၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

website အသစ်ပြင်ဆင်ခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီး ဌာနတွင် လစ်လပ်လျက်ရှိသော(ကျပ် ၁၈၀ဝ၀ဝ-၂၀ဝ၀-၁၉၀ဝ၀ဝ)တောအုပ်ကြီး (၆၀)နေရာအတွက်လျှောက်လွှာများခေါ်ယူခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ဖွင့်လှစ်သည့် ခရိုင်သစ်တောအရာရှိများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၅) ဖွင့်ပွဲအခမ်းအနားကို (၈-၁-၂၀၁၈)ရက်နေ့၊ နံနက်(ဝ၉းဝ၀)နာရီအချိန်တွင် သစ်တောသုတေသနဌာန ရေဆင်း စုဝေးခန်းမ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍အဖွင့်အမှာစကားပြောကြားသည်..
 
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ (၈-၁-၂၀၁၈)ရက်နေ့ (၁၀:ဝ၀)နာရီအချိန်တွင် (၁၃)ကြိမ်မြောက် CFNWG အစည်းအဝေး ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊  ဒုတိယညွှန်ကြားရေးမှူးချုပ်  CFNWG ဥက္ကဌ  ဦးကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များ၊ECCDI၊ RECOFTC ၊ MERN၊  FAO မှ တာဝန်ရှိသူများ၊ အခြားဖိတ်ကြားထားသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ
 တက်ရောက်ခဲ့ကြပြီး ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်းနှင့် အထွေထွေဆွေးနွေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်….

ကရင်ပြည်နယ် သစ်တောဦးစီးဌာန ဘားအံခရိုင်၊ ကော့ကရိတ်ခရိုင်နှင့် မြဝတီ ခရိုင်များအတွင်းရှိ ပုဂ္ဂလိကပိုင်ဆင်များအား မှတ်ပုံတင်သက်တမ်းတိုးမြှင့်ပေး ခြင်းကို နှစ်စဉ်လက်ခံဆောင်ရွက်ပေးလျှက်ရှိသော်လည်း အချို့သော ပုဂ္ဂလိကဆင် ပိုင်ရှင်များ သည် မိမိတို့ ဆင်များအား ပုံမှန်သက်တမ်းတိုးခြင်း ဆောင်ရွက်မှု မရှိသည်ကို စိစစ်တွေ့ရှိရပါသဖြင့် ဆင်ပိုင်ရှင်များမှ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်သစ်တောရုံးများသို့  ၁၅-၃-၂၀၁၈ ရက်နေ့ နောက်ဆုံးထားပြီး ဆင်သက်တမ်းတိုး ဆောင်ရွက်ကြပါရန်နှင့် ယင်းသို့ ဆောင်ရွက်ခြင်း မရှိပါက သက်တမ်းလွန်ဆင်များအား ဆင်မှတ်ပုံတင်စာရင်းမှ ပယ်ဖျက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးကြေငြာအပ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာနနှင့် National Museum of Nature and Science (NMNS) Japan တို့မှ ဦးဆောင်၍ Flora of Myanmar  စာအုပ်ထုတ်ဝေနိုင်ရေးအတွက် ပထမအကြိမ် အစည်း အဝေးကို (၄-၁၂-၂၀၁၇)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် သစ်တောသုတေသနဌာန၊ ရေဆင်း(စုဝေးခန်းမ)၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်တက်ရောက် အမှာစကားပြောကြားပါသည်။အဆိုပါအစည်းအဝေးသို့  သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သစ်တောအရာရှိကြီးများ၊ သစ်တောသုတေသနဌာနမှပညာရှင်များ၊ သစ်တောဦးစီးဌာန နှင့် MoU လက်မှတ်ရေးထိုး၍ ရုက္ခဗေဒဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သော (NMNS ၊ MBK ၊ XTBG ၊ NYBG ၊ KIB)မှ ပညာရှင်များ၊ ရန်ကုန်၊ ထားဝယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ မန္တလေး တက္ကသိုလ်တို့မှ ရုက္ခဗေဒ ဆိုင်ရာ ပညာရှင်များ၊ စိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောနှင့်သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်များမှ ရုက္ခဗေဒပညာရှင်များ၊ NGO အဖွဲ့များဖြစ်သည့် BANCA ၊ WCS ၊ FREDA မှပညာရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
 

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ သစ်တောဦးစီးဌာန မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း၊ သစ်မျိုးသန့် ပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၆)ဖွင့်ပွဲ အခမ်းအနားကို (၄-၁၂-၂၀၁၇)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန် တွင် သစ်တောသုတေသနဌာန၊ ရေဆင်း(စုဝေးခန်းမ)၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်တက်ရောက် အမှာစကားပြောကြားပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သစ်တော ဦးစီးဌာနမှ အရာရှိကြီးများ၊ သင်တန်းဆရာများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သစ်တောဦးစီး ဌာနမှ သင်တန်းသား တောအုပ်(၁၅)ဦး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သင်တန်း သားတောအုပ်(၅)ဦး၊ မြန်မာ့သစ်လုပ်ငန်းမှသင်တန်းသား သစ်အုပ်(၅)ဦး၊ ပုဂ္ဂလိကသစ်တော စိုက်ခင်းလုပ်ငန်းမှ ကိုယ်စားလှယ်(၅)ဦး စုစုပေါင်း(၃၀)ဦးတက်ရောက်ကြောင်း သတင်းရရှိပါသည်။
 

Pages