Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

နိုင်ငံပိုင်ကျောက်မျက်ရတနာများကို သားစဉ်မြေးဆက် ရေရှည်သုံးစွဲနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့ အတွက် လုံးခင်း၊ ဖားကန့် ရတနာနယ်မြေနှင့် မော်လူး၊ မော်ဟန် ရတနာနယ်မြေတို့ရှိ ကျောက်စိမ်းရိုင်းတူးဖော်၊ ထုတ်လုပ်မှုလုပ်ငန်းများကို ဆက်လက်တူးဖော်ထုတ်လုပ်ခွင့်မပြုပါကြောင်း ၁၃၈၃ ခုနှစ် တန်ခူးလဆန်း ၁ ရက် ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်တွင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ အသိပေး ကြေညာ အပ်ပါသည်။

တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ) ကျားပြကွက်တွင် မွေးမြူပြသထားရှိသော ကျား (အထီး) (၃) ကောင်၊ (အမ)(၄)ကောင်၊ စုစုပေါင်း(၇)ကောင် မွေးမြူပြသထားသည့် အနက် အသက် (၈)နှစ်အရွယ်ရှိ ကျား(အထီး)ထူးအောင်နှင့် အသက်(၁၂)နှစ်အရွယ်ရှိ ကျား(အမ)ရိုစီတို့အား မျိုးပွားသားစပ်ခြင်းကို ဆောင်ရွက်ခဲ့ရာ အောင်မြင်ခဲ့ပြီး ၉-၃-၂၀၂၂ ရက်နေ့တွင် ကျား(၁)ကောင်အား ပေါက်ပွားခဲ့ပါကြောင်း၊ ကျားပေါက်ငယ်မှာ ပေါက်ပွားပြီး (၅)နာရီခန့်အကြာတွင် မိခင်နို့သောက်စို့ခဲ့ပါကြောင်းနှင့် Safe Time ကာလမှာ (၃)လဖြစ်ပြီး မိခင်ကျားမကြီးနှင့်ကျားပေါက်ငယ်မှာ ကျန်းမာလျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၈-၃-၂၀၂၂)ရက်နေ့မှ (၃-၄-၂၀၂၂) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၁၅၆.၆၅၀၄)တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၄၂.၂၀၅၄)တန်၊ သစ်မာ (၅၈.၅၀၀၀)တန်၊ အခြား (၁၀၃.၃၁၇၈)တန်၊ စုစုပေါင်း (၃၀၄.၀၂၃၂)တန်၊ တရားခံ (၂၁)ဦး၊ ယာဉ်/ ယန္တရား (၁၈)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၁-၄-၂၀၂၂ ရက်နေ့တွင် နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ဇေယျာသီရိအားကစားကွင်း ဝင်ပေါက်အနီးနှင့် ဆာဖာရီဥယျာဉ်ဝင်ပေါက်အနီးတို့မှ တရားမဝင် ပိတောက်ခွဲသား (၃၆၈)ချောင်း (၃၁.၄၄၂၀)တန်၊ ယာဉ် (၂)စီးအားပိုင်ရှင်မဲ့ဖမ်းဆီးရမိမှုဖြစ်ပါသည်-

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှ်၊ စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် သစ်တောဥပဒေ ပုဒ်မ(၆)၊ ပုဒ်မခွဲ(င)အရ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း(၁,၆၈၉)ဧကရှိသောနယ်မြေကို “နန်ချိုကြိုးပြင်ကာကွယ်တောအပိုင်း(၃)” အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၆၄/၂၀၂၂)အရ ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက်(၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် သစ်တောဥပဒေ ပုဒ်မ(၆)၊ ပုဒ်မခွဲ(င) နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၇,၉၂၇)ဧကရှိသောနယ်မြေကို “နန်ချိုကြိုးပြင်ကာကွယ်တောအပိုင်း(၂)” အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၆၃/၂၀၂၂)အရ ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက်(၂၀၂၂ခုနှစ်၊ ဧပြီလ ၁ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် သစ်တောဥပဒေ ပုဒ်မ(၆)၊ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော အခွင့်အာဏာများကိုကျင့်သုံး၍ ရန်ကုန်တိုင်းဒေသ ကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၈,၄၉၂) ဧကရှိသောနယ်မြေကို “ဘိတ်သိတ်-မဟာ-သာသာ ဒီရေတော ကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့် ကြော်ငြာစာအမှတ်(၆၂/၂၀၂၂)အရ ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက်(၂၀၂၂ခုနှစ်၊ ဧပြီလ ၁ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် သစ်တောဥပဒေ ပုဒ်မ(၆)၊ပုဒ်မခွဲ(င)အရအပ်နှင်းထားသောအခွင့်အာဏာများကိုကျင့်သုံး၍ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း(၉,၂၇၄.၃၈) ဧကရှိသောနယ်မြေကို “အစိမ်းရောင်တံတိုင်း ဒီရေတော ကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့် ကြော်ငြာစာအမှတ်(၆၁/၂၀၂၂)အရ ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက်(၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

Pages