၀ ခုနှစ်တွင် အဆိုပါရည်မှန်းချက်ကို ပြည့်မီနိုင်စေရန်နှင့် လက်ရှိတွင်အမြဲတမ်းသစ်တော နယ် မြေ ၂၄.၈၉% နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ ၅.၇၉% ကို ဖွဲ့စည်းပြီး ဖြစ်ပါကြောင်း၊

 ယခုကျင်းပပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲသည် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ” ၏ လုပ်ငန်းတာဝန်ဖြစ်သော ကမ်းရိုးတန်းနှင့်  အဏ္ဏဝါရေပြင်ဆိုင်ရာ မူဝါဒရေးဆွဲရန် ကျင်းပခြင်းဖြစ်ပါသည်။              မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းနှင့် ကြီးမား ကျယ်ပြန့်သော အဏ္ဏဝါနယ်မြေသည် ရခိုင်ပြည်နယ်၊  နတ်မြစ်မှတောင်ဘက် ထိုင်းနိုင်ငံနှင့် ထိစပ်နေသော ကော့သောင်းအထိ ၂,၈၃၁ ကီလိုမီတာ ရှည်လျားပါသည်။ ကမ်းဦးရေတိမ်ပိုင်းသည် စတုရန်း ကီလိုမီတာ၂၂၅,၀၀၀ ခန့်ရှိပြီး  ပင်လယ်ပြင် စီးပွားရေးပိုင်နက်ဇုန် (Exclusive Economic Zone-EEZ) မှာ စတုရန်း ကီလိုမီတာ ၄၈၆,၀၀၀ ခန့်ရှိပါသည်။

            မြန်မာနိုင်ငံ၏ အဏ္ဏဝါနှင့့် ကမ်းရိုးတန်းဒေသများတွင် ကျရောက်လျက်ရှိသည့် အဓိက ခြိမ်း ခြောက်မှုများမှာ   ထာဝစဉ်မတည်တံ့နိုင်သော ငါးဖမ်းဆီးခြင်း ၊    ပင်လယ်ပြင် ညစ်ညမ်းလာခြင်း၊ ငါးမျိုးစိတ်များ ရှင်သန်ရန် အလွန်အရေးပါသော ဒီရေတော၊  ပင်လယ်မြက်နှင့် သန္တာကျောက်တန်း များအား အခြားအသုံးချမှုများကြောင့် ပျက်စီးလာခြင်းတို့ဖြစ်ပြီး ယနေ့ခေတ် ရာသီဥတုပြောင်း လဲမှုသည် အဏ္ဏဝါနှင့် ကမ်းရိုးတန်းဒေသများတွင်ရှိသော ဂေဟစနစ် နှင့် ဇီဝမျိုးစုံမျိုးကွဲများအတွက် ထိခိုက်မှုများ ဖြစ်ပေါ်စေပြီး   ထုတ်လုပ်မှုကို ကျဆင်းစေခြင်းများ ဖြစ်ပေါ်စေပါသည်။ သာဓက အားဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ပုစွန်ကန်များသည် ၂၀၀၁ ခုနှစ်တွင် ဟက်တာ ၃၄,၀၀၀ ရှိရာမှ ၂၀၁၀ ခုနှစ်တွင် ဟက်တာ ၄၅,၀၀၀ အထိ တိုးတက်ခဲ့သော်လည်း  ထုတ်လုပ်မှု အပိုင်း၌ တစ်နှစ် တစ်ဟက်တာ  ၂၀၀ ကီလိုဂရမ် ထွက်ရာမှ ၂၀ ကီလိုဂရမ် အောက်သာ ထွက်ရှိတော့ပြီး  ပုစွန် သားလောင်းများ မျိုးပွားရန် အထောက်အကူပြုသော ဒီရေတောများ ခုတ်ထွင်ရှင်းလင်းခြင်း များကြောင့် ဖြစ်ပါသည်။

သစ်တောများပြုန်းတီးခြင်း၊ သစ်တောအရည်အသွေးများ ကျဆင်းခြင်းများအတွက် သစ် တောများပြန်လည်ဖွံ့ဖြိုးလာရန် ဆောင်ရွက်ရမည့် နည်းလမ်း(၂)သွယ်အနက် သစ်တောများ ပြုန်း တီးလာသည့်နေရာများတွင် သစ်တောစိုက်ခင်းများတည်ထောင်ရန် ရည်မှန်းချက်များချမှတ်၍ စီမံကိန်းကာလအတွင်း သစ်တောစိုက်ခင်းဧက သုံးသိန်းငါးသောင်းကျော် စိုက်ပျိုးမည်ဖြစ်ပြီး ၎င်း လျာထားချက်အတွင်း ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ သစ်တောစိုက်ခင်းများ၊ ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဒေသပြည်သူအစုအဖွဲ့ပိုင်စိုက်ခင်းများ တည်ထောင်ခြင်းကိုလည်း ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ပျက်စီးပြုန်းတီးနေသော သစ်တောများတွင် သစ်တောစိုက်ခင်းများဖြစ်ထွန်း လာရန်အတွက် သစ်မျိုးသန့်ပြန့်ပွားရေး လုပ်ငန်းစဉ်သည် အလွန်အရေးကြီးသော လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ (၁၂-၁၀-၂၀၁၇)ရက်နေ့ (ဝ၉:၃၀)နာရီအချိန်တွင် High-Level Meeting on ACB Small Grant Program Implementation in Myanmar အာဆီယံအမွေအနှစ်ဥယျာဉ်များအတွက် အသေးစားရန်ပုံငွေထောက်ပံ့မှုအစီအစဉ်ကောင်အထည်ဖော်ခြင်းဆိုင်ရာဆွေးနွေးပွဲ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် အရာရှိကြီးများ ၊ အာဆီယံဇီဝမျိုးစုံမျိုးကွဲ များဗဟိုဌာနနှင့် International Chief Technical Advisor (ICTA) မှ တာဝန်ရှိသူများတက်ရောက်ကြပါသည်…

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ဖွင့်လှစ်သည့် သစ်မျိုးသန့် ပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲအခမ်းအနားကို ၁၃-၁၀-၂၀၁၇ ရက်နေ့၊ (၁၅း၃၀)နာရီအချိန် တွင် သစ်တောသုတေသန၊ ရေဆင်း(စုဝေးခန်းမ)တွင် ကျင်းပပြုလုပ်ပါသည်။ အခမ်းအနားတွင် သစ်တောဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးဇော်မင်း(စီမံခန့်ခွဲရေး)က သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းမှာ မြန်မာ့သစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်း၏ အရေးကြီးသောလုပ်ငန်းစဉ် တစ်ခုဖြစ်ပြီး သင်တန်းသားများအား စွမ်းဆောင်ရည်မြှင့်တင်ပေးသည့် သင်တန်းတစ်ခုဖြစ်ပါသည်။ သင်တန်း အား ၉-၁၀-၂၀၁၇ ရက်နေ့မှ ၁၃-၁၀-၂၀၁၇ ရက်နေ့ထိ (၅)ရက်တာ ကျင်းပခဲ့ပါသည်။

STATEMENT OF FOREST GOVERNANCE REFORM PROGRESSES IN MYANMAR

Pages