Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

မြန်မာနိုင်ငံတွင် တက္ကသိုလ်အဆင့် သစ်တောပညာ သင်ကြားခြင်းကို ၁၉၂၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ စတင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် နှစ်(၁၀၀)ရာပြည့်မြောက်သဖြင့် ရာပြည့်အထိမ်းအမှတ် အခန်းအနားကို သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၌ ၂၆.၅.၂၀၂၃ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ရာ စေတနာရှင် အလှူရှင်များအနေဖြင့် အောက်ပါပုဂ္ဂိုလ်များထံသို့ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်းနှိုးဆော်အပ်ပါသည်-

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၅၁.၃၁၈၈)တန်၊ သစ်မာ (၂၄.၇၈၆၇)တန်၊ အခြား (၂၁၉.၄၀၉၈)တန်၊ စုစုပေါင်း (၂၉၅.၅၁၅၃)တန်၊ ယာဉ်/ ယန္တရား (၉)စီး၊ တရားခံ (၂၅)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၀-၄-၂၀၂၃ ရက်နေ့၊ ကချင်ပြည် နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးကောင်းမြို့နယ်၊ မိုးကောင်းဘိနယ်၊ ခွေးဟော်ကျေးရွာအနီး မှ တရားမဝင် မအူ/ စကားဝါ/ ကြေးလံ/ လောက်ယား/ ခလောင်/ ကညင် သစ်လုံး/ ခွဲခြမ်း (၁၄၅)လုံး/ခြမ်း (၁၁၅.၇၇၀၀)တန်၊ လွှဝိုင်း (၁)ဝိုင်း၊ အင်ဂျင် (၁)လုံး၊ ရှပ်တန်း (၁)ခု၊ ပူလီ (၁)ခု၊ ဒလိမ့်တုံး (၂)ခု၊ ထော်လီဘီး (၂)ခု တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် နေလျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၇-၃-၂၀၂၃)ရက်နေ့မှ (၂-၄-၂၀၂၃) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၁၆၀.၂၂၈၄) တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၄.၉၈၆၃)တန်၊ သစ်မာ (၃၇.၄၁၆၂)တန်၊ အခြား (၆၅.၀၃၃၄)တန်၊ စုစုပေါင်း (၁၄၇.၄၃၅၉)တန်၊ ယာဉ်/ ယန္တရား (၁၁)စီး၊ တရားခံ (၁၄)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၈-၃-၂၀၂၃ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဘန့်ဘွေးကုန်းဘိနယ်၊ မြောက် ဇာမရီကြိုးဝိုင်း၊ အကွက်အမှတ်(၉၆) နှင့် မုက္ခာကြိုးဝိုင်း၊ အကွက်အမှတ် (၁၀၊ ၁၃)/ ကျွဲမကိုင်းဘိနယ်၊ တောင်ဇာမရီကြိုးဝိုင်း၊ အကွက်အမှတ်(၈၂) တို့အတွင်းမှ တရား မဝင် ကျွန်း/ ပျဉ်းကတိုး သစ်လုံး/ ခွဲသား/ လုံးပတ်၃ပေအောက်သစ် (၁၆၂)လုံး/ ချောင်း (၂၉.၄၃၄၈)တန်၊ ချိန်းဆော (၄)လက်၊ အင်ဂျင်မပါသစ်တင်ဝန့်(၁)ခု တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော တောအုပ်ကြီးရာထူးနေရာများတွင် ခန့်ထားရန်အတွက် ရေးဖြေစာမေးပွဲ ဖြေဆိုမည့် နေ့ရက်၊ အချိန် ၊ နေရာ နှင့် ခုံအမှတ်များ ထပ်မံကြေညာခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လစ်လပ်လျက်ရှိသော စက်မှုကျွမ်းကျင်(၂) (လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကို အောက်ဖော်ပြပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်-

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လစ်လပ်လျက်ရှိသော ပစ္စည်းထိန်း(၂)(လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကို အောက်ဖော်ပြပါအစီအစဉ်အတိုင်းကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်-

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လစ်လပ်လျက်ရှိသော အငယ်တန်းအင်ဂျင်နီယာ(၂)(လျှပ်စစ်) (လစာ နှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်-

Pages