Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၈.၆၃၀၄)တန်၊ သစ်မာ (၂.၁၆၄၈)တန်၊ အခြား (၂၃.၂၃၂၄)တန်၊ စုစုပေါင်း (၅၄.၀၂၇၆)တန်၊ ယာဉ်/ ယန္တရား (၁၇)စီး၊ တရားခံ (၁၈)ဦး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၄-၇-၂၀၂၃ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်း၊ အကွက်အမှတ် (၈၂)၊ မိုင်တိုင်အမှတ် ၆၈/၄ နှင့် ၆၈/၅ ကြား/ ခပေါင်းကြိုးဝိုင်း၊ အကွက်အမှတ် (၈၀)၊ မိုင်တိုင်အမှတ် ၆၅/၂ နှင့် ၆၅/၃ ကြား/ ခပေါင်းကြိုးဝိုင်း၊ အကွက်အမှတ် (၁၁၁)၊ မိုင်တိုင်အမှတ် ၆၄/၄ နှင့် ၆၄/၅ ကြား နေရာတို့မှ တရားမဝင် ကျွန်း သစ်လုံး/ခွဲခြမ်း စုစုပေါင်း (၆၃)လုံး/ခြမ်း (၁၀.၉၀၂၀)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချ နေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၃၁-၇-၂၀၂၃)ရက်နေ့မှ (၆-၈-၂၀၂၃) ရက်နေ့ထိ တစ်ပတ်တာကာလ အတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၃၄.၃၃၈၂) တန်ဖမ်းဆီးရမိခဲ့ပါသည်။
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၈.၂၀၁၀)တန်၊ သစ်မာ (၂၇.၇၆၆၂)တန်၊ အခြား (၄၄.၆၃၁၈)တန်၊ စုစုပေါင်း (၉၀.၅၉၉၀)တန်၊ ယာဉ်/ ယန္တရား (၇)စီး၊ တရားခံ (၁၄)ဦး ဖမ်းဆီးရမိခဲ့ ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၄-၆-၂၀၂၃ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဘန့်ဘွေးကုန်းဘိနယ်၊ မြောက် ဇာမရီကြိုးဝိုင်း၊ အကွက်အမှတ် (၆၂) နှင့် (၆၈) အတွင်းတို့မှ တရားမဝင် ပျဉ်းကတိုး/ ထောက်ကြံ့ သစ်လုံး/ခွဲသား စုစုပေါင်း(၆၈)လုံး (၁၁.၆၄၅၆)တန်၊ ချိန်းဆော(၇)လက် တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၉.၃၄၆၆)တန်၊ သစ်မာ (၇.၇၉၅၄)တန်၊ အခြား (၆၉.၀၀၇၆)တန်၊ စုစုပေါင်း (၈၆.၁၄၉၆)တန်၊ ယာဉ်/ ယန္တရား (၉)စီး၊ တရားခံ (၂၄)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၃-၆-၂၀၂၃ ရက်နေ့၊ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့နယ်၊ ဒါးပိုင်ရွာဟောင်း၊ ရထားလမ်းဘေးရှိ အီဒီရိစ်၏နေအိမ် ခြံဝင်းအတွင်းမှ တရားမဝင် သင်ပုန်းခွဲသား (၆၆၈)ချောင်း (၃၀.၀၆၆၆)တန်၊ အင်ဂျင် (၁)လုံး၊ လွှဝိုင်း (၃)ဝိုင်းနှင့် သစ်စက်ဆက်စပ်ပစ္စည်းများအား တရားခံ(၁၁)ဦးနှင့်အတူ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချ နေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၂-၅-၂၀၂၃)ရက်နေ့မှ (၂၈-၅-၂၀၂၃) ရက်နေ့ထိ တစ်ပတ်တာကာလ အတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၂၁.၃၀၀၆) တန်ဖမ်းဆီးရမိခဲ့ပါသည်။
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၁.၅၂၉၀)တန်၊ သစ်မာ (၁၁.၆၁၅၂)တန်၊ အခြား (၁၈.၉၄၄၈)တန်၊ စုစုပေါင်း (၅၂.၀၈၉၀)တန်၊ ယာဉ်/ ယန္တရား (၁၃)စီး၊ တရားခံ (၂၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၅-၅-၂၀၂၃ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဘုန်းတောင်ကြိုးဝိုင်း၊ အကွက်အမှတ် (၃)၊ ခပေါင်းဆည်အနီးနှင့် ရေဆိပ်နေရာတို့မှ တရားမဝင် ကျွန်း သစ်လုံး/ ခွဲသား/ ခွဲခြမ်း/ ဖရုံစိပ်/ ယောင်ခြမ်း (၁၁၀) လုံး/ ချောင်း/ ခြမ်း/ စိပ် (၁၃.၀၅၁၆)တန်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် နေလျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၇-၂-၂၀၂၃)ရက်နေ့မှ (၅-၃-၂၀၂၃) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၄၃.၃၃၆၆) တန်ဖမ်းဆီးရမိခဲ့ပါသည်။
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၀၀.၁၅၉၄)တန်၊ သစ်မာ (၅.၉၄၄၀)တန်၊ အခြား (၆၇.၇၂၉၀)တန်၊ စုစုပေါင်း (၁၇၃.၈၃၂၄)တန်၊ ယာဉ်/ ယန္တရား (၈)စီး၊ တရားခံ (၁၈)ဦး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၄-၃-၂၀၂၃ ရက်နေ့၊ မကွေးတိုင်း ဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ မြေမိရပ်ကွက်၊ အရှေ့ဘက် (၁)ဖာလုံခန့် အကွာ/ (၂)ဖာလုံခန့်အကွာ/ (၃)ဖာလုံခန့်အကွာ နေရာတို့မှ တရားမဝင် ကျွန်း/ သန်း/ ထနောင်း/ ဒီဒူး/ ဒဟတ်/ နဘဲ ခွဲသားစုစုပေါင်း (၃၉၀)ချောင်း (၃၃.၈၅၅၂)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-