Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၆-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ကျွဲတပ်ရွာအနောက်ဘက်နှင့် ကျွဲခြံရွာ အရှေ့ဘက်နေရာတို့မှ တရားမဝင်အင်/သစ်ယာခွဲသား(၁၈၆)ချောင်း (၁၁.၁၄၄၂)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၅-၅-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် လေးမျက်နှာမြို့နယ်၊ လေးမျက်နှာကြိုးဝိုင်းအကွက်(၅၁)၊ ဂွ-ငါးသိုင်းချောင်းကားလမ်း၊ မိုင်တိုင်အမှတ်(၉/၃)အနီးနေရာ၌ မော်တော်ယာဉ်အမှတ်(AYY 2B/5406) NISSAN (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်တောင်သရက်ခွဲသား (၅၄) ချောင်း (၇.၂၉၁၄)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၅-၅-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ သစ်တောဦးစီးဌာန မှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ရေကြည်မြို့နယ်၊ မိဿလင်ကျေးရွာအုပ်စု၊ ဆင်သေကျေးရွာနှင့် (၂)မိုင်(၄)ဖာလုံခန့်အကွာ တောစပ်အနီးဝန်းကျင်တွင်တရားမဝင် တောင်သရက်ခွဲသား (၂၂၀) ချောင်း (၂၉.၂၄၆၂)တန်ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၅-၅-၂၀၁၉ ရက်နေ့နှင့် ၆-၅-၂၀၁၉ ရက်နေ့တို့တွင် ကယားပြည်နယ်၊ ဘော်လခဲခရိုင်၊ ဘော်လခဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ စရဖတပ်စု(၄)မှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘော်လခဲမြို့နယ်၊ နန်းဖဲ-လွိုင်ကော်ကားလမ်းတွင် မော်တော်ယာဉ်(MDY 1P/9227) Mini Bus ယာဉ်နှင့် မော်တော်ယာဉ်အမှတ်(YGN 2L/9131) CARAVAN ယာဉ်တို့ပေါ်မှ တရားမဝင်ပိတောက်ဓါးရွေ (၁၇) ချောင်း (၂.၀၉၀၆)တန်နှင့် တရားခံ(၁)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၅-၅-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ ဝေါမြို့ဝင်ဂိတ်အနီးနေရာ၌ မော်တော်ယာဉ်အမှတ်(YGN 8I/9829)မှန်လုံ (Express)(ခေါင်းဖြူစိမ်း)ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား(၂၆) ချောင်း (၂.၈၉၄၆)တန် ယာဉ်(၁)စီးနှင့် အတူ တရားခံ(၂)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၄-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ဘုတလင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘုတလင်မြို့နယ်၊ ကနီ-ဘုတလင်နယ်စပ်၊ ချောင်းဝကြီးကျေးရွာအောက်ဘက် (၂)ဖာလုံခန့်အကွာ ချင်းတွင်းမြစ်အတွင်း တရားမဝင်သစ်ယာခွဲသားခန့်မှန်း(၆)တန်ခန့်တင်ဆောင်ထား သော တရုတ်အင်ဂျင်(၂)လုံးထိုးတပ်အပြာရောင်မော်တော်(၁)စီးအား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၃-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ သစ်တောဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းမျာအဖွဲ့သည် ထီးချိုင့်မြို့နယ်၊ မြတောင်ကင်းရုံးအထက် ရေလယ်သောင်ကမ်းစပ်နေရာတွင် တရားမဝင်ကျွန်းသစ်/ပကာ/ခွဲသား (၂၈၂၉) လုံး/ချောင်း (၂၄.၉၄၈၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီး ဌာနများမှ ပေးပို့လာ သောစာရင်းများအရ တရားမဝင် ကျွန်း(၁၁၇.၅၈၈၇)တန်၊ သစ်မာ(၁၀၀.၇၈၃၃)တန်၊ အခြား (၁၉၃.၇၂၅၃)တန်၊ စုစုပေါင်း(၄၁၂.၀၉၇၃) တန်၊ တရားခံ(၅၄)ဦး၊ ယာဉ်/ယန္တရား(၅၄)စီး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ် (ပူးတွဲ) ဟိုပုံမြို့နယ်၊ မြို့မ(၁)ဘိနယ်၊ မနီတိုးတံတားအရှေ့ဘက်(၃)မိုင်(၄)ဖာလုံခန့်အကွာ တောတွင်းမှ တရားမဝင် အင်သစ်လုံး/လုံးပတ်၃ပေအောက်သစ် စုစုပေါင်း (၃၁၁)လုံး (၅၁.၃၁၄၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။

Pages