၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၈.၆၅၁၀)တန်၊ သစ်မာ (၈.၁၃၇၈)တန်၊ အခြား (၈၇.၀၃၁၀)တန်၊ စုစုပေါင်း (၁၀၃.၈၁၉၈)တန်၊ ယာဉ်/ ယန္တရား (၆)စီး၊ တရားခံ (၂၆)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၇-၂-၂၀၂၅ ရက်နေ့တွင် နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိဘိနယ်၊ ကျည်တောင် ကျေးရွာ၊ ဦးကျော်ရဲသူ အမည်ပေါက် အ.စ.လဝန်းအတွင်း၌ တရားမဝင် အခြား သစ်/ခွဲသား (၅၅၆)လုံး/ချောင်း (၃၂.၅၉၈၈)တန်၊ အင်ဂျင် (၁)လုံး၊ လွှဝိုင်း (၃)ဝိုင်းနှင့် ဆက်စပ်ပစ္စည်းများအား တရားခံနှင့်အတူ ဖမ်းဆီးရမိမှုဖြစ်ပါသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ (2022) “စီမံကိန်းပြီးမြောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ” နှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ(2022) ၏ “မဲခေါင် ဒေသဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ”ကို (၄-၃-၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် Hotel Max နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်း၊ ဗီယက်နမ်နှင့် ဂျပန်နိုင်ငံတို့မှ ပါမောက္ခများ၊ ကျွမ်းကျင်ပညာရှင် များနှင့် ကိုယ်စားလှယ်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သုတေသီများ တက်ရောက်ခဲ့ကြသည်။

(၃-၃-၂၀၂၅) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ဒေါက်တာသင်းသင်း(လက်ထောက်ညွှန်ကြားရေးမှူး၊ စီမံကိန်းနှင့်စာရင်းအင်းဌာန)က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပါသည်။ အစီအစဉ်အရ၊လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းသန်းထွန်းမှ ထိုင်းနိုင်ငံတွင်ပြုလုပ်သည့် သစ်တောမီးငြိမ်းသတ်ခြင်းသင်တန်းဆရာများအတွက် တတိယအကြိမ်သင်တန်းတက်ရောက်မှုအားလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်မေသူစိုးမှ လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့တွင်ပြုလုပ်သည့် တောမီးကြံ့ကြံ့ခိုင်နိုင်ခြင်း၊ ဒေသခံများ၏ လူမှုစီးပွါးနှင့် ဈေးကွက်ချိတ်ဆက်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်းအား ပြန်လည် ဆန်းစစ်သုံးသပ်ခြင်းဆိုင်ရာအစည်းအဝေး တက်ရောက်မှုအားလည်းကောင်းအသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ (၃၆) ကြိမ် မြောက် သစ်တော၊ သတ္တုနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သုတေသနစာတမ်း ဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၀၈:၃၀ နာရီတွင် သစ်တောသုတေသနဌာန၊ ရေဆင်း၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် သုတေသနစာတမ်းရှင်များ၏ ပိုစတာများ ပြသထားမှုကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ သုတေသနစာတမ်းရှင် အသီးသီးက ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက သုတေသနကဏ္ဍ/နယ်ပယ်အလိုက်အလေးထားဆောင်ရွက်ရမည့်အချက်များအားမှာကြားသည်။ အဆိုပါစာတမ်းဖတ်ပွဲဖွင့်ပွဲအခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အငြိမ်း စား သစ်တောအရာရှိကြီးများ၊ သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များ၊ Naypyitaw State Academy ၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ မိတ်ဖက်အဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ စာတမ်းရှင်များနှင့် သုတေသီများတက်ရောက်ကြသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ အာရှဒေသအဆင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း (AFoCO RETC) ၌ (၂၅.၂.၂၀၂၅) ရက်နေ့တွင် “မီးဘေးကာကွယ်ရေးနှင့် အရေးပေါ်မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း” သင်တန်းကျင်းပခဲ့ကြောင်းသိရှိရသည်။ အဆိုပါသင်တန်းသည် ပူပြင်းခြောက်သွေ့သော ရာသီတွင် သင်တန်း ကျောင်းဝန်ထမ်းများအနေဖြင့် စီမံကိန်းသင်တန်းကျောင်းနှင့် ဝန်ထမ်းအိမ်ရာများ အား မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်နိုင်စေရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းစဥ်များအား လေ့ကျင့်ဆောင်ရွက်ခြင်းဖြစ်ပြီး သင်တန်းသို့ AFOCO RETC သင်တန်းကျောင်းမှ ဝန်ထမ်း(၂၅) ဦး၊ CFDTC(မှော်ဘီ) မှ ဒုတိယညွှန်ကြားရေးမှူးအပါအဝင် (၁၀)ဦးနှင့် FRI(စခန်းအမှတ်-၉)မှ(၅)ဦး၊ စုစုပေါင်း(၄၀)ဦး တက်ရောက်ခဲ့ကာ သင်တန်းဆရာများအဖြစ် ဦးကျော်ခိုင်စိုး(မြို့နယ်မီးသတ်ဦးစီးမှူး၊ မီးသတ်ဦးစီးဌာန၊ မှော်ဘီမြို့)၊ ဦးသန်းထိုက်(ဒု-မီးသတ်ဦးစီးမှူး)၊ ဒေါ်စုစန္ဒီထွန်း(ဒု-မီးသတ်ဦးစီးမှူး)၊ ဦးသန့်ဇင်ဦး(လက်ထောက် မီးသတ်ဦးစီးမှူး)၊ ဦးမျိုးစည်သူ(တပ်ကြပ်ကြီး)၊ ဦးကျော်မင်းသန့် (တပ်ကြပ်)၊ ဦးစောဖရက်ရှက်ခ်(တပ်ကြပ်)၊ ဦးအောင်ကိုကိုနိုင်(ဒု-တပ်ကြပ်)၊ ဦးဟိန်းမင်းဇော် (တပ်သား)နှင့် ဦးစောဘိုဂေးဖိုး(တပ်သား)တို့မှ စာတွေ့၊ လက်တွေ့ ပို့ချပေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၇-၂-၂၀၂၅)ရက်နေ့မှ (၂၃-၂-၂၀၂၅) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၃၉.၈၅၀၂)တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၅.၄၇၉၃)တန်၊ သစ်မာ (၃၂.၁၆၆၂)တန်၊ အခြား (၆၆.၆၄၁၄)တန်၊ စုစုပေါင်း (၁၁၄.၂၈၆၉)တန်၊ ယာဉ်/ ယန္တရား (၆)စီး၊ တရားခံ (၂၃)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၁-၂-၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ်၊ လွှဲကြီးဘိနယ်၊ ပေါင်းလောင်း ကြိုးဝိုင်း အကွက်အမှတ် (၁၃၆)နှင့် (၁၇၃)အတွင်း၌ တရားမဝင်အခြားသစ်(၃၅)လုံး(၁၇.၉၅၉၈)တန်ပိုင်ရှင်မဲ့ဖမ်းဆီးရမိမှုဖြစ်ပါသည်။

(၂၄-၂-၂၀၂၅) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ AFoCOခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ဒေါ်ဖြူဖြူခိုင်(လက်ထောက်ညွှန်ကြားရေးမှူး၊ သဘာဝတောနှင့်စိုက်ခင်းလုပ်ငန်းဌာန)က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပါသည်။ အစီအစဉ်အရ၊ဦးစီးအရာရှိ ဒေါက်တာအေးချမ်းကိုကိုမှ ထိုင်းနိုင်ငံတွင်ပြုလုပ်သည့် ရေရှည်တည်တံ့သော သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှု အထောက်အကူပြုသစ်တောအခြေပြုကုထုံးများဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတက်ရောက်မှုအားလည်းကောင်း၊ ဦးစီးအရာရှိ ဦးငြိမ်းအောင်မှ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီယမ်ရိမြို့တွင်ပြုလုပ်သည့် (၄)ကြိမ်မြောက် အာရှဆင်ကျက်စားရာနိုင်ငံများဆိုင်ရာအစည်းအဝေး တက်ရောက်မှုအားလည်းကောင်းအသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရပါသည်။

Pages