Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၅၁.၈၂၁၃)တန်၊ သစ်မာ (၁၀.၆၄၀၆)တန်၊ အခြား (၅၃.၃၂၃၆)တန်၊ စုစုပေါင်း (၁၁၅.၇၈၅၅)တန်၊ တရားခံ (၄၁)ဦး၊ ယာဉ်/ ယန္တရား (၃၃)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၂-၅-၂၀၂၂ ရက်နေ့ ရခိုင် ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ရွှေလှေဘိနယ်၊ ရွှေလှေကြိုးပြင်ကာကွယ်တော အကွက်အမှတ် (၁၅)အတွင်းမှ တရားမဝင် တောင်သရက် သစ်လုံး/ခွဲသား/လုံးပတ် (၃)ပေအောက်သစ် (၁၂၄)လုံး/ချောင်း (၂၄.၆၅၈၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၄.၈၉၆၂)တန်၊ သစ်မာ (၂၁.၇၁၆၄)တန်၊ အခြား (၁၀၀.၉၇၈၄)တန်၊ စုစုပေါင်း (၁၄၇.၅၉၁၀)တန်၊ တရားခံ (၂၃)ဦး၊ ယာဉ်/ ယန္တရား (၁၀)စီး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၂၇-၄-၂၀၂၂ ရက်နေ့ ရခိုင် ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ မြို့မဘိနယ်၊ သံတွဲ-ကင်းသေကျွန်းကားလမ်းနှင့် သံတွဲ-တောင်ကုတ်ကားလမ်းနေရာတို့မှ တရားမဝင် တောင်သရက်/ ကောင်းမှု/ ပိန္နဲဖို သစ်လုံး/ခွဲသား/ခြမ်း (၁၀၇)လုံး/ချောင်း/ခြမ်း (၃၁.၁၈၉၂)တန်၊ ယာဉ် (၆)စီးနှင့် တရားခံ (၁၀)ဦး တို့အား ဖမ်းဆီးရမိမှုဖြစ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၅-၄-၂၀၂၂)ရက်နေ့မှ (၁-၅-၂၀၂၂) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၃၈.၆၄၆၈)တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၉၃.၈၀၀၈)တန်၊ သစ်မာ (၄၈.၈၃၁၂)တန်၊ အခြား (၃၉.၄၇၀၈)တန်၊ စုစုပေါင်း (၁၈၂.၁၀၂၈)တန်၊ တရားခံ (၂၇)ဦး၊ ယာဉ်/ ယန္တရား (၁၇)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၁၉-၄-၂၀၂၂ ရက်နေ့အထိ ပဲခူး တိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းဘိနယ်၊ မြို့ချောင်း ကျေးရွာမှ(၂)မိုင်ခန့်အကွာ၊ ဂွေးကုန်းရွာသွားမြေသားလမ်းနှင့် မြို့ချောင်းကျေးရွာမှ (၄)မိုင်ခန့်အကွာ၊ ကြက်တူရွေးကုန်း နေရာတို့မှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ အခြားခွဲသား (၆၁၀)ချောင်း (၃၈.၉၃၆၀)တန်၊ ယာဉ်(၁)စီးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိမှုဖြစ်ပါသည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၈-၄-၂၀၂၂)ရက်နေ့မှ (၂၄-၄-၂၀၂၂) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၁၀၇.၆၁၄၄)တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၉၁.၆၃၁၄)တန်၊ သစ်မာ (၁၁၂.၇၆၈၆)တန်၊ အခြား (၃၀၉.၂၇၆၅)တန်၊ စုစုပေါင်း (၆၁၃.၆၇၆၅)တန်၊ တရားခံ (၄၃)ဦး၊ ယာဉ်/ ယန္တရား (၂၇)စီး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၄-၄-၂၀၂၂ မှ ၆-၄-၂၀၂၂ ရက်နေ့ အထိ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဇောင်းတူ(၂)ဘိနယ်၊ တောင်ဇာမရီ ကြိုးဝိုင်း အကွက်အမှတ် (၆၂၊ ၆၃၊ ၇၈၊ ၉၈၊ ၉၉) တို့အတွင်းမှ တရားမဝင် ကျွန်း/ ပျဉ်းကတိုးခွဲသား (၂၉၉)ချောင်း (၃၄.၀၆၀၈)တန်အား စစ်ကြောင်းအသွင်ဖြင့် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၄-၄-၂၀၂၂)ရက်နေ့မှ (၁၇-၄-၂၀၂၂) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၃၀၂.၃၀၃၉)တန်ဖမ်းဆီးရမိခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောသယံဇာတများ‌ ရေရှည်တည်တံ့စေရေးအတွက် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်နယ်/ တိုင်းဒေသကြီး အသီးသီးတွင် သစ်တောများပြန်လည်တည်ထောင်ခြင်းအစီအစဉ်ကို ၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၂၆-၂၀၂၇ ခုနှစ်အထိ(၁၀)နှစ် စီမံကိန်းရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး သစ်ထုတ်လုပ်မှုကိုလည်း နှစ်စဉ်ထုတ်လုပ်နိုင်မည့် ပမာဏ(Annual Allowable Cut-AAC) ဘောင်အတွင်းမှ လျှော့ချထုတ်လုပ်ရန် လျာထားဆောင်ရွက်ရှိပါသည်။ နိုင်ငံပိုင်သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး ဦးတည်လျက် ၂၀၂၁-၂၀၂၂ ခုနှစ်(၆)လ ဘဏ္ဍာနှစ်ကာလတွင် သစ်ထုတ်လုပ်မှုရပ်နားခဲ့ပြီး ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်လည်း ကျွန်း/သစ်မာ လျာထားထုတ်လုပ်မှုအား ထပ်မံ၍ တစ်နှစ်ရပ်နားလိုက်ကြောင်း အမိန့်ကြော်ငြာစာအမှတ် ၆၅/၂၀၂၂ (၁၃၈၃ ခုနှစ် တန်ခူးလဆန်း ၅ ရက်၂၀၂၂ ခုနှစ် ဧပြီ ၅ ရက်) တွင်ကြေညာလိုက်သည်။

Pages