၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၆-၁၂-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အမရပူရမြို့နယ်၊ စာတိုးမြို့ပြင်ကြီးကျေးရွာ၊ မြစ်ငယ်၊ တောင်ကိုင်းချောင်းဆိပ်အနီးတွင် တရားမဝင်ကျွန်းသစ်(၁၃)လုံး (၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန၏ “(၃၂) ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ”ကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် စိတ်ပါဝင်စား သူများ တက်ရောက်နိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေး ဖိတ်ကြား အပ်ပါသည်-
ကျင်းပမည့်နေ့ရက် -၂၂-၁၂-၂၀၂၀(အင်္ဂါနေ့)မှ၂၃-၁၂-၂၀၂၀ (ဗုဒ္ဓဟူးနေ့)
ကျင်းပမည့်အချိန် - ၀၉:၀၀ - ၁၆ : ၃၀ နာရီ
စာတမ်းဖတ်ပွဲနှင့်စပ်လျဉ်းသည့် Meeting ID/ Password အပါအဝင် ဖတ်ကြားမည့်စာတမ်းများနှင့် အသေးစိတ်အချက်အလက်များ ကို သစ်တောဦးစီးဌာန website (www.forestdepartment.gov.mm)၊ သစ်တောဦးစီးဌာန facebook စာမျက်နှာ (Forest Department) နှင့် သစ်တောသုတေသနဌာန facebook စာမျက်နှာ (Forest Research Institute,Myanmar)တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း ဖော်ပြအပ် ပါသည်။
သုတေသနစာတမ်းဖတ်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၁၄.၈၇၈၈)တန်၊ သစ်မာ (၈၂.၄၇၅၅)တန်၊ အခြား (၄၂၉.၁၆၇၄)တန်၊ စုစုပေါင်း(၆၂၆.၅၂၁၇)တန်၊ တရားခံ(၃၃)ဦး၊ယာဉ်/ယန္တရား(၂၃)စီး ဖမ်းဆီး ရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၇-၁၂-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပူးတွဲ ပင်လောင်းမြို့နယ်၊ လိန်းလီဘိနယ်၊ ပေါင်းလောင်းကြိုးဝိုင်းအကွက်(၁၅၁)အတွင်းမှ တရားမဝင်သင်္ကန်း/ကညင်/ကရဝေး/စကားဝါ/ တောင်တမာ/ပျဉ်းမ/သပြေ (၂၁၇) လုံး/ခွဲခြမ်း (၂၅၂.၆၁၂၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ် ပါသည်-

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၃-၁၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ကသာမြို့နယ်၊ မိုးတားလေးရွာ အရှေ့တောင်ဘက် ဧရာဝတီမြစ်အတွင်း မော်တော်(၁)စီးပေါ်မှ တရားမဝင် ကညင်/ အင်သစ် (၁၇)လုံး (၁၃.၃၁၄၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၂-၁၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်များ အဖွဲ့သည် ဖောင်းပြင်မြို့နယ်၊ မိုင်းချောင်းကြိုးပြင်အပတောအတွင်းမှ တရားမဝင် ကညင်သစ်/ခွဲသား/ခွဲခြမ်း (၅၂၇)လုံး/ ချောင်း/ ခြမ်း (၁၂.၁၅၅၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၃-၁၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကလေးဝမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးမြို့နယ်၊ မထုကြိုးဝိုင်းအကွက်အမှတ်(၂၉)အတွင်း တရားမဝင်ကျွန်း/ပျဉ်းကတိုးသစ်/ခွဲသား (၃၀၅)ချောင်း (၂၆)တန်နှင့် NOKA တံဆိပ်ပါ လက်ကိုင်စက်လွှ(၁)လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၂-၁၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ကလေးဝမြို့နယ်၊ သက္ကယ်ကျင်းရွာအနီး၊ ဒေသအခေါ် သစ်ကျည်းပင်ချောင်အတွင်း တရားမဝင်အင်/ကညင်/သရက်/ရုံး/သစ်စေးသစ်/ခွဲသား (၃၆)လုံး/ ချောင်း (၁၁)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၁-၁၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ဖောင်းပြင်မြို့နယ်၊ လောင်းမင်း သစ်ဆိပ်သွားလမ်း၊ သစ်တိုက်ကားလမ်းဟောင်းတလျှောက်တွင် တရားမဝင်အင်/ကညင်သစ်/ တိုင် (၅၆၃)လုံး(၈၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages