၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သဘာဝ ဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနခွဲတွင် လစ်လပ်လျက်ရှိသော ယာဉ်မောင်း စက်ပြင်(၅) (လစာနှုန်းကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ရာထူး(၁) နေရာအတွက် လျှောက်လွှာများ တင်သွင်းလျှောက်ထားနိုင်ပါကြောင်းနှင့် အသေးစိတ်သတ်မှတ်ချက်များ၊ လျှောက်လွှာပုံစံများနှင့် လေ့လာရန်အချက်အလက်များအား အောက်ပါ PDF File အား Download ပြုလုပ်၍ ရယူနိုင်ပါကြောင်း ကြေငြာအပ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင် ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမ စိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၈-၉-၂၀၂၅)ရက်နေ့မှ (၁၄-၉-၂၀၂၅) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၁၉၁.၄၀၄၄)တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၉.၅၆၁၄)တန်၊ သစ်မာ (၆၈.၀၀၀၀)တန်၊ အခြား (၁၂၅.၉၂၄၆)တန်၊ စုစုပေါင်း (၂၁၃.၄၈၆၀)တန်၊ ယာဉ်/ယန္တရား (၃)စီး၊ တရားခံ (၈)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၁-၉-၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းအပိုင်း(ခ)ဘိနယ်၊ (ဒေသ အခေါ်) ရဲနွယ်ဆည်ရေပိုလွှဲ ဓမ္မာရုံအနီးနေရာမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/အခြား ခွဲသား (၁၉၁၆)ချောင်း (၁၆၆.၈၄၆၄)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သဘာဝ ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ FD-MLC IFPD စီမံကိန်းတွင် အသုံးပြုရန်အတွက် အောက်ဖော်ပြပါပစ္စည်းကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသည်။

(၁၈-၉-၂၀၂၅)ရက်၊ (၁၀း၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ အင်ပင်မြို့၊ အခြေခံပညာအလယ် တန်းကျောင်းခွဲ (ငှက်ကြီးကွင်း)၌ သစ်တောဦးစီးဌာန၊ မြန်အောင်မြို့နယ်၊ သစ်တောဝန်ထမ်းများမှ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပရာ အခြေခံပညာအလယ်တန်းကျောင်းခွဲ (ငှက်ကြီးကွင်း)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမ(၁၀)ဦး၊ ကျောင်းသား‌ကျောင်းသူ (၁၂၂)ဦး၊ ငှက်ကြီးကွင်းကျေးရွာမှ ဒေသခံပြည်သူ(၃၂)ဦး၊ ငှက်ကြီးကွင်းအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ(၁၃)ဦး၊ သစ်တောဝန်ထမ်း(၃)ဦး စုစုပေါင်း(၁၈၀)ဦး တက်ရောက်ခဲ့သည်။ အသိပညာပေးဟောပြောပွဲတွင် တောအုပ်ကြီး ဦးကျော်ဇင်ထိုက်မှ သစ်တောသစ်ပင်နှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တရားမဝင်သစ်ထုတ်လုပ်မှု လျော့နည်းပပျောက်ရေး၊ မီးခိုးမြူငွေ့လျော့ချရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ တောအုပ် ဦးကျော်ကျော်နိုင်မှ တောမီးရှို့ခြင်းမှ ကာကွယ်ရေး၊ တောဆင်ရိုင်းအန္တရာယ်ကာကွယ်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်အပေါ် ရှင်းလင်းဖြေကြားပေးခဲ့ကြောင်းသတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်အတွင်းရှိ သစ်တော စိုက်ခင်းများ၏ ရှင်သန်အောင်မြင်မှု အခြေအနေနှင့် ကားလမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မစိုက်ခင်းများ စိုက်ပျိုးဆောင်ရွက်ထားမှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးသည်။ ယနေ့ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများ လိုက်ပါလျက် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မုန်ချောင်းပေါက်ကျေးရွာအနီးရှိ ၂၀၂၅ မိုးရာသီ တွင် စိုက်ပျိုးထားသည့် ၁/၂၀၂၅ ကျေးရွာသုံးထင်းစိုက်ခင်း (၁၀) ဧက၏ ရှင်သန်အောင်မြင်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ‌အပူပိုင်းဒေသရာသီဥတု၊ မြေအမျိုးအစားနှင့်ကိုက်ညီသော ဒေသမျိုးရင်းသစ်မျိုးများအား ရွေးချယ်စိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးထားသော အပင်များ ရှင်သန် ကြီးထွားအောင် ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ၂၀၂၄ မိုးရာသီတွင် စိုက်ပျိုးခဲ့သည့် ၁/၂၀၂၄ ကျေးရွာထင်းစိုက်ခင်း (၂၀) ဧက၏ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှု များအပေါ် လိုအပ်သည်များမှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကွေး-ကံပြား-နတ်မောက်ကားလမ်း လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မ တမာစိုက်ခင်း၏ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ၁၆-၉-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တော်အနီး၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ခရေပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။ အခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသား/ ကျောင်းသူများ၊၊ Naypyitaw State Polytechnic University၊ အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခရေပျိုးပင်အား သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးသည်။ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများသည် ပျိုးပင်များကို တစ်ပြိုင်တည်း စိုက်ပျိုးပေးကြသည်။ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ သည် ၂၀၂၅ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပျိုးပင်များအား တပျော်တပါးစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။၂၀၂၅ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် အရောင်အသွေးစုံလင်ပြီး ရနံ့မွှေးပျံ့သော ပန်းများပွင့်သည့် အရိပ်ရသစ်မျိုးများဖြစ်သော ပိတောက်၊ ခရေ၊ ကံ့ကော်၊ အင်ကြင်း၊ တမာ၊ စကားဝါ၊ ပနားမားငု၊ စွယ်တော်အပါအဝင် သစ်မျိုး ၁၈ မျိုး၊ ပျိုးပင်ပေါင်း ၃၀၀၀ ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော(လစာနှုန်း ကျပ် ၂၁၆ဝဝဝ-၂၀၀၀-၂၂၆ဝဝဝ) တောအုပ်ကြီးရာထူး (၄၆)နေရာ နှင့် သုတေသနလက်ထောက်-၂ ရာထူး (၂)နေရာတို့တွင် အမြဲတမ်းဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင် လိုပါက ပူးတွဲပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများသည် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာနခွဲသို့ ၁၅-၁ဝ-၂ဝ၂၅ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါကြောင်း ကြေညာအပ်ပါသည်။

Pages