၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၇-၁၁-၂၀၁၇)ရက်နေ့ (၁၆:ဝ၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် မြန်မာနိုင်ငံ FAO ကိုယ်စားလှယ် Ms. Xiaojie Fan တို့တွေ့ဆုံ၍ သစ်တောဦးစီးဌာနနှင့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)တို့အကြား FLEGT-VPA လုပ်ငန်းစဉ်များပူးပေါင်းဆောင်ရွက်ရန် Government Cooperative Program on FLEGTဆိုင်ရာ သဘောတူညီချက်(Project Agreement) လက်မှတ်ရေးထိုးခဲ့ကြောင်းသိရှိ၇သည်။

(၇-၁၁-၂၀၁၇)ရက်နေ့ (၁၃:ဝ၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ အီတလီနိုင်ငံအခြေစိုက် Istituto Oikos ၏ Leonardo Gucli(Country Representative) ဦးဆောင်သည့်အဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများအား လာရောက်တွေ့ဆုံ၍ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်ရှိ Visitor Center နှင့် ဆက်စပ်ပစ္စည်းများအား စီမံခန့်ခွဲမှုဆိုင်ရာ သတောတူညီချက်နှင့် မြန်မာနိုင်ငံတွင် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း၏ လုပ်ငန်းစီမံချက်(၂၀၁၇-၂၀၂၀) ၊ မကြုံဂလက် ဒေသခံပြည်သူအခြေပြုခရီးသွားလုပ်ငန်းစီမံကိန်း၊ မလေးဝက်ဝံမျိုးစိန်ထိန်းသိမ်းရေးလုပ်ငန်းစီမံကိန်း၊ Community Forestry လုပ်ငန်းများဆိုင်ရာ DAFNE စီမံကိန်းနှင့် လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်အား ကမ္ဘာ့အမွေအနှစ်အဖြစ် အမည်စာရင်းတင်သွင်းနိုင်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရှိရသည်….

(၁၉-၁၂-၂၀၁၇)ရက်နေ့ ၌ အမရဟိုတယ်၊ နေပြည်တော်တွင် မြန်မာ့ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးရန်ပုံငွေတည်ထောင်နိုင်ရေး အကြံပြုအလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး)ဦးဇော်မင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများနှင့် အခြားဆက်စပ်ဌာနများမှ အရာရှိများ၊ INGO/NGOs အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UN DP)မှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

(၇-၁၁-၂၀၁၇)ရက်နေ့ (၁၄:ဝ၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ သစ်အခြေခံ မြန်မာ့လက်မှုအနုပညာပစ္စည်းများ၊ ကြိမ်၊ ဝါး လက်မှုပစ္စည်းများကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်မှ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့သည်။

Pages