Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၁-၃-၂၀၂၂)ရက်နေ့မှ (၂၇-၃-၂၀၂၂) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၉၃.၂၈၇၂)တန်ဖမ်းဆီးရမိခဲ့ ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၆၀.၈၈၂၀)တန်၊ သစ်မာ (၅၃.၄၆၇၈)တန်၊ အခြား (၁၃၃.၇၃၄၈)တန်၊ စုစုပေါင်း (၂၄၈.၀၈၄၆)တန်၊ တရားခံ (၃၉)ဦး၊ ယာဉ်/ ယန္တရား (၁၇)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၆-၃-၂၀၂၂ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပွဲကြီးဘိနယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် (၅၉/၃)မိုင်တံတားအနီးမှ တရားမဝင် ကျွန်း ခွဲခြမ်း/ခွဲသား/ဖရုံစိတ် (၅၂၅) ခြမ်း/ချောင်း/စိတ် (၂၂.၆၄၁၄)တန်၊ ယာဉ် (၄)စီး၊ တရားခံ (၇)ဦး ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၈.၃၂၄၆)တန်၊ သစ်မာ (၄၆.၉၄၇၉)တန်၊ အခြား (၁၀၇.၉၈၃၉)တန်၊ စုစုပေါင်း (၂၀၃.၂၅၆၄)တန်၊ တရားခံ (၃၈)ဦး၊ ယာဉ်/ ယန္တရား (၁၂)စီး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၉-၃-၂၀၂၂ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဘန့်ဘွေးကုန်းဘိနယ်၊ မြောက် ဇာမရီကြိုးဝိုင်း အကွက်အမှတ် (၆၀၊ ၇၅)အတွင်းမှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ ဘင်္ဂ/ ချဉ်ယုတ်/ နှော/ မြောက်ငို/ သဒီ သစ်လုံး/ ခွဲသား/ လုံးပတ်(၃)ပေအောက်သစ် (၂၀၂)လုံး/ချောင်း (၃၄.၃၇၀၆)တန်၊ ချိန်းဆော (၁)လက် တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိမှုဖြစ်ပါသည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၄-၃-၂၀၂၂)ရက်နေ့မှ (၂၀-၃-၂၀၂၂) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၁၀၈.၀၇၄၀)တန်ဖမ်းဆီးရမိခဲ့ ပါသည်။

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်သော သစ်တောဦးစီးဌာန ပြည်နယ်/ တိုင်းဒေသ ကြီးများ၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအပေါ် စိစစ်သုံးသပ်ချက် နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများ အောင်မြင်စွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၍ အမှာစကားပြောကြားပြီး ပြည်နယ်/တိုင်းဒေသကြီး တာဝန်ခံများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အခမ်းအနားအား (၂၁-၃-၂၀၂၂) ရက်နေ့၊ နံနက်ပိုင်း တွင် စုဝေးခန်းမ၊ သစ်တောသုတေသနဌာန၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။

မြန်မာနိုင်ငံသည် သစ်တောသယံဇာတများ အလွန်ကြွယ်ဝသောနိုင်ငံဖြစ်သည်။ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ၂၀၂၀ ခုနှစ် နိုင်ငံဧရိယာ၏ ၄၂.၁၉ ရာခိုင်နှုန်း သစ်တောများဖြင့် ဖုံးလွှမ်းလျှက်ရှိပြီး မတူကွဲပြားသော ဂေဟစနစ်အမျိုးမျိုးတွင် သစ်တော အမျိုးအစား စုံလင်စွာပေါက်ရောက်လျက်ရှိသည်။ မြန်မာနိုင်ငံ မြောက်ဖျားမှသည် တောင်ဖျား အထိ အအေးပိုင်း သစ်တောများ၊ ရွက်ပြတ်ရော နှောတောများ၊ အပူပိုင်းသစ်တောများ၊ အမြဲ စိမ်းတောများနှင့် ဒီရေတောများ စုံလင်စွာ ပေါက်ရောက်လျက်ရှိသည်။

အမျိုးသားသစ်တောကဏ္ဍနှစ်(၃၀)ပင်မစီမံကိန်းနှင့် ၂၀၁၅ ခုနှစ်၊ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၌ ကျင်းပပြုလုပ်သည့် ရာသီဥတုပြောင်းလဲမှုထိပ်သီးညီလာခံ အစည်းအဝေးတွင် ရာသီဥတု ပြောင်းလဲမှု ဖြစ်ပေါ်စေသော မှန်လုံအိမ်ဓါတ်ငွေ့လျှော့ချရေး မိမိဆန္ဒအလျှောက် ကတိကဝတ်အဖြစ် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံ့ဧရိယာ၏ (၃၀)ရာခိုင်နှုန်းကို ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောအဖြစ် လည်းကောင်း၊ (၁၀)ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် လည်းကောင်း ဖွဲ့စည်းသတ်မှတ်ရန် လျာထားချက်ထား၍ ဆောင်ရွက်လျက်ရှိပါသည်။

Pages