၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၁၁.၇.၂၀ ၂၅) ရက်နေ့၊ နံနက် (၇:၀၀) နာရီတွင် အပူပိုင်းဒေသ ၁၃ ခရိုင်စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ်၊ မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်အား၊မုံရွာ-ယင်းမာပင်ခရိုင်ယင်းမာပင်မြို့နယ် ကွန်ပျူတာတက္ကသိုလ် တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်စွာ၀င်းနှင့် စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီး ၀င်းတင်စိုးတို့ ဦးဆောင်၍ ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ယင်းမာပင်မြို့နယ် အောင်ဇေယျမြို့သစ် ပြည်သူများ၊ စစ်မှုထမ်း ဟောင်းမိသားစုဝင်များ၊ အောင်ဇေယျမြို့သစ် အခြေခံပညာကျောင်းမှ ကျောင်းသား/သူများ၊ စုစုပေါင်း(၄၅၀)ဦး တက်ရောက်ပြီး၊ ခရေ(၇၀)ပင်၊ ရေတမာ(၅၀)ပင်၊ တမာ (၁၅၀)ပင်၊ မယ်ဇလီ(၁၅၀)ပင်၊ကုက္ကို(၁၃၀)ပင်၊ ဗန်ဒါ(၅၁)ပင်၊ စုစုပေါင်း (၆၀၀)ပင် ကို စုပေါင်းစိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။

၁၁-၇-၂၀၂၅ ရက်၊ (၀၇:၀၀)နာရီတွင်ချောက်ခရိုင်၊ချောက်မြို့နယ် ဆင်ကအဆိုပြုကြိုးပြင်ကာကွယ်တောအတွင်းတွင် အပူပိုင်းဒေသ(၁၃)ခရိုင်စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းခဲ့ပါသည်။သစ်ပင်စိုက်ပျိုးပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတ​ရေးရာဝန်ကြီး၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း)၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ အကျမှကျောင်းသားကျောင်းသူများ၊ ဆရာ/ဆရာမနှင့်ကျောင်းသား/အထကများမှကျောင်းသူများနင့်ဆရာဆရာမများ၊ကြက်ခြေနီအဖွဲ့များ၊ ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ အဖွဲ့များ၊ ရပ်/ကျေးအဖွဲ့ဝင်များ၊ဒေသခံပြည်သူများ အင်အား စုစုပေါင်း (၂၀၀၀) ဦးတက်ရောက်ပြီး တမာ(၁၀၀၀)ပင် ဖျောက်ဆိပ်(၅၀၀)ပင်၊ ပိတောက်(၁၅၀၀)ပင်၊ပဲချယ်ရီ (၁၀၀၀)ပင်၊ စုစုပေါင်း(၄၀၀၀) ပင်ကိုစုပေါင်းစိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။

၁၁-၇-၂၀၂၅ ရက်၊ (၀၇:၀၀)နာရီအချိန်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ အစိုးရနည်းပညာအထက်တန်းကျောင်း(မုံရွာ)အနီး၊ အားသစ်လမ်းတွင် အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့ပါသည်။သစ်ပင်စိုက်ပျိုးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်ဇနီး၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်မှူးချုပ် မျိုးမင်းထွေးနှင့် တပ်ရင်းတပ်ဖွဲ့များမှ အရာရှိကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာပညာရေးကောလိပ်မှ ကျောင်းသား/သူများ၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းမှ ကျောင်းသား/သူများ၊ သူနာပြုသင်တန်းကျောင်းမှ ကျောင်းသား/သူများ၊ အစိုးရနည်းပညာအထက်ကျောင်း(မုံရွာ)မှ ကျောင်းသား/သူများ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၀၀၀)ဦး တက်ရောက်ပြီး စိန်ပန်း၊ ခရေ၊ ရေတမာ၊ မယ်ဇယ်၊ ဗန်ဒါ၊ မယ်ဇလီ၊ ကုက္ကိုလ်၊တမာ စသည့် သစ်မျိုး(၈)၊ စုစုပေါင်း (၁၀၅၀)ပင်အား စုပေါင်း စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊သစ်တောဦးစီးဌာနနှင့်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့ပူးပေါင်း၍ အပူပိုင်းဒေသ(၁၃)ခရိုင် သစ်ပင်စိုက်ပျိုးပွဲကို ၁၁.၇.၂၀၂၅ရက် သောကြာနေ့ နံနက် ၀၇း၀၀ နာရီ အချိန်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်း မိုင် တိုင် ၂၆/၆တွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ သစ်ပင်စိုက်ပျိုးပွဲသို့ ကျောက်ပန်းတောင်း တပ်နယ်မှူး ဗိုလ်မှူကြီးဝင်းကျော်သူ၊ မန္တလေးတိုင်းဒေသကြီး၊အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းအောင် ၊ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ ကျောင်းသား/သူများ၊ ဒေသခံပြည်သူများ စုစုပေါင်း ၃၀၀၀ဦးတက်ရောက်ကြပါသည်။ သစ်ပင်စိုက်ပွဲတွင် ဒုတိယဝန်ကြီးမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးမင်းသိန်းထွန်းအားလည်းကောင်း၊ ကျောက်ပန်းတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးဝင်းကျော်သူမှ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူ ဒေါ်ခင်တင့်တင့်အောင် သို့လည်း​ကောင်း၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းအောင်မှ ညောင်ဦးခရိုင်ပညာရေးမှူး ဦးကျော်ဝင်းသို့လည်းကောင်း၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးကျော်မင်းညိုမှ ညောင်ဦးခရိုင် အမျိုးသမီးရေးအဖွဲ့ ဥက္ကဌ ဒေါ်နီလာဟိန်းသို့လည်းကောင်း ပျိုးပင်များအသီးသီးပေးအပ်၍ ဒုတိယဝန်ကြီးမှ မဟော်ဂနီပင်အားဦးဆောင် စိုက်ပျိုးပေးပြီး သစ်ပင်စိုက်ပျိုးပွဲအား လှည့်လည် ကြည့်ရှု့အားပေးခဲ့ပါသည်။

၁၁-၇-၂၀၂၅ ရက်၊ (၀၇:၀၀)နာရီတွင် စစ်ကိုင်းခရိုင်၊မြင်းမူမြို့[ အ၊ထ၊က(၂)]ကျောင်းဝင်းအတွင်းတွင် အပူပိုင်းဒေသ(၁၃)ခရိုင်စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပခဲ့ပါသည်။ သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဌ၊မြို့နယ်ရဲမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ဆရာ/ဆရာမနှင်ကျောင်းသား/ကျောင်းသူများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ရပ်/ကျေးအဖွဲ့ဝင်များ၊ဒေသခံပြည်သူများ အင်အား စုစုပေါင်း (၂၀၀) ဦးတက်ရောက်ပြီး တမာ(၁၅၀)ပင် မယ်ဇယ်(၁၀၀)ပင်၊ယူကလစ်(၁၂၅)ပင်၊စိန်ပန်း(၁၀၀)ပင်၊ကုက္ကို(၁၂၅)ပင် စုစုပေါင်း( ၆၀၀) ပင်ကိုစုပေါင်းစိုက်ပျိုးခဲ့ကြောင်းသတင်းရရှိသည်။

၁၁-၇-၂၀၂၅ ရက်၊ (၀၇:၀၀)နာရီတွင် ရွှေဘိုမြို့၊ ရွှေဘိုတက္ကသိုလ်အတွင်း ခန့်မှန်းမြေပုံညွှန်း- 22°35'13.99"N, 95°44'20.09"E နှင့် 22°35'5.30"N, 95°44'20.31"E နေရာတွင် အပူပိုင်းဒေသ(၁၃)ခရိုင်စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းခဲ့ပါသည်။သစ်ပင်စိုက်ပျိုးပွဲသို့ အမှတ်(၅)စစ်အုပ်ချုပ်ရေးနယ်မြေ စစ်နယ်မြေမှူးနှင့် တပ်ရင်းတပ်ဖွဲ့များမှ အရာရှိကြီးများ၊ ရွှေဘိုခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများ၊ ကျောင်းသားကျောင်းသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ရွှေဘိုမြို့ရှိ ကိုယ်ပိုင် ကျောင်းများမှ ဆရာ/ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ အင်အား စုစုပေါင်း ၃၀၀၀ ဦးတက်ရောက်ပြီး တမာ၊ ဖျောက်ဆိတ်၊ မယ်ဇယ်၊ သပြေဘူတ၊ ခရေ၊ ရေတမာ၊ ဆီသပြေ၊ မယ်ဇလီ၊ ယူကလစ်၊ ပိတောက်သစ်မျိုး စုစုပေါင်း ၃၀၀၀ ပင်ကိုစုပေါင်းစိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။

အပူပိုင်းဒေသ အဓိကပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ
ယနေ့အချိန်အခါတွင် ရာသီဥတုပြောင်းလဲခြင်း၊ သစ်တောများပြုန်းတီးခြင်း၊ မြေဆီလွှာ အာဟာရလျော့နည်းလာခြင်း၊ မြေဆီလွှာတိုက်စားခြင်း၊ မြေအဆင့်အတန်းလျော့ကျခြင်း၊ ရေခမ်း ခြောက်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများလျော့နည်းလာခြင်း စသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ တွေ့ကြုံရင်ဆိုင်ရလျက်ရှိသည်။ မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသများတွင်လည်း အပူချိန်မြင့်မားလွန်းခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ မိုးများခြင်း၊ မိုးခေါင်ခြင်း စသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များကို ရင်ဆိုင်ကြရလျက်ရှိပါသည်။ အပူ ချိန်မြင့်မားလွန်းခြင်းကြောင့် သတိလစ်ခြင်းမှသည် အသက်သေဆုံးသည်အထိ အန္တရာယ်ကြီး ပါသည်။မိုးရွာသွန်းမှုပုံစံမမှန်ခြင်း၊ မိုးရွာသွန်းမှုအကြိမ်ရေနည်းပါးခြင်း၊ မိုးခေါင် ရေရှားခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ လေထုနှင့်မြေထု အပူချိန်မြင့်မားမှုဒါဏ် ကြာရှည်စွာ ခံစားရခြင်း၊ အပူချိန်အတက်အကျလွန်ကဲခြင်း၊ မြေဆီလွှာရေငွေ့ပျံမှုနှုန်းမြင့်မားခြင်း၊ စိုထိုင်းဆနိမ့်ခြင်း၊ မြေဆီခြောက်ခမ်းခြင်းနှင့် မြေအရည်အသွေး အဆင့်အတန်းနိမ့်ကျခြင်း၊ ရေနှင့် လေတိုက်စား မှုကြောင့် အပေါ်ယံမြေဆီလွှာတိုက်စားခြင်းစသည်တို့သည် အဓိကရင်ဆိုင်နေရသော သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ ဖြစ်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ၉-၇-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်း ဘေး တပင်ကန်အနီးရှိ ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးထားသော သစ်တောစိုက်ခင်းအား ကြည့်ရှု စစ်ဆေးသည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဂွေးချို-ချောက်ကားလမ်းဘေး ဆင်ကကြိုးပြင်ကာကွယ်တောတွင် ၂၀၂၅ ခုနှစ် မိုးရာသီ လူထု လှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေ အားကြည့်ရှုစစ်ဆေးပြီး ဂွေးချို-ချောက်ကားလမ်းဘေးရှိ အထူးစိမ်းလန်းစိုပြည်ရေးဇုန် ဧရိယာ (Greening Complex Zone)အား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဂွေးချို-ချောက်ကားလမ်းရှိ ၂၀၂၄ ခုနှစ်တွင် စိုက်ပျိုးထားသော လမ်းဘေး ဝဲ/ယာ စိမ်းလန်းစိုပြည်ရေးစိုက်ခင်းများနှင့် ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုး ထားသော လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မစိုက်ခင်းတို့ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

Pages