၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

နေပြည်တော်ကောင်စီနယ်မြေ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရဝုဏ်အတွင်း (၁၅-၁၁-၂၀၂၄) ရက်နေ့၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ မီးပုံးပျံလွှတ်တင်ပူဇော်ယှဥ်ပြိုင်ခြင်းဆုချီးမြှင့်ပွဲ အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ "စိမ်းလန်းမြေ" မီးပုံးပျံအဖွဲ့ တက်ရောက်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူး ချုပ်၊ဒေါက်တာသောင်းနိုင်ဦး၏ ဦးဆောင်မှုဖြင့် "စိမ်းလန်းမြေ" မီးပုံးပျံအဖွဲ့မှ တေးသီချင်းများ၊ဆင်အကအလှများဖြင့် ဘုရားဖူးလာပြည်သူများအား ပျော်ရွှင်စွာ ပါဝင်ဖျော်ဖြေခဲ့ကြသည်။ ဆက်လက်၍ ဆုချီးမြှင့်ခြင်းအစီအစဥ်တွင်"စိမ်းလန်းမြေ" မီးပုံးပျံအား "စက္ခုပသာဒအကောင်းဆုံးဆု" ချီးမြှင့်ရရှိခဲ့ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမြဲတန်းအတွင်းဝန်နှင့် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့မှ ပျော်ရွှင်စွာ လက်ခံရယူခဲ့ကြကြောင်း သိရှိရသည်။ ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနားပြီးဆုံးချိန်တွင်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ဦးဆောင်သော "စိမ်းလန်းမြေ" မီးပုံးပျံအဖွဲ့မှ မာရဝိဇယဘုရားပရဝုဏ်သန့်ရှင်းလှပစေရေးအတွက် စွန့်ပစ်ကျန်ရစ်သည့်ပလပ်စတစ်ဘူးများ၊ ကြွတ်ကြွတ်အိတ်များစသည့် စွန့်ပစ်ပစ္စည်းများအား စနစ်တကျ ကူညီသိမ်းဆည်းပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရဝုဏ်အတွင်း (၁၄-၁၁-၂၀၂၄) ရက်နေ့၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မီးပုံပျံလွှတ်တင်ပူဇော်ယှဥ်ပြိုင်ခြင်းအခမ်းအနားတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ" စိမ်းလန်းမြေ" အမည်ရှိ ညမီးကျည် မီးပုံးပျံဖြင့် ပါဝင်၍ လွှတ်တင်ပူဇော်ယှဥ်ပြိုင်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ " စိမ်းလန်းမြေ"မီးပုံးပျံလွှတ်တင်ပူဇော်နိုင်ရေးအတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မီးပုံးပျံဆိုင်ရာလုပ်ငန်းစဥ်များ စနစ်တကျပြင်ဆင်ခြင်း၊ ယမ်းများမီးကျည်များအား နည်းလမ်းတကျပြင်ဆင်ခြင်းများကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး "စိမ်းလန်းမြေ" မီးပုံးပျံကြီးအား အောင်မြင်ပျော်ရွှင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။ မီးပုံးပျံလွှတ်တင်ရာတွင် ဧည့်ပရိတ်သတ်များအား ကျောက်ဆည်ဆင်ဖြူအကအလှများဖြင့်လည်းကောင်း ဦးရွှေရိုးနှင့် ဒေါ်မိုးအကအလှများဖြင့်လည်းကောင်း ပျော်ရွှင်စွာ ကပြဖျော်ဖြေခဲ့ကြပြီး ဝန်ထမ်းမိသားစုများမှ ပျော်ရွှင်စွာဖြင့် တီးမှုတ်ကခုန်၍ "စိမ်းလန်းမြေ" မီးပုံးပျံကြီးအား အောင်မြင်စွာလွှတ်တင်ပူဇော်နိုင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ကျိုက်မရောမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၁၄-၁၁-၂၀၂၄ ရက်နေ့၊ နံနက်(၀၉း၃၀) နာရီအချိန်၌ အောင်သုခရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း တွင် " မီးခိုး/မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ" မြို့နယ်အဆင့် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ သစ်တောဝန်ထမ်းများစုစုပေါင်း (၂၈၆)ဦး တက်ရောက်ခဲ့ပါသည်၊ ဟောပြောပွဲတွင် ကျိုက်မရောမြို့နယ်၊သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်မိုးဦး မှ လေထုညစ်ညမ်းခြင်း၊ မီးခိုး/မြူငွေ့ အန္တရာယ်နှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာအစီအစဉ်များ၊မြန်မာ့သစ်တောများအကြောင်း၊သစ်တောဖုံးလွှမ်းမှု၊ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ခေါင်းစဉ်များဖြင့် ဟောပြောခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

(၁၄.၁၁.၂၀၂၄) ရက်နေ့၊ နံနက်ပိုင်း၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် ၂၀၂၄ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မြသိန်းတန်ကျောင်းတိုက်မှသံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သစ်တောဦးစီးရုံးချုပ်မှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် သစ်တောဦးစီးဌာနမှ ကြွရောက်တော်မူကြသည့် သံဃာတော်အရှင်သူမြတ်များအား အာရုံဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦးမှ ဆရာတော်ကြီးများထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းမှုပြုခဲ့ကြပြီး သစ်တောဦးစီးဌာနမှ ဧည့်ပရိတ်သတ်များအား ဧည့်ခံကျွေးမွေးခြင်းအနေဖြင့် ငွေကျပ် (၄,၀၀၀,၀၀၀) ကျပ်နှင့် ငွေကျပ် (၉,၄၀၇,၇၁၅) တန်ဖိုးရှိ နဝကမ္မအလှူငွေများနှင့်ကထိန်ပဒေသာပင်များဖြင့် စုစုပေါင်း တန်ဖိုးငွေကျပ် (၁၃,၄၀၇,၇၁၅) ကျပ်အား ဆရာတော်ကြီးများထံ ရေစက်သွန်းချတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြကြောင်းသတင်းရရှိပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်-သထုံခရိုင်သစ်တောဦးစီးဌာနမှ ၁၁-၁၁-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်၌ သထုံခရိုင်၊ပေါင်မြို့၊ ပေါင်းရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း တွင် " မီးခိုး/မြူငွေ့လျှော့ချရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်လျော့နည်းစေရေး
ဆိုင်ရာ" ခရိုင်အဆင့် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း (၁၄၃) ဦး တက်ရောက်ခဲ့ကြ ပြီး အဆိုပါဟောပြောပွဲတွင် မော်လမြိုင်-သထုံခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ထူးမှ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊သထုံမြို့နယ်၊သစ်တောဦးစီးဌာန၊ဦးစီးအရာရှိဦးစိုးမင်းအောင်မှ လေထုညစ်ညမ်းခြင်းနှင့် မီးခိုးမြူငွေ့အန္တရာယ်လျှော့ချရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ပေါင်မြို့နယ်တာဝန်ခံတောအုပ်ကြီးဦးဇော်လွင်ဦးမှမြန်မာ့ဒီရေတောများအကြောင်းခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီး ဆွေးနွေးဟောပြောခဲ့ကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြား ဆောင်ရွက်ခဲ့ကြကြောင်း နှင့်ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ သူများအား သစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်၊

(၁၁-၁၁-၂၀၂၄) ရက်၊ တနင်္လာနေ့ (၁၀း၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် ဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ဒေါက်တာသိန်းဆောင် (လက်ထောက်ညွှန်ကြားရေးမှူး၊ စီမံကိန်းနှင့်စာရင်းအင်းဌာန)မှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အစီအစဉ်အရ လက်ထောက်ညွှန်ကြားရေးမှုးဦးခိုင်ဇော်ဝင်းမှ အင်ဒိုနီးရှားနိုင်ငံတွင်ပြုလုပ်သည့် အာဆီယံဒေသတွင်း အပူပိုင်းဒေသသစ်တောသယံဇာတများရေရှည်တည်တံ့စေရေး အဆင့်မြှင့်တင်သည့်လုပ်ငန်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်မှုအားလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာကျော်စိန်ဝင်းထွန်းမှ ဖိလစ်ပိုင်နိုင်ငံတွင် ပြုလုပ်သည့် အသေးစားရန်ပုံငွေထောက်ပံ့မှုအစီအစဥ်၏ မိတ်ဖက်အဖွဲ့အစည်းများပါဝင်သည့်အတွေ့အကြုံဖလှယ်ခြင်းဆိုင်ရာအစည်းအ​ဝေးတက်ရောက်မှုအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံသစ်တောကျောင်း၊ အခြေခံသစ်တောပညာသင်တန်း၊ အမှတ်စဉ် (၁၁၇) သင်တန်း ဆင်းပွဲ အခမ်းအနားကို ၈-၁၁-၂၀၂၄ ရက်နေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျွန်းရတနာခန်းမတွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ မန္တ‌လေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြင်ဦးလွင်တပ်နယ်မှ တပ်မတော် အရာရှိကြီးများ၊ ဝန်ကြီးဌာနမှ ဌာနအကြီးအမှူးများ၊ သင်တန်းသားများနှင့်မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသစ်တော ကျောင်းသည် ၁၈၉၈ ခုနှစ်မှစပြီး အခြေခံသစ်တောပညာရပ်များကို သင်ကြားပို့ချပေးခဲ့ရာ ယခု ၁၂၆ နှစ် တိုင်ခဲ့ပြီဖြစ်ပြီး ခေတ်အဆက်ဆက် သစ်တောအမှုထမ်းကောင်းများစွာ မွေးထုတ်ပေးနိုင်ခဲ့ရာ ယနေ့ အထိ ၆၆၁၄ ဦးရှိပြီဖြစ်ကြောင်း၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စည်းကမ်းပြည့်ဝ၍ စွမ်းဆောင်ရည်မြင့်မားသော ဝန်ထမ်း ကောင်းများဖြစ်စေရန် ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်သင်ကြားပို့ချပေးခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် ၂၀၂၀ ပြည့်နှစ်တွင် ၄၂.၁၉ ရာခိုင်နှုန်းရှိပြီး နှစ်စဉ် သစ်တောပြုန်းတီးမှုမှာ ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ၁.၇ ရာခိုင်နှုန်းရှိရာမှ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ၀.၉၈ ရာခိုင်ရှိရာ နှစ်စဉ်သစ်တောပြုန်းတီးမှုမှာ သိသိသာသာလျော့နည်းလာသည်ကို တွေ့ရှိရကြောင်း၊ သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေရေးအတွက် ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများ၊ သဘာဝထိန်းသိမ်းရေးနယ်မြေများကိုလည်း တိုးချဲ့ဖွဲ့စည်းလျက်ရှိသကဲ့သို့ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းဖြင့် သဘာဝတောများ ထိန်းသိမ်း ကာကွယ်ခြင်းနှင့် စိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယခုဘဏ္ဍာနှစ်တွင် သစ်ပင်ပေါင်း ၂၁ သန်း ကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်စေရေးအတွက် ခရိုင် ၁၃ ခုတွင် လမ်းဘေးဝဲယာစိုက်ခင်းနှင့် တစ်ရွာ ၂ ဧက စိုက်ခင်းများ တည်ထောင် ဆောင်ရွက် လျက်ရှိကြောင်း၊ ရေကြီးရေလျှံမှု ကာကွယ်တားဆီးရေးအတွက် ရေဝေရေလဲ‌ဒေသများနှင့် ဒီရေတော များ ထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းရေး၊ ဂေဟစနစ်တည်ငြိမ်ရေး၊ တရားမဝင် သစ် တားဆီးကာကွယ်ရေးတို့ကို အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊
ရေရှည်တည်တံ့စေသော သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးသည် အရေးပါသည့် အခန်းကဏ္ဍဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် စွမ်းဆောင်ရည် မြင့်မားတိုးတက်စေရန် ခေတ်စနစ်နှင့်အညီ လေ့လာကြိုးစား သွားကြရမည်ဖြစ်ကြောင်း၊ သင်ကြား ပေးခဲ့သည့် စာတွေ့၊လက်တွေ့ ပညာရပ်များနှင့် အတွေ့အကြုံများကို ပေါင်းစပ်ပြီး ထိထိရောက်ရောက် အကျိုးရှိအောင် အသုံးချသွားကြရန်နှင့် နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို လေးစား လိုက်နာပြီး ပြည်သူလူထုက အားကိုးထိုက်သော ဝန်ထမ်းကောင်းများဖြစ်အောင် လေ့ကျင့်ကြိုးစား သွားကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်း၏ ဘက်စုံထူးချွန်ကျောင်းသားဆု၊ စာပေ ထူးချွန်ကျောင်းသားဆု၊ လက်တွေ့ထူးချွန်ကျောင်းသားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား လည်းကောင်း၊ တာဝန်ရှိသူ များက အဆင့်အလိုက်ထူးချွန်ဆုရသူများနှင့် ဘာသာရပ်ထူးချွန်ဆု ရသူများအား လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးပြီး သင်တန်းဆင်းကျောင်းသားများနှင့် မိဘများအား ရင်းရင်း နှီးနှီးတွေ့ဆုံ နှုတ်ဆက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ် အင်းယား သစ်တောပျိုးဥယျာဉ်အတွင်း ပျိုးပင် ၅၈,၀၀၀ ကျော် ပျိုးထောင်ထားမှု အခြေအနေအား သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်
မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (One Map Myanmar) Geo Database ဆိုင်ရာ စွမ်းဆောင် ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြေတိုင်းဦးစီး ဌာနရုံးတွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီး အမှူးများ၊ တပ်မတော်သတင်းအချက်အလက်နှင့် နည်းပညာသုတေသနဌာနမှတာဝန်ရှိသူများ၊ တပ်မတော် (ကြည်း၊ရေ၊လေ) သတင်းနည်းပညာဌာနမှ တာဝန်ရှိသူများ၊ သင်တန်းသားများ တက် ရောက်ကြသည်။
ဦးစွာပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်အား မြေအသုံးမှု နှင့် ဆက်စပ်သည့် ဌာန/လုပ်ငန်းများ၏ မြေပြင်ဆိုင်ရာ သတင်းအချက်အလက် ကိန်းဂဏန်းများ ကောက်ယူစုစည်း၍ ပွင့်လင်းမြင်သာသော မြေအသုံးချ စီမံအုပ်ချုပ်မှုနှင့် ဆုံးဖြတ်ချက်များ ဆောင်ရွက်နိုင်ရန်၊ တိကျသော သတင်းအချက်အလက်များ စနစ်တကျသိမ်းဆည်းခြင်းနှင့် မြေပုံထုတ်လုပ်ခြင်း နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စီမံကိန်းဆောင်ရွက်ရာတွင် ဆက်စပ်ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များဖြင့် အမျိုးသားမြေပုံစနစ် ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ၊ နည်းပညာလုပ်ငန်းအဖွဲ့နှင့် အဖွဲ့ငယ်များဖွဲ့စည်း၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ စီမံကိန်းကာလအတွင်း အထောက်အကူပြု နည်းပညာဆိုင်ရာ သင်တန်းများအား ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း၊ သက်ဆိုင်ရာဌာနများက မြေပြင်သတင်းအချက်အလက်များကို တစ်နေရာ တည်းတွင် စုစည်း၍ Geo Database တည်ဆောက်ရာတွင် “စံ” ပုံစံကိုက်ညီမှုရှိစေရန် ယခုသင်တန်း အား ပို့ချရခြင်းဖြစ်ကြောင်း၊ One Map Myanmar Geoportal Platform အား ယခုဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဌာနများမှ ထပ်မံပေးပို့သည့် နောက်ဆုံးရအချက်အလက် များကိုလည်း ဆက်လက်ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချသည့် စာတွေ့လက်တွေ့များကို ကြိုးစားလေ့လာ၍ မိမိတို့ဌာနနှင့် သက်ဆိုင်သည့် အချက် အလက်များအား စနစ်တကျထည့်သွင်းနိုင်အောင် ဆောင်ရွက်သွားရန်နှင့် မိမိဌာနတွင်လည်း ပြန်လည်မျှဝေပေးရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နယ်နမိတ်တိုင်းတာရေး ကိရိယာများပြသထားမှု ပြခန်းနှင့် သင်တန်းသားများအား Geo Database ထည့်သွင်းခြင်း လက်တွေ့သင်ကြားပို့ချမည့် ပထဝီဝင် ဆိုင်ရာသတင်းအချက်အလက်စနစ် - GIS အခန်းတို့အား လှည်လည်ကြည့်ရှုစစ်ဆေးသည်။
ယခုသင်တန်းအား ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ဦးစီးဌာန/ လုပ်ငန်း/ အဖွဲ့ (၅၁) ဌာနမှ သင်တန်းသား ၈၆ ဦး အား အမျိုးသားမြေပုံစနစ်တွင်အသုံးပြုမည့် GIS နည်းပညာနှင့်ပတ်သက်သည့် အချက်အလက်များ ပြင်ဆင်ဖြည့်စွက်ခြင်း၊ မှန်/မမှန်စစ်ဆေးခြင်း၊ “စံ” ပုံစံများ၊ Webpage၊ Dashboard နှင့် User Interface တည်ဆောက်ခြင်းများကို သင်တန်းကာလ ရက်သတ္တပတ်နှစ်ပတ်ကြာ စာတွေ့လက်တွေ့ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

Pages