Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၆-၆-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သပိတ်ကျင်း မြို့နယ်၊ ကျောက်ဖျာကျေးရွာအနီးပတ်ဝန်းကျင်နှင့် ချောင်းကြီး ကြိုးဝိုင်းအကွက်အမှတ်(၅၇)နေရာများမှ တရားမဝင် ကညင်/မအူ/နှော/အင်/ပျဉ်းကတိုး/ကျွန်း/ လုံးပတ် ၃ပေအောက်ကျွန်း သစ်/ခွဲခြမ်း/ခွဲသား/ဓါးရွေ (၂၁၀၇)လုံး/ခြမ်း/ချောင်း/တုံး (၃၀)တန်၊ အင်ဂျင် (၁)လုံး၊ လွှဝိုင်း(၃)ဝိုင်း၊ (၄၅)ပေါင်ဝင်မီးသွေး (၄၈)တန်တို့နှင့်အတူ တရားခံ(၂)ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။
၆-၆-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ မန္တလေး-လားရှိုးပြည်ထောင်စုလမ်းမကြီးမိုင်တိုင်(၁၉၇/၁)၊ စံလောင်းကျေးရွာအနီး မော်တော်ယာဉ်အမှတ် (MDY 5G/4816)အဖြူရောင် (၁)စီးပေါ်မှ တရားမဝင် တမလန်းခွဲသား (၂၂၁)ချောင်း (၀.၄၄၇၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၆-၆-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်မှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဗန်းမောက်မြို့နယ်၊ မံမော်ကြိုးဝိုင်းအကွက်(၉၃) အတွင်းမှ တရားမဝင် ကျွန်း သစ်/ခွဲသား (၂၂၂)လုံး/ ချောင်း (၁၉)တန်အား သစ်စက်၊ ဆက်စပ်ပစ္စည်းများနှင့် အတူ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
၆-၆-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာ့သစ်လုပ်ငန်းမှဝန်ထမ်းများ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ဂန့်ဂေါမြို့နယ်၊ လောင်ထောင်ကြိုးဝိုင်းအကွက်အမှတ်(၁၉)အတွင်းမှ တရားမဝင် ကျွန်းသစ် (၂၂)လုံး (၁၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၆-၆-၂၀၂၀ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနေပြည့်သူ့စစ်အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ဘန့်ဘားအုပ်စု၊ လ္ဘက်တောင် ကျေးရွာ၏ အရှေ့မြောက်ဘက်၊ (၃)မိုင်ခန့်အကွာ၊ လ္ဘက်တောင်- မြလင်း- မြသာကျေးရွာချင်းဆက်လမ်း ဘေးမှ တရားမဝင် ကညင်ခွဲသား (၅၃)ချောင်း (၁၁)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
၄-၆-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်( တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာ့သစ်လုပ်ငန်းမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ကလောမြို့နယ် (ပူးတွဲ) ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းကြိုးဝိုင်းအကွက်(၁၈၆) အတွင်း တရားမဝင် ကညင်/ သင်္ဂဒူ သစ်/ခွဲသား (၄၂)လုံး/ ချောင်း (၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
၄-၆-၂၀၂၀ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ရေဖြူမြို့နယ်၊ ပရဒတ်ကျေးရွာအုပ်စု၊ ဘဝါကမ်းခြေကျေးရွာ၊ ကမ်းနားလမ်းရေဆိပ်အနီး မော်တော်ယာဉ်အမှတ် (စ/၇၄၁၃)HINO (၆)ဘီးယာဉ်ခေါင်း(နီ) ကိုယ်ထည်(သံတန်းကာ)ယာဉ်ပေါ်မှ တရားမဝင် ကညင်ခွဲသား (၄၁)ချောင်း (၅)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါ သည်။
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC) တွင် ၅-၆-၂၀၂၀ ရက်နေ့၌ “ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အဖြစ် သင်တန်းကျောင်းဝင်း နှင့် သင်တန်းကျောင်းမုခ်ဦးရှေ့တို့၌ သစ်ပင်နှင့် ပန်းအလှပင်များအား သင်တန်းကျောင်းဝန်ထမ်းများမှ စိုက်ပျိုးခဲ့သည်။










