၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၂၆-၇-၂၀၁၉ ရက်နေ့တွင် စစ်ရေယာဉ်(၅၆၆)မှ ဗိုလ်မှူးထွန်းထွန်းလတ်(ရေ-၄၂၀၁)ဦးစီးအဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ အနောက်စူဠာကျွန်းအနောက်ဘက်ရေပြင်တွင် စက်လှေ(၁)စီးပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၄၅၉၄)ချောင်း (၃၄.၅၀၄၆)တန်အား တရားခံ(၆)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၃၀-၇-၂၀၁၉ ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ သစ်တောဦးစီးဌာနသို့ လွှဲအပ်လာပါသဖြင့် တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင်အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၃၀-၇-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ကြီး)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်(ပူးတွဲ) ပင်လောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ကလောမြို့နယ်(ပူးတွဲ) ပင်လောင်းမြို့နယ်၊ ပင်လောင်း-ပျဉ်းမနားသွားကားလမ်း၊ မိုင်တိုင် အမှတ်(၄၇/၁)နှင့် (၄၇/၂) ကြားရှိတောတွင်းနေရာ ယာဉ်(၂)စီးပေါ်မှ တရားမဝင် ပိတောက်စကွဲယား (၁၁)တုံး (၂.၁၇၃၄)တန် အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၂၉-၇-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ ပါဝင်သောအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ခပေါင်ကြိုးဝိုင်းအကွက်(၆၁) နှင့် ဖြူးကွန်းကြိုးဝိုင်းအကွက်(၄၈)တို့အတွင်း တရားမဝင် ကျွန်း(၄၇) လုံး/ခွဲသား/ခွဲခြမ်း (၉.၄၆၆၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၂၉-၇-၂၀၁၉ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ ပါဝင်သောအဖွဲ့သည် လယ်ဝေးမြို့နယ်၊ ပလွေး ကြိုးဝိုင်းအကွက်(၉၇)အတွင်း တရားမဝင် တောင်ပိန္နဲ/သံသေခွဲသား (၈၆)ချောင်း (၁၁.၈၅၃၆) တန် အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

ဦးစီးရုံးချုပ်၏ ချပြသတင်းအရ ၂၉-၇-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ဉသျှစ်ပင်မှ ကံမနယ်စပ်မိုင်တိုင် (၁၄၆/၅)အထိ ပုသိမ်-မုံရွာလမ်း ဝဲယာတစ်လျောက်နှင့် ရေကျော်ပေါက် မိုင်တိုင်(၁၄၀/၄)မှ အနောက်ဖက်(၁) မိုင် ခန့်အကွာ သနီချောင်းဘေးနေရာတစ်ဝိုက်တွင် တရားမဝင် ကျွန်း/ပိတောက်ခွဲသားဆိုဒ်စုံ (၂၉၈) ချောင်း (၅၀.၅၄၉၄))တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၉၅.၃၉၀၀)တန်၊ သစ်မာ(၃၆.၅၉၂၈)တန်၊ အခြား (၂၅၀.၁၉၄၈)တန်၊ စုစုပေါင်း(၃၈၂.၁၇၇၆)တန်၊ တရားခံ(၆၉)ဦး၊ ယာဉ်/ယန္တရား(၃၅)စီး ဖမ်းဆီးရမိခဲ့ပါသည်နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၉၅.၃၉၀၀)တန်၊ သစ်မာ(၃၆.၅၉၂၈)တန်၊ အခြား (၂၅၀.၁၉၄၈)တန်၊ စုစုပေါင်း(၃၈၂.၁၇၇၆)တန်၊ တရားခံ(၆၉)ဦး၊ ယာဉ်/ယန္တရား(၃၅)စီး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက်များဆုံးဖမ်းဆီးရမိမှုမှာ ၂၆-၇-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသ ကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ မိုးတားဘိနယ်၊ အထက်ဝဲကြီးရွာဟောင်းအနီးမှ တရားမဝင် ကညင်သစ် (၅၇)လုံး (၁၁၃.၃၀၂၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်။

၂၅-၇-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဗန်းမောက်မြို့နယ်၊ ကံတော်ရွာ တောင်ဘက်(၃)မိုင်ခန့်အကွာတွင် တရားမဝင် ကျွန်း(၃၉၄)လုံး/ချောင်း (၁၈.၃၃၅၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

သစ်တောဦးစီးရုံးချုပ်၏ ချပြသတင်းအရ ၂၇-၇-၂၀၁၉ နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်း မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ပုသိမ် - မုံရွာ ကားလမ်း ဘေး ရောင်ကြီးကျေးရွာအရှေ့ဘက် (၄) ဖာလုံခန့် အကွာနေရာတွင် တရားမဝင်ကျွန်းခွဲသား (၁၉)ချောင်း (၁.၆၅၉၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော် ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင် ရေးစီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

Pages