၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၁)       ဆင်ရုံရှေ့ကပွဲကွင်း တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အစီအစဉ်တွင် Petunity ၊ BANCA ၊ ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနမှ ဂုဏ်ထူးတန်း ကျောင်းသား / ကျောင်းသူများ ပါဝင် ကူညီဆောင်ရွက်ခဲ့ပါသည် ။

         (၂)      ကမ္ဘာ့ဆင်များနေ့ နှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်း ပြော ကြားခြင်း ၊ ပညာပေးဌာနမှ လာရောက်လည်ပတ်သူများ၊ ဆင် ချစ်သူများကို ဆင် နှင့်ပတ်သက်သည့် ပိုစတာများဖြင့် ပညာပေးခြင်း ၊ ကမ္ဘာ့ဆင်များနေ့ဆိုင်ရာ လက် ကမ်းစာစောင်များ ဖြန့်ဝေခြင်း ၊ ဆင် နှင့် ပတ်သက်သည့် ဗဟုသုတရဖွယ် မေးခွန်းများ ဖြေဆိုစေခြင်း ၊

        (၃)         ကလေးများအားဆင်ရုပ်ပုံရေးဆွဲ၍ ဆေးရောင်ခြယ်စေခြင်း ၊ဆင်နှင့်ပတ်သက်သည့်

                        ကစားနည်းများ ကစားစေခြင်းတို့   ပြုလုပ်၍  ဆင်ရုပ် ခေါင်းပတ် များ နှင့်  အမှတ်

                        တရ လက်ဆောင်များပြန်လည်ပေးအပ်ခြင်း ၊

         (၄)        Yangon Zoological Garden  ၏ Facebook Page  တွင် ဆင်နှင့် ပတ်သက် သည့် မေးခွန်းများအားဖြေဆိုနိုင်သူများကိုအမှတ်တရ T- Shirt၊  ရေနွေးဗူး ၊ ကမ္ဘာ့ဆင်များနေ့ဆိုင်ရာ လက်ကမ်းစာစောင် နှင့် ဇီဝ မျိုးစုံ မျိုးကွဲ နှင့် သဘာဝ ထိန်းသိမ်းရေးစာအုပ် လက်ဆောင်ပေးခြင်း ၊

         (၅)          Petunity  နှင့် ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနမှ ဂုဏ်ထူးတန်း ကျောင်းသား / ကျောင်းသူများ မှ ဆင်ခြေရာ နှင့် ဆင်ရုပ်ပုံအား မျက်နှာ တွင် ဆေးရောင်ခြယ် ပေးခြင်း ၊  Photo Booth၊  ၊  Emoji  နှင့် ဓါတ်ပုံ ရိုက်ပေးခြင်း၊

ဆင်ရုံရှေ့ပြကွက်တွင်ကျင်းပခဲ့ပြီး ကမ္ဘာ့ဆင်များနေ့ နှင့် ပတ်သက်သည့် သိကောင်း စရာများ ရှင်းလင်းပြောကြားခြင်း၊ ဆင်နှင့် သက်ဆိုင်သည့် မေးခွန်းများမေးခြင်း ၊ ကံစမ်းမဲဖောက်ပေးခြင်း ၊  

သစ်တောကဏ္ဍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲကို သစ်တော ဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမတွင် (၁၃-၈-၂၀၁၈) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ၌ ကျင်းပ ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အမှာစကားပြောကြားပါသည်။          အမှာစကားပြောကြားရာတွင် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ခိုးယူ ထုတ်လုပ်ခြင်းသည် နိုင်ငံတော်၏ အဖိုးတန်သစ်တောသယံဇာတများကို အချိန်တို အတွင်း ကုန်ဆုံးပျောက်ကွယ် စေသည့်အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်စေခြင်း၊ နိုင်ငံတော် ဘဏ္ဍာငွေ ထိခိုက်စေခြင်း များဖြစ်ပေါ်သည့်အတွက် သစ်တောဦးစီးဌာနအနေဖြင့် ဌာန အစီအစဉ်ဖြင့်လည်းကောင်း၊ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင် ဆက်စပ်ဌာန များနှင့် တာဝန်သိပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်လည်းကောင်း ကာကွယ်တား ဆီး နှိမ်နင်းလျက်ရှိပါ ကြောင်း၊                    FA0 က ၅ နှစ် တစ်ကြိမ်ထုတ်ပြန်သည့် Forest Resource Assessment-2015 အရ မြန်မာနိင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာရဲ့ ၄၂.၉၂% ရှိပြီး ဧကအားဖြင့် ၇၂ သန်းခန့်ရှိပါကြောင်း၊ သစ်တောဦ:စီးဌာနမှ စီမံအုပ်ချုပ်ရသော ကြိုးဝိုင်း၊ ကြိုးပြင်ကာ ကွယ်တောနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေမှာ ၄၇ သန်းဧကရှိပြီး သစ်တော ဦ:စီးဌာနတွင် သစ်တောလုပ်ငန်းဆောင်ရွက်သည့် ဝန်ထမ်းသည် ၅၃၃၆ ဦးရှိသည့်အတွက် ဝန်ထမ်းတစ်ဦးသည် ပျမ်းမျှ သစ်တောနယ်မြေ ဧက ၈၈၀၀ ကျော်ကို တာဝန်ယူ ထိန်းသိမ်းရပါကြောင်း၊ ထို့ကြောင့် လက်ရှိအခြေအနေအရ သစ်တောဧရိယာနှင့် ထိန်းသိမ်း နေရသည့် ဝန်ထမ်းအချိုး မျှတရန်လိုအပ်ချက်ရှိနေပါကြောင်း၊ လုံခြုံရေးအကန့်အသတ် များကြောင့် အချို့သစ်တောဧရိယာများကို မစိုးမိုးနိုင်ခြင်း၊ တရားမဝင် ဆောင်ရွက်သူများ က ၄င်းတို့အကျိုး ထိခိုက်လာမှုကြောင့် တာဝန်ရှိဝန်ထမ်းများကို ပြန်လည်ရန်ပြုတိုက် ခိုက်ခြင်း၊ လုပ်ငန်းသဘာဝအနေအထားအရ လူသူဝေးရာနေရာများကို စီမံအုပ်ချုပ်ရသူ များ ဖြစ်သည့်အတွက် ဝန်ထမ်းများ၏ ကိုယ်ကျင့်တရားနှင့် စာရိတ္တမဏ္ဍိုင် ယိုင်လဲ မသွား အောင် ထိန်းချုပ်ရန်ခက်ခဲခြင်း စသည့် အကန့်အသတ် အတားအဆီးများ ရှိနေပါကြောင်း၊  

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် (၁၀- ၈ -၂၀၁၈)ရက်နေ့ (ဝ၉:၃၀)နာရီအချိန်၌ မြန်မာ့သစ်လုပ်ငန်းမှ ဖွင့်လှစ်မည့် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး အခြေပြုခရီးသွားလုပ်ငန်း (ECBT) ညှိနှိုင်းအစည်းအဝေးကျင်းပရာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် မြန်မာ့သစ်လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးတို့မှ အမှာစကားပြောကြားကြပြီး တာဝနှ်ရှိသူများတက်ရောက် ဆွေးနွေးခဲ့ပါသည်..

 မြန်မာနိုင်ငံ၌ သစ်တော သယံဇာတများသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးပါသကဲ့သို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့နည်းပပျောက်ရေးအတွက် အထူးအရေးပါလှပါ ကြောင်း၊ စုစုပေါင်း လူဦးရေ၏(၇၀)% ကျော်သည် ကျေးလက်ဒေသနေပြည်သူများဖြစ်ပြီး နေ့စဉ် လူမှုစီးပွားရေးအတွက် သစ်တောများကို မှီခိုနေရပါကြောင်း၊ ထို့အပြင် အိမ်ထောင်စုပေါင်း (၁၁) သန်းခန့်ရှိသည့်အနက် (၈၁)%ခန့်သည် လောင်စာအတွက် ထင်းနှင့် မီးသွေးကို အသုံးပြုနေပြီး နေအိမ်အတွက်လည်း သစ်နှင့်ဝါးကို အသုံးပြုနေသည့်အတွက် သစ်တောများအားမှီခိုနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် လက်ရှိမျိုးဆက်၏လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရန်သာမက နောင် အနာဂတ်မျိုးဆက်များအတွက် သစ်တောသယံဇာတလိုအပ်ချက်များကို စဉ်ဆက်မပြတ် ဖြည့် ဆည်းနိုင်ရန် မြန်မာ့သစ်တောများကို စနစ်တကျစီမံအုပ်ချုပ်သွားရန် လိုအပ်ပါကြောင်း၊

 

ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်းနှင့် အထွေထွေဆွေးနွေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်
 
 

ပြည်ထောင်စုဝန်ကြီးက သတ်မှတ်နေရာ၌ တမလန်းပင်ကို စိုက်ပျိုးပေးပါသည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်က ပိတောက်ပင်ကိုလည်းကောင်း၊ သစ်တောအတွင်းဝန်က အင်ကြင်းပင်ကိုလည်းကောင်း၊ သတ္ထုအတွင်းဝန်က ပျဉ်းကတိုးပင်ကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သစ်တော/ သတ္ထု ညွှန်ကြားရေးမှူးများက ကျွန်းပင်များကိုလည်းကောင်း၊ အရာထမ်း/ အမှုထမ်း များက ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ အင်ကြင်းပင်များကို သတ်မှတ်နေရာအသီးသီး တွင်စိုက်ပျိုးကြပါသည်။  

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ တတိယအကြိမ်အစည်းအဝေးကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် စိုက်ပျိုးရေး၊မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူတို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
 
 

Pages