၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနက ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အခမ်းအနားကို (၂၁.၃.၂၀၂၅) ရက်နေ့၊ (နံနက် ၉:၃၀) နာရီတွင်မကွေးမြို့ ၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ Video Clip ပြသခြင်းဆောင်ရွက်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကခင်းကျင်းပြသထားသည် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ ပိုစတာများကို လှည့်လည်ကြည့်ရှုပါသည်။ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ မကွေးတိုင်း ဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း (၂၈၀)ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားကို နံနက်(၁၁:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အခမ်းအနားအား ကယားပြည်နယ်ခန်းမ၊ လွိုင်ကော်မြို့တွင် ၂၁.၃.၂၀၂၅ ရက် (၁၀:၃၀)အချိန်တွင် ကျင်းပခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဒ.က.စမှူး၊ တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များပါဝင်သည့် စုပေါင်းအင်အား (၁၅၉)ဦးဖြင့်ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားတွင် ကယားပြည်နယ်ဝန်ကြီးချုပ်မှ မိန့်ခွန်းပြောကြားခြင်း၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ video clip ပြသခြင်း၊ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်တကွတက်ရောက်လာသည့် ဧည့်သည်တော်ကြီးများမှ ခင်းကျင်းပြသထားသည့် ပိုစတာများအား လှည့်လှည်ကြည့်ရှုရာ ကယားပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးမှ မေးမြန်းသည်များကို ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင်ကျရောက်သည့်အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ်အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် မနက် (၀၉:၀၀)နာရီမှ (၀၉:၄၅)နာရီအချိန်အထိကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်များမှ သစ်တောဝန်ထမ်းများ စုစုပေါင်း ၁၅၀ ဦးခန့်မှတက်ရောက်ခဲ့ပါကြောင်း၊ အခမ်းအနား၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ ဂုဏ်ပြုအမှာစကားမြွက်ကြားခြင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန့်ဇော်ဦးမှ သစ်တောသစ်ပင်များနှင့် လူသားတို့၏ ကျန်းမာရေးခေါင်းစဉ်ဖြင့်တင်ပြဆွေးနွေးခြင်း၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် ဗွီဒီယိုပြသခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။

တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ၂၁..၃.၂၀၂၅ ရက်နေ့ ၊နံနက် ၀၈:၀၀နာရီတွင် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အခမ်းအနားကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပြည်နယ်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သစ်ပင်စိုက်သည့်NGO အဖွဲ့များ၊ ရှမ်းပြည်နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများစုစုပေါင်း (၃၇၄)ဦးတက်ရောက်ခဲ့ပါကြောင်းသိရှိရပါသည်။

"အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ "အထိမ်းအမှတ်အခမ်းအနားအား ၂၁.၃.၂၀၂၅ရက်နေ့၊ ၇:၀၀ နာရီအချိန်တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ မလိခ ခန်းမတွင်ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြပါသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အတွက်အဖွင့်အမှာစကားပြောကြားခြင်း၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ video clipအားပြသခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။

(၂၄-၃-၂၀၂၅) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ဒေါက်တာသိန်းဆောင်(လက်ထောက်ညွှန်ကြားရေးမှူး၊ စီမံကိန်းနှင့်စာရင်းအင်းဌာန)က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
အစီအစဉ်အရ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိန်ဝင်းထွန်း မှ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင်ပြုလုပ်သည့် ဥရောပ စိမ်းလန်းစိုပြည်ရေးနည်းပညာဆိုင်ရာ ဝန်ဆောင်မှု အဖွဲ့အစည်း၏ စီမံကိန်းကနဦး အလုပ်ရုံဆွေးနွေးပွဲတက်ရောက်မှုအားလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသိမ့်သိမ့်ထွန်းမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင်ပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အရ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုနှင့် မြို့ပြလေကြောင်း ဆက်သွယ်မှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ တက်ရောက်မှုအားလည်းကောင်း၊ ဦးစီးအရာရှိ ဦးဉာဏ်မြင့်အောင်မှ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် ဒေသခံအခြေပြုသစ် မဟုတ်သော သစ်တောထွက်ပစ္စည်းများဆိုင်ရာစီးပွါးရေးလုပ်ငန်းများအားလေ့လာရေးခရီးစဉ်အားလည်းကောင်းအသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရပါသည်။

မတ်လ ၂၁ ရက်နေ့တွင် ကျရောက်သော ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ်အခမ်းအနားကို ၂၁-၃-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

စားရေရိက္ခာဖူလုံရေးသည် မိသာစုတိုင်းအတွက် အခြေခံအကျဆုံး လိုအပ်ချက် တစ်ရပ်ဖြစ် သကဲ့သို့ နိုင်ငံတည်ငြိမ်ရေး၊ အေးချမ်းသာယာဝပြောရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်ရေးအတွက် အရေးအကြီးဆုံး လိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် စားရေရိက္ခာအမျိုးမျိုး ထုတ်လုပ်ရေးအတွက် နေ့စဉ်ကြိုးပမ်း လုပ်ကိုင်ဆောင်ရွက်လျှက်ရှိပါသည်။ စိုက်ပျိုးရေး အစားအစာစနစ်များ (Agrifood Systems) နှင့် သစ်တော ဂေဟစနစ်များ(Forest Ecosystems) သည် အစားအစာများ၊ ဇီဝလောင်စာများ ၊ သစ်တောထွက်ပစ္စည်းများ၊ စွမ်းအင်၊ ဆီထွက် သီးနှံများ၊ စားရေရိက္ခာများ စသည့် ထုတ်ကုန်များ ထုတ်လုပ်ရုံ သာမက အပန်းဖြေမှု၊ ယဉ်ကျေးမှု အပါအဝင် ဂေဟစနစ် ဝန်ဆောင်မှုအမျိုးမျိုးကို လူသားများနှင့် လူ့အဖွဲ့အစည်းအတွက် ဖြည့်ဆည်းပေးလျက်ရှိ ပြီး အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ "အစားအစာစနစ်" ဟူသော ဝေါဟာရတွင် အစားအစာထုတ်လုပ်ခြင်း၊ စီမံဆောင် ရွက်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် စားသုံးခြင်း တို့ ပါဝင်ပါသည်။ အစားအစာစနစ်များ မှန်ကန်ကောင်းမွန်ပါမှသာ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ရိုးရာ ယဉ်ကျေးမှု ဓလေ့များနှင့် ပတ်ဝန်းကျင်အပေါ်တွင် ကောင်းကျိုး သက်ရောက်မည်ဖြစ်သည်။ အစားအသောက် ဘေးကင်း ရေး သည် လူ့အသက်ပေါင်း များစွာကို ကယ်တင်နိုင်ပြီး စားရေရိက္ခာဖူလုံမှုအတွက် အရေးပါသော အစိတ်အပိုင်း တစ်ခုသာမက အစားအသောက်ကြောင့်ဖြစ်သော ရောဂါများကို လျှော့ချရာ တွင်လည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။

Pages