၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည် မြို့နယ်အတွင်းကျရောက်နေသည့်ဧရိယာအကျယ်အဝန်း (၆,၃၈၃)ဧကရှိသောနယ်မြေကို “ဝါးရွက် ကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၄၃/၂၀၂၅)အရ ၁၃၈၇ ခုနှစ်၊ ကဆုန် လဆန်း(၄)ရက်(၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အပူပိုင်းဒေသ၏ သဘာဝ တောကျန်များအားထိန်းသိမ်းခြင်းကြောင့် ပတ်ဝန်းကျင်ဒေသအား အပူချိန် လျော့နည်းကျဆင်းပြီး ပူပြင်းခြောက်သွေ့မှုကာကွယ်ရန်၊ရာသီဥတုသာယာမျှတစေပြီးစိမ်းလန်းစိုပြည်ရန်၊မြေဆီလွှာတိုက်စားမှုများ တားဆီးကာကွယ်ရန်နှင့် အပူပိုင်းသစ်တောများထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်၍ ကြိုး ဝိုင်း/ကြိုးပြင်ကာကွယ်တောများအဖြစ် ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါသည်။ဝါးရွက်ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက် လျက်ရှိသော သဘာဝပေါက်ပင်များဖြစ်သည့် ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ ထောက်ကြံ့၊ သစ်ယာ၊ ဘင်္ဂ၊ နှော၊ သဒီ၊ နဘဲ၊ ယမနေ၊ ယင်းတိုက်၊ သစ်အယ် စသည့်သစ်မျိုးများအား ထိန်းသိမ်း နိုင်မည်ဖြစ်ခြင်း၊ မျောက်၊ တောဝက်၊ ဂျီ၊ ယုန်၊ တောကြောင်၊ ခွေးအ၊ ရှဉ့်၊ ဂျိုး၊ ခါ၊ ငှက်ငနွား စသည့် တိရစ္ဆာန်ငယ်များ၏နေထိုင်ကျက်စားရာဒေသအားထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးအတွက် အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ မြေဆီလွှာ တိုးတက် ကောင်းမွန်လာခြင်း၊ မြေအောက်ရေထိန်းသိမ်းနိုင်ခြင်းနှင့်သစ်တောဖုံးလွှမ်းမှုတိုးလာပြီး ရာသီဥတုပိုမိုကောင်းမွန်လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ (င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၂၈,၃၉၂ ဧကရှိသော နယ်မြေကို “အောင်နိမိတ်ဒီရေတောကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၄၂/၂၀၂၅)အရ ၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း(၄)ရက်(၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ ဇီဝမျိုးစုံမျိုးကွဲများပေါကြွယ်ဝစေရန်၊ လှိုင်းဒဏ်/ လေမုန်တိုင်းဒဏ်ခံစား ရမှုများအား သဘာဝအစိမ်းရောင်တံတိုင်းကြီးများသဖွယ် ကာကွယ်ရန်၊ ကမ်းရိုးတန်းဒေသ ရေရှည်တည်တံ့စေရေးကို အထောက်အကူပြုနိုင်ရန်၊ ဒေသခံပြည်သူများအတွက် ငါး၊ ပုစွန်၊ ကဏန်း စသော ရေသယံဇာတများ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်၊ ကုန်းတွင်းပိုင်းသို့ ဆားငံရေ ဝင်ရောက်မှုများမှ တားဆီးကာကွယ်နိုင်ရန်နှင့် ဒီရေတောဂေဟစနစ်စီမံအုပ်ချုပ်မှု ပိုမို ကောင်းမွန်လာစေရန်ရည်ရွယ်၍ ဒီရေတောကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းသတ် မှတ်ခြင်းဖြစ်ပါသည်။အောင်နိမိတ်ဒီရေတောကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော ဒီရေတောသစ်မျိုးများဖြစ်သည့် သမဲ့၊ လမု၊ သရော၊ ကန့်ပလာ၊ သခွတ်၊ ရေခရားသစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ငါးမျိုးစုံ၊ ပုစွန်မျိုးစုံ၊ ခရုမျိုးစုံ၊ ကဏန်းမျိုးစုံတို့၏ရှင်သန်ပေါက်ဖွားရာဂေဟစနစ်ပိုမိုကောင်းမွန်လာစေခြင်း၊ ဘုတ်၊ ဒင်ကြီးငှက်၊ ဗျိုင်း၊ ငှက်ကြား၊ ခရုစုပ်ငှက်၊ ဘီလုံးငှက်၊ စင်ရော်ငှက်စသည့် ငှက်မျိုးများ၏ နေရင်းဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ဒေသခံပြည်သူများ၏လူမှုစီးပွါးဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပြုနိုင် ခြင်း၊ ဒီရေတောများသည်အဏ္ဏဝါဂေဟစနစ်ကို တည်ငြိမ်မှုအတွက် အရေးပါသည့် ဂေဟစနစ် တစ်ခုဖြစ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိ နိုင်မည်ဖြစ်ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၅.၈၀၉၈)တန်၊ သစ်မာ (၂.၈၇၀၀)တန်၊ အခြား (၅၀.၄၅၁၄)တန်၊ စုစုပေါင်း (၅၉.၁၃၁၂)တန်၊ ယာဉ်/ ယန္တရား (3)စီး၊ တရားခံ (12)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၈-၄-၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ရေနီ/မြို့လှဘိနယ် ရေငန်းမြောင်ရွာ အနီး၊ အမြန်လမ်းမကြီး၊ မိုင်တိုင် (၁၈၂/၁) နှင့် (၁၈၂/၂)ကြားနေရာမှ တရားမဝင် သတီ/ ဘင်္ဂ/ နှော/ ဒွနီ ခွဲသား စုစုပေါင်း (၁၂၇)ချောင်း (၁၇.၁၇၁၀)တန်၊ (၁၂)ဘီး ယာဉ် (၁)စီး၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟို​ကော်မတီအတွင်း​ရေးမှူးနှင့် တိုင်း​ဒေသကြီး/ပြည်နယ်အဆင့်​ကော်မတီအတွင်း​ရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ( ၆-၅-၂၀၂၅ ) ရက် ၀၉း၃၀ နာရီတွင် သစ်​တောဦးစီးဌာန၊ ညွှန်ကြား​ရေးမှူးချုပ်ရုံး အစည်းအ​ဝေးခန်းမ၌ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဗဟို​ကော်မတီအတွင်း​ရေးမှူး ဦးလှ​မောင်သိန်းတက်​ရောက် အမှာစကား​ပြောကြားပြီး အစည်းအ​ဝေးကို ဗဟို​ကော်မတီ တွဲဖက်အတွင်း​ရေးမှူး(၂)၊ သစ်​တောဦးစီးဌာန၊ ဒုတိယညွှန်ကြား​ရေးမှူးချုပ်များ၊ ငါးလုပ်ငန်းဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဆက်စပ်ဌာနများမှ ညွှန်ကြားရေးမှူးများ၊ ညွှန်ကြား​ရေးမှူးချုပ်ရုံးမှ ဌာနအလိုက် ညွှန်ကြား​ရေးမှူးများတက်​ရောက်၍ သက်ဆိုင်ရာ တိုင်း​ဒေသကြီး/ပြည်နယ်အဆင့်​ကော်မတီအတွင်း​ရေးမှူးများက Online စနစ်ဖြင့် တက်​ရောက်ကြပါသည်။ ဦးစွာ ​ဗဟိုကော်မတီနှင့် လုပ်ငန်း​ကော်မတီအတွင်း​ရေးမှူးက လုပ်ငန်း​ကော်မတီ(ဆဋ္ဌမအကြိမ်)နဲ့ ဗဟို​ကော်မတီ(သတ္တမအကြိမ်)အစည်းအ​ဝေးများ ​အောင်မြင်စွာကျင်းပနိုင်​ရေး ညှိနှိုင်း​ဆွေး​နွေးလို​ကြောင်း၊ ဗဟိုကော်မတီ အစည်းအ​ဝေးများကျင်းပခဲ့ရာ (၆) ကြိမ်​မြောက်ထိပြီးစီးခဲ့ပြီး ​ဆောင်ရွက်ရမည့်ဆုံးဖြတ်ချက်များ၊ လုပ်ငန်းကဏ္ဍများလည်းစုံလင်လာ၍ ဆုံးဖြတ်ချက်များအ​ပေါ် အချိန်နှင့်တစ်​ပြေးညီ ​ဆောင်ရွက်၍တင်ပြရန်လို​ကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဦးစီးဌာနနှင့် သစ်​တောဦးစီးဌာနတို့အ​နေဖြင့် အ​ကောင်အထည်​ဖော်ပြီးလုပ်ငန်းများ၏တိုးတက်မှုများတင်ပြနိုင်​ရေး၊ ဆက်လက် အ​ကောင်အထည်​​ဖော်မည့် လုပ်ငန်းအစီအမံများတင်ပြရမည်ဖြစ်​ကြောင်း၊ သက်ဆိုင်ရာတိုင်း​ဒေသကြီး/ပြည်နယ်အဆင့် အတွင်း​ရေးမှူးများကလည်း ဆုံဖြတ်ချက်များအ​ပေါ် ​ဆောင်ရွက်ပြီးစီးမှု၊ ​ရေရှည်​ရေတိုနှင့် ပူးပေါင်းအ​ကောင်အထည်​ဖော်ရမည့် စီမံချက်များတင်ပြနိုင်​ရေးနှင့် အပြာ​ရောင်စီးပွား​ရေးဖွံဖြိုးမှုတွက် ကြိုတင်ပြင်ဆင်​ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် အလားတူ လုပ်ငန်း​ကော်မတီအစည်းအ​ဝေးဆုံးဖြတ်ချက်များအ​ပေါ် အ​ကောင်အထည်​ဖော်မှုများကို တင်ပြရန်၊ လုပ်ငန်း​ကော်မတီ (ဆဋ္ဌမအကြိမ်) အစည်းအ​ဝေးတွင်​ဆွေး​နွေးရန် အဖွင့်အမှာစကား​ပြောကြားပြီးနောက် တက်ရောက်လာသူများမှ လုပ်ငန်း​ဆောင်ရွက်တိုးတက်မှုများကိုတင်ပြခဲ့ပြီးနောက် ဆက်လက်ဆောင်ရွက်ရမည့် အချက်များကိုဝိုင်းဝန်းဆွေးနွေးသတ်မှတ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၁.၆၁၇၂)တန်၊ သစ်မာ (၇.၄၇၃၂)တန်၊ အခြား (၂၆.၃၇၆၆)တန်၊ စုစုပေါင်း (၄၅.၄၆၇၀)တန်၊ ယာဉ်/ ယန္တရား (၆)စီး၊ တရားခံ (၂၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၃-၄-၂၀၂၅ ရက်နေ့တွင် နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၊ ကျည်တောင်- နန်ချိုဘိနယ်၊ ကျည်တောင်အထက် ပေါင်းလောင်းသွားကားလမ်းရှိ ဒေသအခေါ် ကညင်ပြန့်နေရာမှ တရားမဝင် အခြားသစ်/ယောင်ခြမ်း (၁၀)လုံး/ခြမ်း (၆.၃၉၈၀)တန်၊ ယာဉ် (၁)စီး၊ တရားခံ (၂)ဦး ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင် ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမ စိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၁-၄-၂၀၂၅)ရက်နေ့မှ (၂၇-၄-၂၀၂၅) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၂၄.၂၄၃၀)တန်ဖမ်းဆီးရမိခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ၌ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ (၃၂) ကြိမ်မြောက် စီမံကိန်းပေါင်းစပ်ညှိနှိုင်းရေးကော်မတီအစည်းအဝေး (Project Coordinating Committee-PCC) ကို နံနက် (၁၀) နာရီတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဆက်စပ်ဌာနများမှ ကော်မတီဝင်များ၊ တနင်္သာရီသဘာဝကြိုးဝိုင်း လုပ်ငန်းစီမံကိန်းမှ စီမံကိန်းဒါရိုက်တာနှင့် ဥယျာဉ်အုပ်ချုပ်ရေးမှူး၊ မိတ်ဖက်ကုမ္ပဏီများ ဖြစ်သည့် မုတ္တမဓါတ်ငွေ့ပို့ဆောင်ရေးကုမ္ပဏီ (MGTC)၊ တနင်္သာရီပိုက်လိုင်းကုမ္ပဏီ (TPC) နှင့် အက်ဒမန်ပို့ဆောင်ရေးလီမီတက် (ATL) တို့မှ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ ကော်မတီဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး က အဖွင့်အမှာစကားပြောကြားပြီး ဥယျာဉ်အုပ်ချုပ်ရေးမှူးမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း စီမံကိန်းလုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကိုလည်း​ကောင်း၊ စီမံကိန်းဒါရိုက်တာမှ ယခင် ကျင်းပခဲ့သည့် (၃၁) ကြိမ်မြောက် စီမံကိန်းပေါင်းစပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ်အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ရန်ပုံငွေ သုံးစွဲမှုအခြေအနေများ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် စီမံကိန်းလုပ်ငန်းများနှင့် ရန်ပုံငွေ လျာထားချက်များနှင့် အသေးစိတ်လုပ်ငန်း အစီအစဉ်များကိုလည်​ကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ရာ အစည်းအဝေးတက်ရောက်လာသူများမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြ​ကြောင်းသတင်းရရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၈-၄-၂၀၂၅ ရက်နေ့ နေ့လယ်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်ရှိ အင်ပြင်ပျိုးဥယျာဉ်သို့သွားရောက်၍ ရှင်းလင်းဆောင် တွင် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ကလောမြို့အား ထင်းရှူးမြို့တော်ဖြစ်စေရေး အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန်နှင့် အင်လေးကန်ပတ်ဝန်းကျင် ရေဝေရေလဲဒေသများ အထူးစိမ်းလန်း စိုပြည်ရေး စီမံချက်များရေးဆွဲ ဆောင်ရွက်သွားရန်မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။ ထို့နောက် ၂၀၂၄ ခုနှစ် ကလောမြို့ ရေကြီးရေလျှံမှု ကြောင့် ရေတိုက်စားပျက်စီးသွားသော အင်ပြင်ပျိုးဥယျာဉ်အား ပြင်လည်ပြုပြင်ထားမှု အခြေအနေ နှင့် ပျိုးဥယျာဉ်အတွင်း ပျိုးပင် ၆၁,၀၀၀ ကျော် ပျိုးထောင်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည်။

Pages