Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၁၁-၅-၂၀၁၉ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ မူးယစ်အထူးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ က.ည.နမှဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးစခန်း၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၉၅/၅)အနီးနေရာ၌ မော်တော်ယာဉ်အမှတ်(2P/1467)HIJET (အဖြူရောင်)ယာဉ် နှင့် မော်တော်ယာဉ်အမှတ်(8G/6432) Super Custom ယာဉ်များပေါ်မှ တရားမဝင်ကျွန်းခွဲသား (၃၂)ချောင်း (၃.၀၇၄၀)တန်နှင့် တရားခံ(၁)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၉-၅-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခ.လ.ရ (၁၅၁)မှ ဗိုလ်ကြီးမျိုးသက်တင် တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ကွန်ဟိန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်အနီးနေရာတွင် မော်တော်ယာဉ်အမှတ်(7J/4259) SURF (ခဲရောင်)ယာဉ်ပေါ်မှ တရားမဝင်တမလန်းသစ်/ဓါးရွေ(၂၆) လုံး/ချောင်း (၀.၈၃၅၄)တနအား ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၁-၅-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ခလရ(၄၅)မှ ဗိုလ်မှူး ဟိန်းဇာထွန်းတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ လားရှိုး-မူဆယ်ပြည်ထောင်စု လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၂၉/၁)နှင့် (၂၂၉/၂)ကြားနေရာ၌ မော်တော်ယာဉ်အမှတ်(3H/1525) ISUZU (ဖြူပြာကြား)ယာဉ်၊ မော်တော်ယာဉ်အမှတ်(7K/6022) HINO (ဖြူပြာကြား)ယာဉ်နှင့် မော်တော်ယာဉ်အမှတ်(3H/6923) CONDOR (ဖြူစိမ်းကြား)ယာဉ်တို့ပေါ်မှ တရားမဝင်ပိတောက်ခွဲသား စုစုပေါင်း(၃၁၂၄) ချောင်း (၁၄.၇၆၅၆)တန်နှင့်အတူ တရားခံ(၆)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၈-၅-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မံစီမြို့နယ်၊ မြောက်ဘက်(၃)မိုင်ခန့်အကွာ နမ့်မဖွဲ ကျေးရွာ ဘုန်းကြီးကျောင်း အရှေ့နေရာတွင် မော်တော်ယာဉ်အမှတ်၊ (KYN/9K-9896) (NOAH) ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၁၂)ချောင်း (၀.၂၆၇၂) တန်နှင့် တရားခံ (၁)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက် ရှိပါသည်။

၈-၅-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ထီးလင်းမြို့နယ်၊ ဂန့်ဂေါ-တောမ-မြိုင်လမ်းမှ(၉)မိုင်ခန့်အကွာ ဆွဲလွဲ-ကျင်းသွား ရွာချင်းဆက်သွားလမ်း အထက်ကျော်ကျေးရွာ၏ မြောက်ဘက်နေရာတွင် ယာဉ်အမှတ်၊ MDY/4B-8564 (Nissan Diesel (၁၀)ဘီး ခေါင်းတို နီညိုရောင်)ပေါ်မှ တရားမဝင် ပိတောက်ခွဲသားဆိုဒ်စုံ (၉၆)ချောင်း (၇.၈၀၀၂) တန်၊ တရားခံ (၁)ဦး(သေဆုံး) ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

၈-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကန့်ဘလူမြို့နယ်၊ မလယ်ကျေးရွာ မြောက်ဘက်(၄)ဖာလုံခန့်အကွာ၊ တံငါလန်ဆိပ်ကမ်းနေရာ၌ မော်တော်ယာဉ်အမှတ်၊ MGY/2B-9438 (ဟီးနိုး(၆)ဘီး၊ အစိမ်းရောင်)ပေါ်မှ တရားမဝင် အင်ကြင်းခွဲသား (၂၁၆) ချောင်း (၃.၃၈၀၄) တန်၊ ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၇-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်ဦ၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တမူးမြို့နယ်၊ ခမ်းပတ်မြို့၏ အနောက်ဘက်(၄)ဖာလုံခန့်အကွာမှ တရားမဝင် ကျွန်း/ကညင် ခွဲသား(၂၀၂) ချောင်း (၆.၈၁၉၂) တန်၊ အင်ဂျင်(၁)လုံးနှင့်ဆက်စပ်ပစ္စည်း(၅)မျိုး ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေးစီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

၅-၅-၂၀၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းအုပ်စု၊ ကုလားပုန်းချောင်းအတွင်း စက်လှေ (၁)စီးပေါ်မှ တရားမဝင် ကန့်ပလာ/လဘ/သမဲ့ကြီး ထင်း (၂၀၂၂) ချောင်း (၁၀.၄၅၄၄) တန်၊ တရားခံ (၃)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

Pages