Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လစ်လပ်လျက်ရှိသော ကွန်ပျူတာစီစဉ်ရေးမှူး (လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကို အောက်ဖော်ပြပါအစီအစဉ် အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်-

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လစ်လပ်လျက်ရှိသော သုတေသနလက်ထောက်(၂) (လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်-

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လစ်လပ်လျက်ရှိသော တောအုပ်ကြီး (လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကို အောက်ဖော်ပြပါအစီအစဉ်အတိုင်းကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်-

(၃၄) ကြိမ်မြောက် သစ်တော၊ သတ္တုနှင့်ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကျင်းပမည်
သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ (၃၄) ကြိမ်မြောက် သစ်တော၊ သတ္တုနှင့်ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကို သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာနမှ ကြီးမှူး၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ ၂ ရက်ကြာကျင်းပမည်ဖြစ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက် နေလျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၆-၂-၂၀၂၃)ရက်နေ့မှ (၁၂-၂-၂၀၂၃) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၂၀၃.၂၂၀၆) တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၄.၄၇၈၆)တန်၊ သစ်မာ (၂၆.၇၉၆၆)တန်၊ အခြား (၇၆.၄၃၇၄)တန်၊ စုစုပေါင်း (၁၄၇.၇၁၂၆)တန်၊ ယာဉ်/ ယန္တရား (၅)စီး၊ တရားခံ (၁၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၁-၂-၂၀၂၃ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျွဲမကိုင်းဘိနယ်၊ တောင်ဇာမရီ ကြိုးဝိုင်း၊ အကွက်အမှတ် (၈၂)၊ ဘန့်ဘွေးကုန်းဘိနယ်၊ မြောက်ဇာမရီကြိုးဝိုင်း၊ အကွက်အမှတ် (၉၄၊ ၉၆)တို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး သစ်လုံး/ ခွဲသား/ လုံးပတ်(၃)ပေအောက်သစ် (၉၇)လုံး/ချောင်း (၂၂.၃၃၃၆)တန်၊ ချိန်းဆော (၁)လက် တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော လျှပ်စစ်ကျွမ်းကျင်(၄) (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူး (၄) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော ပုံဆွဲ(၄) (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူး (၁) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။

Pages