Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၅၈.၇၉၄၂)တန်၊ သစ်မာ (၃၄.၀၄၀၈)တန်၊ အခြား (၁၂.၄၃၄၂)တန်၊ စုစုပေါင်း (၁၀၅.၂၆၉၂)တန်၊ တရားခံ (၃၃)ဦး၊ ယာဉ်/ယန္တရား (၁၇)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၆-၇-၂၀၂၂ ရက်နေ့တွင် မန္တလေး တိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ ကမ်းနား လမ်း၊ ရတနာဂီရိဂူကြီးကျောင်းတိုက်အတွင်းမှ တရားမဝင် ကျွန်းသစ်/ လုံးပတ်(၃)ပေ အောက်ကျွန်းသစ် (၂၆၅)လုံး (၂၃.၉၇၂၀)တန်အား တရားခံ (၁)ဦးနှင့်အတူ ဖမ်းဆီး ရမိမှုဖြစ်ပါသည်-

သစ်တောဦးစီးဌာနစက်သုံးဆီဝယ်ယူရန်တင်ဒါခေါ်ယူခြင်း တင်ဒါအမှတ်(၆/ ၂၀၂၂-၂၀၂၃)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ခုနှစ်၊ သစ်တောဥပဒေပုဒ်မ-၆၊ ပုဒ်မခွဲ-(င)အရ အပ်နှင်းထား သော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၂,၆၁၇)ဧကရှိသောနယ်မြေကို “ပုလဲကြိုးပြင်ကာ ကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၁၃၂/၂၀၂၂)အရ ၁၃၈၄ ခုနှစ်၊ တော်သလင်းလဆန်း (၁)ရက် (၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၁-၇-၂၀၂၂)ရက်နေ့မှ (၁၇-၇-၂၀၂၂) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၄၂.၁၈၄၀)တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသ ကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း (၂၇.၃၂၀၈) တန်၊ သစ်မာ (၂၁.၀၁၉၈)တန်၊ အခြား (၂၆.၆၃၄၈)တန်၊ စုစုပေါင်း (၇၄.၉၇၅၄)တန်၊ တရားခံ (၁၈)ဦး၊ ယာဉ်/ ယန္တရား (၁၄)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၁၅-၇-၂၀၂၂ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်း မြို့နယ်၊ ဘန့်ဘွေးကုန်းဘိနယ်၊ ကဒင်ဘီးလင်းကြိုးဝိုင်း၊ အကွက်အမှတ်(၇၆)နှင့် မြောက်ဇာမရီ ကြိုးဝိုင်း၊ အကွက်အမှတ်( ၆၀၊ ၆၂)အတွင်းမှ တရားမဝင်ကျွန်း/ ပျဉ်းကတိုး၊ သစ်လုံး/ ခွဲသား (၉၂)လုံး/ ချောင်း၊ ( ၁၃.၄၅၅၄) တန်၊ ချိန်းဆော (၁) လက်နှင့် ဆိုင်ကယ်(၂)စီးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၂-၈-၂၀၂၂)ရက်နေ့မှ (၂၈-၈-၂၀၂၂) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၄၅.၁၅၀၈)တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၉.၉၉၈၈)တန်၊ သစ်မာ (၇.၇၄၆၆)တန်၊ အခြား (၅၉.၈၉၈၈)တန်၊ စုစုပေါင်း (၁၁၇.၆၄၄၂)တန်၊ တရားခံ (၁၇)ဦး၊ ယာဉ်/ယန္တရား (၁၈)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၃-၈-၂၀၂၂ ရက်နေ့တွင် မကွေး တိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မြောက်ပြင်ဘိနယ်၊ မင်းတုန်းရိုးမ ကြိုးဝိုင်းအကွက်(၂၄၊ ၃၀)အတွင်းမှ တရားမဝင် ကျွန်းခွဲသား (၂၃၅)ချောင်း (၂၉.၃၇၄၀)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ခုနှစ်၊ သစ်တောဥပဒေပုဒ်မ-၆၊ ပုဒ်မခွဲ-(င)အရ အပ်နှင်းထား သော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၃,၃၄၀)ဧကရှိသောနယ်မြေကို “မအိုင်ကျွန်း ဒီရေတော ကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၁၃၁/၂၀၂၂)အရ ၁၃၈၄ခုနှစ်၊ တော် သလင်းလဆန်း(၁)ရက်(၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာ လိုက်သည်။

Pages